• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»စစ်ကြောင်းဝင်ရောက်ပြီးနောက် ကော့ဘိန်းနှင့်ကော့ပလိုင်ဒေသခံ ၆ ဦးသတ်ဖြတ်ခံထားရ
နေ့စဉ်သတင်း

စစ်ကြောင်းဝင်ရောက်ပြီးနောက် ကော့ဘိန်းနှင့်ကော့ပလိုင်ဒေသခံ ၆ ဦးသတ်ဖြတ်ခံထားရ

thanlwinkhetBy thanlwinkhetApril 29, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

စစ်ကြောင်းဝင်ရောက်ပြီးနောက် ကော့ဘိန်းနှင့်ကော့ပလိုင်ဒေသခံ ၆ ဦးသတ်ဖြတ်ခံထားရ
*****

သဇင်
ဧပြီ ၂၉၊ ၂၀၂၄။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းထွက်ခွာသွားပြီးနောက် သတ်ဖြတ်ခံထားရသော ဒေသခံရုပ်အလောင်း ၆ လောင်းခန့်တွေ့ရှိခဲ့သည် ဟု ဒေသခံများထံကသိရသည်။

တော်လှန်ရေးပူးပေါင်းအဖွဲ့များက ကော့ဘိန်းနယ်မြေရဲစခန်းကိုတိုက် ခိုက်သိမ်းပိုက်ပြီးနောက် ဧပြီလ ၂၅ ရက်၊ မနက်ပိုင်းတွင် စစ်ကောင်စီအင်အား ၃၀၀ ခန့်ဖြင့် ကော့ဘိန်းရွာတွင်း စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်။

ထိုသို့စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာလမ်းတလျှောက်တွေ့ရှိသူများကို ဖမ်းဆီးရိုက်နှက်မှုများလုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ယင်းနောက် ဧပြီလ ၂၅ ရက်ညနေပိုင်းတွင် စစ်ကြောင်းပြန်ဆုတ်ခဲ့ပြီး စစ်ကြောင်းပြန်လည်ဆုတ်ခွာရာလမ်းရှိ ကော့ဘိန်းနှင့် ကော့ပလိုင်ရွာရှိ ဒေသခံ ၆ ဦးကိုသတ်ဖြတ်ခဲ့သည်ဟု စစ်ရေးနီးစပ်သူ ၁ ဦးက သံလွင်ခက်ကို ပြောသည်။

“စစ်ကြောင်းက မနက်ပိုင်း၀င်လာပြီး ညနေပိုင်း အကုန်ပြန်ထွက်သွားကြတယ်။ ကော့ပလိုင်မှာတော့ ၄ လောင်း တွေ့ရတယ်။ ၃ လောင်းက ကော့ပလိုင်ရွာသား။ နောက် ၁ လောင်းက ဘယ်ရွာကလူလည်းတော့မသိဘူး။ ပြီးတော့ ကော့ဘိန်းစျေးတန်းမှာ ၁ လောင်း အလောင်းကပုပ်နေပြီ။ ရွာအပြင်မှာ ၁ လောင်းတွေ့ရတယ်”ဟု ဆို သည်။

လက်ရှိတွင် ကော့ဘိန်းရွာရှိဒေသခံများ နေရပ်မပြန်နိုင်သေးသည့်အပြင် နယ်မြေရှင်းလင်းရေးမလုပ်ဆောင်ရသေးသည့်အတွက် သေဆုံးသူများထပ်ရှိနိုင်သေးသည်ဟုလည်း ၎င်းကဆိုသည်။

ယင်းအပြင် ကော့ဘိန်းနှင့် ကော့ပလိုင်ရွာနေအိမ်များရှိ တန်ဖိုးရှိပစ္စည်းများနှင့် ဆိုင်ကယ်များကိုလည်း အဆိုပါ စစ်ကြောင်းက ယူဆောင်သွားသေးသည်ဟု ဒေသခံအမျိုးသား ၁ ဦးက ပြောသည်။

၎င်းက “အိမ်တွေဖောက်ခံရတယ်။ တန်ဖိုးရှိပစ္စည်း အများကြီးပျောက်တယ်။ အများဆုံး သူတို့ယူသွားတာဆိုရင် ရွာထဲကဆိုင်ကယ်တွေပါ။ ကော့ပလိုင်ရွာနဲ့ ကော့ဘိန်းရွာကနေ ယူခံထိတာ ဆိုင်ကယ်အစီး ၂၀၀ ပျောက်ဆုံးသွားပါတယ်” ဟုဆိုသည်။

ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ပြီးခဲ့သည့် မတ်လ ၂၅ ရက်တွင်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်သား ၂ ဦးသေဆုံးကာ ၂၃ ဦး အရှင်ဖမ်းဆီးမိခဲ့ပြီး လက် နက်အများအပြားလည်း သိမ်းဆည်းရရှိခဲ့သည်။

ဓာတ်ပုံ – Crd
ပုံစာ – စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီးနောက် ကော့ဘိန်းကျေးရွာမြင်ကွင်း။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြဝတီစစ်ပွဲက နယ်စပ်ကုန်သွယ်ရေးအပေါ် အကြီးအကျယ်ထိခိုက်
Next Article အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားများ ပြဿနာများစွာရင်ဆိုင်နေရ
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.