လေးကေ့ကော်စစ်ဘေးရှောင်တို့ရဲ့ သင်္ကြန်အကြိုနေ့မြင်ကွင်း
******
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်တွင် လေးကေ့ကော်မြို့သစ်အနီး ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်မှာ ယနေ့တိုင်ဖြစ်သည်။
လေးကေ့ကော်ဒေသခံများထဲမှ တချို့သည် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၂ ရက်တွင် နေရပ်သို့ ပြန်လည်နေထိုင်ခဲ့ကြသည်။
ထိုကဲ့သို့ ပြန်လည်နေထိုင်ပြီးနောက် လေးကေ့ကော်မြို့သစ်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့ကြား တိုက်ပွဲများ ထပ်မံဖြစ်ပွါးခဲ့သည့်အတွက် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက် ထပ်မံ တိမ်းရှောင်ခဲ့ခြင်းဖြစ်သည်။
အိမ်ထောင်စု ၁၅၀ ကျော် ထပ်မံတိမ်းရှောင်ခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် မဲ့ထော်သလေးနှင့် မင်းလက်ပံကျေးရွာများ၌ တိမ်းရှောင်နေကြရသည်။
လေးကေ့ကော်အတွင်းရှိ ရေကန်ကုန်းစခန်းကို ပြီးခဲ့သည့် မတ်လ ၃၁ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ထို့အပြင် လေးကေ့ကော်မြို့သစ်တွင် ကျန်ရှိနေသော စွယ်တော်ကုန်းစခန်းအား ကာကွယ်ရေးပူးပေါင်းတပ်များက ထပ်မံသိမ်းပိုက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
စစ်ကောင်စီဘက်ကလည်း စွယ်တော်ကုန်းစခန်း လက်မလွှတ်ရရေး လက်နက်ကြီးဖြင့် ပစ်ခတ်လျက်ရှိပြီး နှစ်ဖက်အခြေအနေတင်းမာနေဆဲဖြစ်သည်။
ဓါတ်ပုံ – မဲ့ထော်သလေးရှိ မြန်မာကျောင်းတွင် စစ်ဘေးရှောင်နေရသော လေးကေ့ကော်ဒေသခံများ