• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ရာမညမွန်တပ်နှင့် မဟာမိတ်များ ဝင်တိုက်ခိုက်
  • ရဲဘော်နိုင်မင်း(သို့)တိုက်ပွဲခေါ်သံကြားက မျှားတစ်စင်း(ဆောင်းပါး)
  • စစ်ဒေသ (၁) လေးနှစ်ပြည့်နေ့တွင် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တင်းမာမှုဖြစ်နိုင်ခြေရှိ၍ ထိုင်းအာဏာပိုင်များ ရေအမြောက်ကားများ ကြိုတင်ချထား
  • နယ်စပ်၌ ARSA နှင့် RSO အန္တရာယ်ရှိနေ၍ လုံခြုံရေး တိုးမြှင့်မည်ဟု AA ထုတ်ပြန်
  • စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကူညီမည်ဟု DKBA အဖွဲ့တစ်ခု ထုတ်ပြန်
  • မွန်လက်နက်ကိုင်နှစ်ဖွဲ့ မဟာမိတ်ဖွဲ့၊ စစ်အာဏာရှင်စနစ်ကို ပူးပေါင်းတိုက်ထုတ်မည်
  • မောင်တောနယ်စပ် လူပြတ်သည့်နေရာများသို့ တစ်ဦးတည်း သွားလာခြင်းမပြုရန် AA သတိပေး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»စစ်တပ်ဖမ်းဆီးထားသည့် ကချင်ဘာသာရေး‌ခေါင်း‌ဆောင် ပြန်လွတ်
နေ့စဉ်သတင်း

စစ်တပ်ဖမ်းဆီးထားသည့် ကချင်ဘာသာရေး‌ခေါင်း‌ဆောင် ပြန်လွတ်

thanlwinkhetBy thanlwinkhetApril 18, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

စစ်တပ်ဖမ်းဆီးထားသည့် ကချင်ဘာသာရေး‌ခေါင်း‌ဆောင် ပြန်လွတ်
******************
ထွယ်
ဧပြီ ၁၇၊ ၂၀၂၄။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး ပုဒ်မ သုံးခုဖြင့် ထောင်ဒဏ်‌ ခြောက်နှစ် ချမှတ်ခံထားရသည့် ကချင်ဘာသာရေးဆရာ သိက္ခာတော်ရ ဒေါက်တာခလမ်ဆမ်ဆွန် ယနေ့ ပြန်လည်လွတ်မြောက်လာပြီဟု သိရသည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် မန္တလေး တံတားဦးလေဆိပ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် တစ်နှစ်ခွဲခန့် အကြာတွင် ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ဒေါက်တာခလမ်ဆမ်ဆွန်ကို ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသမှုခံယူရန် ထွက်ခွာမည့်အချိန် မန္တလေး တံတားဦးလေဆိပ်တွင် ဖမ်းဆီးကာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ လေယာဉ်ဖြင့် ခေါ်ဆောင်ခဲ့သည်။ ၂၄ ရက်အကြာ စစ်ကြောရေးတွင် ထားရှိပြီးနောက် မြစ်ကြီးနားမြို့နယ် အမှတ် (၁) ရဲစခန်းတွင် ပုဒ်မ ၅၀၅-က၊ မတရားအသင်းအက် ဥပဒေ ပုဒ်မ ၁၇ (၁)၊ အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မ ၅၂ စသည့် ပုဒ်မ သုံးခုဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ကာ မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။

အမှုဖွင့် တရားစွဲဆိုခဲ့ပြီးနောက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရသော်လည်း ယနေ့ ပြန်လည် လွတ်မြောက်ခဲ့ပြီဖြစ်သည်။ ကချင်ဘာသာရေးခေါင်း‌ဆောင် ဒေါက်တာခလမ်ဆမ်ဆွန်သည် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ၏ ဥက္ကဋ္ဌဟောင်း တစ်ဦးဖြစ်ကာ ကချင်အတိုင်ပင်ခံအဖွဲ့၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

ဒေါက်တာခလမ်ဆမ်ဆွန်သည် ၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံစဉ်က ခရစ်ယာန်ဘာသာဝင်များ ကြုံတွေ့နေရသော ဘာသာရေးဆိုင်ရာ ခွဲခြားဖိနှိပ်ခံရမှုများအကြောင်းကို တင်ပြပြောဆိုခဲ့သူလည်း ဖြစ်သည်။

ပုံ – ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ကောင်စီရဲ့ လေယာဉ်ဗုံးထုတ်တဲ့ စက်ရုံ အတိုက်ခံရ
Next Article မြဝတီမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များအား ပူးပေါင်းတပ်များက ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက်ထား
thanlwinkhet
  • Website

Related Posts

ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ရာမညမွန်တပ်နှင့် မဟာမိတ်များ ဝင်တိုက်ခိုက်

September 20, 2025

ရဲဘော်နိုင်မင်း(သို့)တိုက်ပွဲခေါ်သံကြားက မျှားတစ်စင်း(ဆောင်းပါး)

September 20, 2025

စစ်ဒေသ (၁) လေးနှစ်ပြည့်နေ့တွင် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်

September 20, 2025

Leave A Reply Cancel Reply

Recent Posts

  • ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ရာမညမွန်တပ်နှင့် မဟာမိတ်များ ဝင်တိုက်ခိုက်
  • ရဲဘော်နိုင်မင်း(သို့)တိုက်ပွဲခေါ်သံကြားက မျှားတစ်စင်း(ဆောင်းပါး)
  • စစ်ဒေသ (၁) လေးနှစ်ပြည့်နေ့တွင် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တင်းမာမှုဖြစ်နိုင်ခြေရှိ၍ ထိုင်းအာဏာပိုင်များ ရေအမြောက်ကားများ ကြိုတင်ချထား
  • နယ်စပ်၌ ARSA နှင့် RSO အန္တရာယ်ရှိနေ၍ လုံခြုံရေး တိုးမြှင့်မည်ဟု AA ထုတ်ပြန်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ရာမညမွန်တပ်နှင့် မဟာမိတ်များ ဝင်တိုက်ခိုက်

ရဲဘော်နိုင်မင်း(သို့)တိုက်ပွဲခေါ်သံကြားက မျှားတစ်စင်း(ဆောင်းပါး)

စစ်ဒေသ (၁) လေးနှစ်ပြည့်နေ့တွင် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တင်းမာမှုဖြစ်နိုင်ခြေရှိ၍ ထိုင်းအာဏာပိုင်များ ရေအမြောက်ကားများ ကြိုတင်ချထား

ယခင်သတင်းများ

  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ရာမညမွန်တပ်နှင့် မဟာမိတ်များ ဝင်တိုက်ခိုက်

September 20, 2025

ရဲဘော်နိုင်မင်း(သို့)တိုက်ပွဲခေါ်သံကြားက မျှားတစ်စင်း(ဆောင်းပါး)

September 20, 2025

စစ်ဒေသ (၁) လေးနှစ်ပြည့်နေ့တွင် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်

September 20, 2025

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တင်းမာမှုဖြစ်နိုင်ခြေရှိ၍ ထိုင်းအာဏာပိုင်များ ရေအမြောက်ကားများ ကြိုတင်ချထား

September 20, 2025

နယ်စပ်၌ ARSA နှင့် RSO အန္တရာယ်ရှိနေ၍ လုံခြုံရေး တိုးမြှင့်မည်ဟု AA ထုတ်ပြန်

September 20, 2025

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကူညီမည်ဟု DKBA အဖွဲ့တစ်ခု ထုတ်ပြန်

September 20, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.