ထိုင်း-ကရင်နယ်စပ် အမှတ်( ၂ )တံတားတွင်ထိုင်းစစ်သားများ လုံခြုံရေးတင်းကြပ်
*****
ဓာတ်ပုံသတင်း
သံလွင်ခက်
ဧပြီ ၁၁၊ ၂၀၂၄။
ထိုင်း – ကရင်နယ်စပ် မြဝတီအမှတ် ၂ တံတားတွင် ခလရ – ၂၇၅က စစ်ကောင်စီတပ်သားများ ထွက်ပြေးလာ သဖြင့် ထိုင်းနိုင်ငံဘက်ခြမ်းတွင် လုံခြုံရေးတင်းကြပ်ထားသည်။
ယနေ့နံနက်အစောပိုင်းတွင် မြဝတီမြို့စောင့်တပ်ဖြစ်သည့် ခလရ – ၂၇၅ ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် – KNLA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဘက်က တပ်သား ၁၀၀ ကျော် ထိုင်း – ကရင်နယ်စပ်ရှိ အမှတ် ၂ တံတားသို့ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သားများ ထွက်ပြေးလာသဖြင့် အမှတ်၂ တံတားအနီးတွင် ထိုင်းစစ်တပ်က အင်အားအများအပြား ဖြင့် လုံခြုံရေးပိုမိုတင်းကြပ်ထားသည်။
ယင်းအပြင် အမှတ် ၂တံတားပေါ်ကနေ အရပ်သားများသွားလာမှုကိုလည်း ပိတ်ဆို့ထားသည်ဟု တံတားအနီး နေသည့်ဒေသခံများထံက သိရသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သားအချို့သည် ထိုင်းဘက်သို့ Honda fit ကားဖြင့်ဝင်ရောက်နေပြီး ထိုင်း စစ်တပ်ဘက်ကလည်း ဝင်ခွင့်ပြုထားသည်။
သတင်း – နန်းဆုပန်ခန့်။
ဓာတ်ပုံ – ထွယ်၊ အေကေ – သံလွင်ခက်