ညောင်ဦးမြို့နယ် ပျူစောထီးများ စုဝေးနေသည့် နေရာအား အထူးချေမှုန်းရေးတပ် ဝင်စီးနင်း
*************
သဇင်
ဧပြီ ၂၀၊ ၂၀၂၄။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာအနီးရှိ ပြည်သူ့ရေစင်ရုံးအတွင်း စုဝေးနေသည့် ပျူစောထီးများကို ညောင်ဦးမြို့နယ် အထူးချေမှုန်းရေးတပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ယမန်နေ့ ဧပြီလ ၁၉ ရက် ညနေ ၅ နာရီခွဲခန့်တွင် တောပြားကျေးရွာရှိ ပျူခေါင်းဆောင် တိုင်းကျော်နှင့် သူ၏ အပေါင်းအပါ ပျူစောထီးများ နေထိုင်ရာ နေရာအား ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု ညောင်ဦးမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“သူတို့ စုပြီး ဖဲရိုက်နေတဲ့ အချိန် ဝင်စီးတာပေါ့။ ပျူ ၃ ကောင် သေပြီးတော့ ၂ ကောင် ဆေးရုံ ရောက်နေတယ်” ဟု ၎င်းက ဆိုသည်။
ပျူခေါင်းဆောင် တိုင်းကျော်သည် စစ်ထွက် တစ်ဦး ဖြစ်ပြီး မန္တလေးတိုင်း ညောင်ဦးမြို့နယ် ငါ့သရောက်နယ်မြေတကြောတွင် ပြည့်သူ့စစ် ထမ်းဆောင်ရန် အတင်းအဓမ္မ ခိုင်းစေနေသူဖြစ်ပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦးလည်း ဖြစ်သည့်အတွက် တိုက်ခိုက်ရခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။
“သူဒလန်လုပ် သတင်းပေးလို့ ကျွန်တော်တို့ ရဲဘော်တွေ အဖမ်းခံရတာ ရှိတယ်။ ကျွန်တော်တို့ ရဲဘော်တွေ အသက်ပေးလိုက်ရတာ ရှိပါတယ်။ ကျွန်တော်တို့ ယာယီစခန်း တစ်ခုလည်း သူ့ကြောင့် စီနင်းခံလိုက်ရဖူးပါတယ်” ဟု ညောင်ဦးမြို့နယ် ပကဖ တာဝန်ရှိသူက ဆိုသည်။
အဆိုပါ စစ်ဆင်ရေးအား ပုဂံပြည် ဘီလူးတပ် (ညောင်ဦးမြို့နယ် ပကဖ)၊ ရန်ကြီးအောင်ပြောက်ကြားတပ်၊ ညောင်ဦးခရိုင် တပ်ရင်း ၅ တပ်ခွဲ ၁၊ ညောင်ဦးခရိုင် တပ်ရင်း ၅ တပ်ခွဲ ၂ (ရဲဘော်ညီနောင် ပြောက်ကြားတပ်) တို့မှ ပူးပေါင်းလေ့ကျင့်ဖွဲ့စည်းထားသော ညောင်ဦးမြို့နယ် အထူး ချေမှုန်းရေးတပ် (ပုဂံ စစ်သည်) မှ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
ပုံစာ-ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
ဓာတ်ပုံ-ပေးပို့။