MoU မြန်မာလုပ်သားများ ဧပြီလကုန်တွင်ထွက်ခွာရန် ထိုင်းအစိုးရသတိပေး
*****
သံလွင်ခက်
ဧပြီ ၂၂၊ ၂၀၂၄။
ထိုင်းနိုင်ငံကို MoU ဖြင့်လာရောက်ပြီး အလုပ်လုပ်ကိုင်နေကြသည့် သက်တမ်း ၄ နှစ်အောက် ရွှေ့ပြောင်းလုပ်သားများ ယခုဧပြီ နောက်ဆုံးထားထွက်ခွာကြရန် ထိုင်းအစိုးရက သတိပေးချက်ထုတ်ပြန်လိုက်သည်။
အဆိုပါသတိပေးထုတ်ပြန်ချက်ကို ထိုင်းအစိုးရက ယမန်နေ့ ဧပြီလ ၂၁ ရက်တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ကနေ ထိုင်းနိုင်ငံကို MoU ဖြင့်လာရောက်၍အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းလုပ်သားများသည် ၎င်းတို့အလုပ်လုပ်ပိုင်ခွင့်သက်တမ်း ၄ နှစ်ပြည့်သွားပြီဖြစ်၍ ယခုလဧပြီ ၃၀ ရက်နောက်ဆုံးထားထွက်ခွာရန်နှင့် ညွှန်ကြားချက်အတိုင်းမလိုက်နာပါက အရေးယူခံရမည်ဖြစ်သည်ဟု ထိုင်း အစိုးရ၏ ဒုတိယပြောရေး ဆိုခွင့်ရှိသူ Kharom Polpornklang က ပြောသည်။
ထိုင်းအလုပ်ရှင်များသည် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံကအလုပ် သမားများကို နားလည်မှုစာချွန်လွှာ – MoU ဖြင့် ၄ နှစ်ငှားရမ်းခဲ့ပြီး အဆိုပါငှားရမ်းခွင့်သက်တမ်းက ပြီးခဲ့သောဇန်နဝါရီလတွင်ပင် ကုန်ဆုံးခဲ့ပြီးလည်း ဖြစ်သည်။
အဆိုပါအိမ်နီးချင်း ၃ နိုင်ငံကရွှေ့ပြောင်းအလုပ်သမားများ အချိန်မဆိုင်းဘဲ ထိုင်းနိုင်ငံတွင်းပြန်လည်ဝင်ရောက်ကာ အလုပ်လုပ်ကိုင်ခွင့်ရနိုင်ရန် ထိုင်းနိုင်ငံ ၏အလုပ်သမားဝန်ကြီးဌာနက သက်ဆိုင်ရာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေ သည်ဟု Kharom ကပြောသည်။
ထုတ်ပြန်ချက်တွင်အကျုံးဝင်သော ရွှေ့ပြောင်းလုပ်သားများသည် နီးစပ်ရာနယ်စပ်ဂိတ်ပေါက်များကထွက်ခွာနိုင်ပြီး သက်ဆိုင်ရာအလုပ်ရှင်များက ထိုင်းအစိုးရထံ လိုအပ်သောစာရွက်စာတမ်းများတင်သွင်းပြီးပါက ထိုင်းနိုင်ငံတွင်း အမြန်ဆုံးပြန်လည်ဝင်ရောက်နိုင်သည်ဟု ၎င်းကပြောသည်။
Ref: The Nation
ဓာတ်ပုံ – The Nation