• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»မြဝတီ အမှတ် ၂ တံတားအနီးသို့ ယနေ့နံနက်အထိ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်
တိုက်ပွဲသတင်း

မြဝတီ အမှတ် ၂ တံတားအနီးသို့ ယနေ့နံနက်အထိ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

thanlwinkhetBy thanlwinkhetApril 21, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မြဝတီ အမှတ် ၂ တံတားအနီးသို့ ယနေ့နံနက်အထိ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်
**************************
နန်းဆုပန်ခန့်
ဧပြီ ၂၁၊ ၂၀၂၄။

ထိုင်း – ကရင်နယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လေယာဉ်ဖြင့် လာရောက် ဗုံးကြဲမှုများ ယနေ့မနက်အထိ လုပ်‌ဆောင်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

ဧပြီလ ၂၀ မနက်သန်းခေါင်ချိန်မှစ၍ ည ၁၀ နာရီကျော်အထိ လေကြောင်း ‌ဗုံးကြဲတိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်ခဲ့သည့်အပြင် နှစ်နာရီနီးပါးသာ နား၍ ဧပြီ ၂၁ ရက် မနက် ၁၂ နာရီ‌ ကျော်မှ စတင်ကာ ထပ်မံဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ကေအဲန်ယူဗဟို၏ ယနေ့ မနက်ထုတ်ပြန်ချက်တွင်လည်း ဧပြီ ၂၁ ရက် နံနက် ၄ နာရီအချိန်ခန့်တွင် အမှတ် ၂ တံတား ဝဲယာ‌၌ ရှေ့၊နောက် လေယာဉ် ၄ စီး ဆက်တိုက်လာရောက်၍ ဗုံး ၁၂ လုံးအထိ ကြဲချသွားခဲ့သည်ဟု ပါရှိသည်။

မြေပြင်ရဲဘော်တစ်ဦးက “ ဒီမနက်လည်း လေယာဉ်လာသွားသေးတယ်။ ပတ်ကြဲတာ“ ဟု သံလွင်ခက်ကို အတည်ပြု ပြောသည်။

ယမန်နေ့ ဧပြီလ ၁၉ ရက်ည ၇ နာရီဝန်းကျင်ခန့်တွင် တံတား ၂ အနီးရှိ ခလရ – ၂၇၅ မှ ထွက်ပြေးလာသည့် လက်နက်မချသေးသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ရှိရာကို ကရင်ပူးပေါင်းတပ်ဖွဲ့ဘက်မှ ဒရုန်းဖြင့် ဗုံးချပြီး‌နောက် နှစ်ဖက် ထိတွေ့တိုက်ပွဲ ပြန်လည် စတင်ခဲ့သည်။ ဧပြီ ၂၀ တစ်ရက်လုံးတွင် စစ်ကောင်စီဘက်မှ Y-12 လေယာဉ်၊ Mi-35 ရဟတ်ယာဉ်၊ ဂျက်ဖိုက်တာများဖြင့် အဆက်မပြတ် ပစ်ကူပေးခဲ့သည်။

ယမန်နေ့ ဧပြီ ၂၀ ရက် နံနက် ၈ နာရီကျော်အချိန်တွင် ထိုစစ်ကောင်စီတပ်သားများအား ပစ်ခတ်ခဲ့ပြီး နယ်မြေရှင်းလင်းရန် လုပ်သော်လည်း စစ်တပ်ဘက်မှ ယနေ့အချိန်အထိ လေကြောင်းသုံး တိုက်ခိုက်နေဆဲရှိသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်သောကြောင့် ပူးပေါင်းတပ်ဖွဲ့စစ်ကြောင်းဖြစ်သည့် ကျားသစ်နက်မှ ရဲဘော်တစ်ဦး ကျဆုံးပြီး စစ်ကောင်စီတပ်ဘက်မှလည်း သေဆုံးမှုများ ရှိကြောင်း ကနဦး သိရသည်။

အမှတ် ၂ တံတားအနီးရှိ ပြည်သူများသည် ဧပြီ ၂၀ ရက်မှစတင်၍ ထိုင်းနိုင်ငံဘက်ခြမ်းနှင့် မြဝတီဘက်ခြမ်း သောင်းရင်းမြစ်အနီးသို့ ဘေးလွတ်ရာပြောင်းရွှေ့လျက်ရှိပြီး စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများကြောင့်လည်း နေအိမ်၊ အဆောက်အဦးနှင့် ပြည်သူလူထု ထိခိုက်မှုများလည်း ရှိခဲ့သည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မြဝတီဘက်ခြမ်းမှ သောင်းရင်းမြစ်ဖြတ်ကူးနေ‌ရသော ဒေသခံ စစ်ဘေးရှောင်များ (သံလွင်ခက်)

Author

  • thanlwinkhet
    thanlwinkhet
    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် ၁ မြန်မာဘက်မှ အထွက် ယာယီပိတ်
Next Article စစ်ကောင်စီလက်နက်ကြီးကြောင့် KNA တပ်ဖွဲ့ဝင် နှစ်ဦးနှင့် ဒေသခံအမျိုးသမီး တစ်ဦး သေဆုံး
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.