• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»လွယ်ဂျယ်မြို့ကို KIA အပြီးသတ်သိမ်းပိုက်
တိုက်ပွဲသတင်း

လွယ်ဂျယ်မြို့ကို KIA အပြီးသတ်သိမ်းပိုက်

thanlwinkhetBy thanlwinkhetApril 9, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

လွယ်ဂျယ်မြို့ကို KIA အပြီးသတ်သိမ်းပိုက်
********
ထွယ်
ဧပြီ ၉၊ ၂၀၂၄။
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ တရုတ် – မြန်မာ နယ်စပ် လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့်ပူးပေါင်းတပ်က ၁၂ ရက်ကြာ ထိန်းချုပ်ထားပြီးနောက် ယနေ့နံနက်တွင် မြို့ကို အပြီးတိုင် သိမ်းပိုက်လိုက် ပြီဟု ရှေ့တန်းရဲဘော်များထံက သိရသည်။
လွယ်ဂျယ်မြို့တွင်ကျန်ရှိနေသည့် မြို့စောင့်တပ်ရင်း ခလရ – ၁၄၂ ရှိ စစ်ကောင်စီဖွဲ့ဝင်များနှင့် Non – CDM ဝန်ထမ်းများသည် ယမန်နေ့ည ၁၀ နာရီခန့်တွင် ကားအကြီး ၂ စီးဖြင့် တရုတ်ပြည်ဘက်ခြမ်းသို့ ထွက်ခွာသွား သည်ဟု လွယ်ဂျယ်ဒေသခံ ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “ကားအကြီးနဲ့ တရုတ်ပြည်ဘက်ခြမ်းကို ဝင်သွားကြတာ။ အခု မနက်ရှင်းလင်းရေးလုပ်နေကြပြီ။ အရင်ပိတ်ထားတဲ့လမ်းတွေကိုလည်း ရှင်းလင်းရေးလုပ်နေပြီ” ဟု ပြောသည်။
ကချင်ပြည်နယ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းဆုတ်ခွာမှုနှင့် အလံဖြူထောင် လက်နက်ချခြင်းများ ပြုလုပ်လာကြသည်။
လွယ်ဂျယ်မြို့တွင်ကျန်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာသကဲ့သို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက် အင်ဂျန်းယန်မြို့နယ်၌တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း ၂ ခုနှင့် ရဲစခန်း အပါအဝင် စစ်ကောင်စီရုံးများသည် လည်း စခန်းမှဆုတ်ခွာသွားသဖြင့် KIA ပူးပေါင်းတပ်က တိုက်ခိုက်ခြင်းမပြုရဘဲ မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
ယင်းအပြင် ကချင်ပြည်နယ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို KIA နှင့်ပူးပေါင်းတပ်က မတ်လ ၇ ရက်ကစ၍ တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လိုင်ဇာမြို့အနီးရှိ ဒေါ့ဖုန်းယန်မြို့တွင်တပ်စွဲထားသော စစ်ကောင်စီ ခလရ – ၁၄၂ တပ်ရင်းသည်လည်း မတ်လ ၈ ရက် နံနက်ပိုင်းတွင် အလံဖြူထောင် လက်နက်ချခဲ့ သည်။
စစ်ကောင်စီတပ်က နှစ် ၄၀ ခန့် တပ်စွဲခဲ့သည့် လွယ်ဂျယ်မြို့အနီးရှိ ယောရုံတောင် – Yaw Yung Bum နှင့် ၎င်းစခန်းအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မတ်လ ၂၉ ရက်တွင် ထိန်းချုပ်ထားနိုင်ခြင်းဖြစ်သည်။
ထို့နောက် KIA နှင့်ပူးပေါင်းတပ်က ဧပြီလ ၁ ရက်တွင် လွယ်ဂျယ်မြို့တွင်းဝင်ရောက်ပြီး လွယ်ဂျယ်မြို့ရှိ စျေးနှင့် ဆေးရုံတို့တွင် ကချင်အမျိုးသားအလံလွှင့်ထူကာ မြို့ရှိ ရုံးများကို ဝင်ရောက်နေရာယူခဲ့သည်။
လွယ်ဂျယ်မြို့သည် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ မြို့တစ်မြို့ဖြစ်ပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လုံးချွန်းကောင်တီနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မြို့ဖြစ်သည်။
အဆိုပါ လွယ်ဂျယ်မြို့သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား ကူးသန်းကုန်သွယ်ရန် ၂၀၀၂ ခုနှစ်က ဖွင့်လှစ်ခဲ့သည့် နယ်စပ်ကုန်သွယ်ရေးဂိတ်တည်ရှိရာ မြို့လည်းဖြစ်သည်။
ပုံစာ – လွယ်ဂျယ်မြို့စောင့်တပ် ခလရ – ၁၄၂ တပ်စခန်းကို ဝင်ရောက်ရှင်းလင်း‌နေသည့်မြင်ကွင်း။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleလက်နက်ကြီးကြောင့် ကျောက်ကြီးဒေသခံ ၁ ဦးသေဆုံး
Next Article အမေရိကန်စွမ်းအင်ကုမ္ပဏီအစုရှယ်ယာများ စစ်ကောင် စီထံလွှဲပေး
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.