လက်နက်ကြီးကြောင့် ကျောက်ကြီးဒေသခံ ၁ ဦးသေဆုံး
***
သံလွင်ခက်
ဧပြီ ၉ ၊ ၂၀၂၄။
ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင် ( ခလယ်ထွီထူခရိုင် ) ၊ ကျောက်ကြီး မြို့နယ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သဖြင့် ဒေသခံ ၁ ဦး သေဆုံးခဲ့သည်ဟု KNU က ယနေ့ တွင် ထုတ်ပြန်သည်။
ဧပြီလ ၆ ရက် ညနေ ၆ နာရီအချိန်တွင် စစ်ကောင်စီတပ်က ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီး ၅ လုံး ပစ်ခတ် ခဲ့ရာ ကျောက်ကြီးမြို့နယ်၊ ဘုရားကြီးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် နော်ဆိဆိ (၃၅) နှစ် လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး ဖီးနော်ဒွဲ ၏နေအိမ်သည်လည်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် ဧပြီလ ၇ ရက် နံနက် ၄ နာရီအချိန်တွင် စစ်ကောင်စီတပ်က ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ ညောင်လေးပင် ( ခလယ်ထွီထူခရိုင် )၊ ရွှေကျင်မြို့နယ် ( ဆောထိမြို့နယ် ) ပဒဲကောကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဦးသောင်းရွှေ ၏နေအိမ် လက်နက်ကြီးထိမှန်ပျက်စီးခဲ့ရသည်။
ဧပြီလ ၈ ရက် နံနက် ၈ နာရီ ၄၂ မိနစ်တွင်လည်း ကုန်းကျောင်းဝရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၁၅၅ မမ ဟောင် ဝစ်ဇာ လက်နက်ကြီး ၂ လုံး ကေလာသအရှေဘက်သို့ ပစ်ခတ်ခဲ့သည်။
ဧပြီလ ၆ ရက် နေ့လယ် ၁၂ ခွဲအချိန်တွင် ညောင်လေးပင်မြို့နယ်၊ အင်းဝိုင်းကျေးရွာ၊ ရေကြည်ချောင်းတံတားရှိ စစ် ကောင်စီဂိတ်တပ်ဖွဲ့ဝင်များက ၈၁ မမ လက်နက်ကြီး ၆ ကြိမ်ပစ်ခတ်ခဲ့ရာ ညောင်လေးပင်မြို့နယ် အင်းပလွဲ ကျေးရွာ နှင့် ရွှေကျင်မြို့နယ် သက္ကယ်ကုန်းကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး သက္ကယ်ကုန်းကျေးရွာရှိ ဦးတင်ရွှေ + ဒေါ်ခင်ရီ ၏ နွားတင်းကုပ်နှင့် ဦးသောင်းစိန် +ဒေါ်ခင်စန်းတို့၏ နေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့ သည်။
ဧပြီလ ၈ ရက် နံနက် ၆ နာရီတွင်လည်း ကွင်းဒလလေး ဘုန်းကြီးကျောင်းရှေ့လမ်းပေါ်တွင် စစ်ကောင်စီတပ်များ ထောင်းထားခဲ့သော မြေမြှုပ်မိုင်းအား ကျွန်စုရွာသား ဦးကျော်မိုး (၄၃) နှစ် နင်းမိပြီးပေါက်ကွဲခဲ့သောကြောင့် ညာဘက်ခြေထောက်ပြတ်ကာ ဘယ်ဘက်လက်ကောက်ဝတ် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU က ထုတ်ပြန် ထားသည်။
ဓာတ်ပုံ − ခလယ်လွီထူခရိုင်−သတင်းပြန်ကြားရေး။
ပုံစာ − စစ်ကောင်စီတပ်များ၏လုပ်ရပ်ကြောင့် ထိခိုက်သေဆုံးပျက်စီးမှုများ။