• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး
  • ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်
  • ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော
  • KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား
  • မောင်တောတွင် ARSA အဖွဲ့ ပစ်သတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရ
  • အာဆီယံထိပ်သီး အစည်းအဝေး စစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့် မရ
  • TNLA ထိန်းချုပ်နယ်မြေများတွင် သုံးပတ်အတွင်း ဗုံး ၃၅ ကြိမ် ကြဲခံရ
  • ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ အလုပ်လက်မဲ့ ဖြစ်နေ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ခလရ ၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြဝတီအမှတ် ၂ တံတားတွင် ပိတ်မိနေဆဲ
နေ့စဉ်သတင်း

ခလရ ၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြဝတီအမှတ် ၂ တံတားတွင် ပိတ်မိနေဆဲ

thanlwinkhetBy thanlwinkhetApril 12, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ခလရ ၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြဝတီအမှတ် ၂ တံတားတွင် ပိတ်မိနေဆဲ

***********

သံလွင်ခက်။

ဧပြီ ၁၂၊ ၂၀၂၄။

 

ကရင်ပြည်နယ်၊ မြဝတီမြို့စောင့်တပ်ဖြစ်သည့် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြဝတီ – မဲဆောက် ချစ်ကြည်ရေးတံတားအမှတ် ၂ တွင် ပိတ်မိနေဆဲဖြစ်သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

 

ဒေသခံအမျိုးသားတစ်ဦးက “မြဝတီ အမှတ် ၂ ကုန်သွယ်ရေးဇုန် ဝင်ဝင်ချင်းအပေါက်ဘေးက အဆောက်အဦးမှာ ရှိနေတုန်းပဲ။ ထိုင်းဘက်ခြမ်းကို ခိုလှုံဖို့ ညှိမရသေးလို့ဖြစ်မယ်“ ဟုဆိုသည်။

 

မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိသော စစ်ကောင်စီတပ် ခလရ−၂၇၅ တပ်စခန်းအား လက်နက်ချအညံ့ခံရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အခွင့်အရေးပေးခဲ့သော်လည်း ထိုတပ်စခန်းမှ လက်နက်ချအညံ့ခံခြင်းမရှိဘဲ စစ်ကူများလာရောက်နိုင်ရန်အတွက်ခုခံ တိုက်ခိုက်ခဲ့သည်။

 

ထို့ကြောင့် KNLA ၊ KNDO နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ခလရ−၂၇၅ တပ်စခန်းအား ဧပြီလ ၈ ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ကာ ဧပြီ ၁၁ ရက် မနက် ၄း၂၀ နာရီတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများအား သိမ်းဆည်းရမိခဲ့သည်။ ခလရ−၂၇၅ တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြဝတီတံတားအမှတ် (၂) တွင် သွားရောက် ပုန်းရှောင်လျက်ရှိသည်ဟု KNU က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

 

မြဝတီတံတားအမှတ် (၂) တွင် သွားရောက်ပုန်းရှောင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ခိုလှုံရန် စီစဉ်လျက်ရှိသော်လည်း ယခုအချိန်အထိ သွားရောက်နိုင်ခြင်းမရှိဘဲ ပိတ်မိနေခြင်း ဖြစ်သည်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူလူထုကို ရမ်းသန်း ပစ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ထိုနေရာအနီးတစ်ဝိုက်သို့ သွားရောက်ခြင်း မပြုလုပ်ရန်လည်း KNU က သတိပေးထုတ်ပြန်သည်။

 

ထို့အပြင် ထိုင်း – ကရင်နယ်စပ် မြဝတီမြို့၊ အမှတ် ၂ တံတားတွင် ပုန်းအောင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် ယမန်နေ့၌ Honda fit ကားဖြင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ဝင်ရောက်လာသည်ကို သံလွင်ခက်က မျက်မြင်တွေ့ရှိခဲ့သည်။ ယမန်နေ့ နံနက် ၁၂ နာရီခန့်အချိန်ထိ Honda Fit ကားဖြင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ စုစုပေါင်း ၈ ဦး ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

 

လက်ရှိတွင် မြဝတီမြို့အနီး၌ တိုက်ပွဲများ ငြိမ်သက်လျက်ရှိပြီး ဒေသခံအများစုသည်လည်း မြို့တွင်း ပုံမှန်သွားလာလျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

ပုံစာ – မြဝတီ အမှတ် ၂ တံတားအပေါက်ဝအနီးတွင် မြင်တွေ့ရသည့် ခလရ ၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ – သံလွင်ခက်)

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ်အတွက် စိန်ခေါ်မှုအသစ်များ
Next Article မဲဆောက် – မြဝတီ အမှတ် ၁ တံတားဂိတ်တွင် BGF နေရာယူ
thanlwinkhet
  • Website

Related Posts

ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်

October 24, 2025

မောင်တောတွင် ARSA အဖွဲ့ ပစ်သတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရ

October 23, 2025

အာဆီယံထိပ်သီး အစည်းအဝေး စစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့် မရ

October 23, 2025

Leave A Reply Cancel Reply

Recent Posts

  • မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး
  • ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်
  • ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော
  • KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား
  • မောင်တောတွင် ARSA အဖွဲ့ ပစ်သတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး

ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်

ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော

KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား

ယခင်သတင်းများ

  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး

October 24, 2025

ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်

October 24, 2025

ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော

October 24, 2025

KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား

October 23, 2025

မောင်တောတွင် ARSA အဖွဲ့ ပစ်သတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရ

October 23, 2025

အာဆီယံထိပ်သီး အစည်းအဝေး စစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့် မရ

October 23, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.