AA ၁၅ နှစ်ပြည့်ကို တော်လှန်ညီနောင်အဖွဲ့များဂုဏ်ပြု
***************
ခင်သရဖီဦး။
ဧပြီ ၁၀၊ ၂၀၂၄။
ယနေ့တွင် ကျရောက်သည့် ရက္ခိုင့်တပ်တော် – AA ၏ ၁၅ နှစ်ပြည့်တပ်တော်နေ့တွင် – ULA/AA အနေဖြင့် ကြီးမား သော အောင်မြင်မူများအား ပိုင်ဆိုင်ထားပြီး အထူးဂုဏ်ယူဝမ်းမြောက်သည်ဟု ညီနောင်အဖွဲ့များက ဆိုကြသည်။
ရက္ခိုင့်တပ်တော် – UlA/ AA ၏ ၁၅ နှစ်ပြည့်တပ်တော်နေ့အား မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များက ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ထားကြသည်။
ချင်းညီနောင်အဖွဲ့ – Chin Brotherhood ၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ် တော် – BPLA ၊ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ၊ ပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို – PMSAB၊ လူ့ဘောင်သစ်တပ်မတော်၊ ချင်းကာ ကွယ်ရေးတပ်ဖွဲ့ – မင်းတပ် ၊ ချင်းကာကွယ်ရေးတပ် – အရှို ၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ – PLF ၊ လူထုတော် လှန်ရေးမဟာမိတ်အင်အားစု – PRA / Magway၊ ဧရာဝတီစစ်ဒေသခွဲတို့က သဝဏ်လွှာအသီးသီး ပေးပို့ခဲ့ခြင်းဖြစ် သည်။
AA ကို ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၁၅ နှစ်ပြည့်ခဲ့ပြီဖြစ်ရာ ရက္ခိတလမ်းစဉ်အတိုင်း မသွေမတိမ်ကြံ့ကြံ့ခံ၍ ရင်ဆိုင်ဖြတ်သန်းနိုင်ခဲ့သည့်အတွက် အထူးဂုဏ်ယူ ဝမ်းမြောက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဂုဏ်ပြုလွှာများပေးပို့ထားသည်။
ယင်းအပြင် ခေတ်အဆက်ဆက် အဖိနှိပ်ခံ ဘဝတူညီနောင်တိုင်းရင်းသားများ လိုလားတောင့်တနေကြသည့် အမျိုး သားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုက်ပွဲဝင်ကြသည့် ညီနောင်တိုင်းရင်းသားလူမျိုးများအပေါ် လေးစား တန်ဖိုးထားမှုအပြည့်ဖြင့် နိုင်ငံရေး၊ စစ်ရေးဆိုင်ရာကိစ္စရပ်များအပြင် အဘက်ဘက်ကနေ လက်တွဲခေါ်ဆောင် ကူညီပံ့ပိုးနေမူအပေါ် အထူးအသိအမှတ်ပြုကြကြောင်း ဖော်ပြထားကြသည်။