စွယ်တော်ကုန်းကိုသိမ်းခံမည်စိုးသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ကြီးပစ်ခတ်
******
နန်းဆုပန်ခန့်
ဧပြီ ၁၂၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း လေးကေ့ကော်မြို့သစ်ရှိ စွယ်တော်ကုန်းစခန်းအသိမ်းခံရမည်ကို စိုးရိမ် သောကြောင့် စစ်ကောင်စီတပ်သားများက လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည်ဟု မြေပြင်ရဲဘော်များထံက သိရသည်။
ယမန်နေ့နှင့် ယနေ့နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက စွယ်တော်ကုန်းစခန်းကို ဒရုန်းဖြင့် သွား ရောက်တိုက်ခိုက်သောကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးများအပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ် နေသည်ဟု မြေပြင်ရဲဘော် ၁ ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက ” ကျွန်တော်တို့ဘက်က ဒရုန်းနဲ့ပဲကြဲတာ၊ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ နည်းနည်းပါးပါးပြန်ထုတာ၊ တိုက်ပွဲတော့မဖြစ်သေးဘူး။ သူတို့ဘက်က စခန်းကုန်းကိုသိမ်းမှာကြောက်လို့ ပြန်ထုတာ”ဟု ဆိုသည်။
ထို့ပြင် ယနေ့နံနက်တွင်လည်း လက်နက်ကြီးအပြင် အခြားသော လက်နက်ငယ်များဖြင့်ပါပစ်ခတ်နေသည်ဟု ဒေသခံ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက ” မနက်က အစောကြီး စက်လက်ကုတ်တယ်။ ဘာကိုပစ်တာလဲမသိဘူး။ ၈ လုံးလောက် ထွက်နေပြီ။ ၁၂၀ သံတော့မဟုတ်ဘူး။ ၈၁ နဲ့ ၆၀ နေမယ်” ဟုဆိုသည်။
လက်ရှိအချိန်တွင် လေးကေ့ကော်အတွင်းရှိ စွယ်တော်ကုန်းအောက်ဘက်က ရေကန်ကုန်းစခန်းကိုလည်း ပြီးခဲ့ သည့် မတ်လ ၃ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သောကြောင့် စွယ်တော် ကုန်းကို ရလျှင် လေးကေ့ကော်မြို့သစ်ကို ပူးပေါင်းတပ်များကထိန်းချုပ်နိုင်တော့မည်ဖြစ်သည်။
လေးကေ့ကော်မြို့သစ်အနီးရှိ စစ်ရေးအရဗျူဟာမြောက်အရေးပါသည့် လက်ခတ်တောင်ကိုလည်း ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။
ဓာတ်ပုံ – ကော်ဘရာ စစ်ကြောင်း ၁၊ တပ်ခွဲ ၄။
ပုံစာ – ရှေ့တန်းတစ်နေရာမှာ မြင်တွေ့နေရသည့် ကော်ဘရာရဲဘော် ၁ ဦး။