• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»မောင်တောမြို့ကို စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ
နေ့စဉ်သတင်း

မောင်တောမြို့ကို စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ

thanlwinkhetBy thanlwinkhetApril 8, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မောင်တောမြို့ကို စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ
*****

ခင်သရဖီဦး
ဧပြီ ၈၊ ၂၀၂၄။

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် စစ်‌ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း စစ်အင်အားဖြည့်တင်း‌နေသည်ဟု ဒေသခံများထံက သိရသည်။

မောင်တောတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် လက်အောက်ခံဝန်ထမ်းတချို့ ထွက်ပြေးသွားပြီးနောက် စစ်ကောင်စီတပ်အနေဖြင့် အင်အားဖြည့်တင်းနေခြင်းဖြစ်သည်။

မောင်တောဒေသခံ ၁ ဦးက “ရေလမ်းကနေပို့နေတာ တွေ့ရတယ်။ ပြည်မဘက်ကရော စစ်တွေကရောပို့နေ​တာလို့ ပြောကြတယ်​။ အုပ်ချုပ်ရေးမှူးထွက်ပြေးပြီးမှ အင်အားဆက်တိုက်ဖြည့်နေတယ်” ဟု ဆိုသည်။

မောင်တော ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး သည် ပြီးခဲ့သည့် ဧပြီလ ၅ ရက် ညအချိန်တွင် ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

ထို့ကြောင့် လက်ရှိတွင် မောင်တောမြို့ရှိ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားရပ်တန့်သွားပြီး ဒေသခံအများအပြာသည်လည်း မြို့အား စွန့်ခွာထွက်ပြေးနေကြဟု မောင်တောမြို့ခံ ၁ ဦးက သံလွင်ခက်ကိုပြောသည်။

၎င်းက “မောင်တောမြို့ပေါ်မှာ ရခိုင်တွေက အိမ်စောင့်လောက်ပဲ ကျန်တော့တယ်။ တချို့ကျန်ခဲ့တာက ခရီးစရိတ်မတတ်နိုင်လို့ ကျန်တာတွေရှိတယ်။ အကုန်လုံးနီးပါး မြို့​ကို စွန့်ခွာနေကြပါတယ်။ မြို့ပေါ်ထိ တိုက်ပွဲ​တွေရှိနေ​​တော့ အကုန်လုံးက တိမ်းရှောင်နေကြပါတယ်” ဟု ဆိုသည်။

မောင်တောတွင် အင်တာနက်ပြတ်တောက်နေပြီး ကုန်စျေးနှုန်းမြှင့်တက်နေသည့်အတွက် ဒေသခံများ အခက်အခဲအမျိုးမျိုး ကြုံတွေ့နေကြသည်။

စစ်ကောင်စီတပ်က မောင်တောမြို့ပေါ်ရှိ ခရိုင်ပြည်သူ့ဆေးရုံအား ပြီးခဲ့သည့် မတ်လကစ၍ တပ်စခန်းချရန်အတွက် ဆေးရုံအားပိတ်ခဲ့သည်။

ထို့နောက် ခရိုင်ဆေးရုံအုပ်နှင့် လက်ထောက်ဆရာဝန်များကိုပါ ဖမ်း၀ရမ်းထုတ်ထားသည်ဟု ဒေသခံများထံက သိရသည်။

မောင်တောတွင် ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများဖြစ်ပွားနေပြီး AA က နယ်ခြားစောင့် စခန်းအများအပြားအား သိမ်းပိုက်ထားသည်။

ထို့ပြင် ကျန်ရှိနေသည့် ကြိမ်ချောင်းစခန်းကဲ့သို့ လက်ကျန်စခန်းများကိုလည်း ထိုးစစ်များဖြင့် ဆက်လက် တိုက်ခိုက်နေသည်ဟု AA က ပြီးခဲ့သည့် ဧပြီလ ၅ ရက်တွင် ထုတ်ပြန်ထားသည်။

ကြိမ်ချောင်းစခန်းအား AA ကသိမ်းပိုက်ရရှိထားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သံလွင်ခက် အနေဖြင့် သီးခြားအတည်မပြုနိုင်ခြင်းမရှိပေ။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ကောင်စီတပ်ဖွဲ့ဝင်များအားသွားခေါ်သည့်လေယာဥ် လူမပါဘဲပြန်ထွက်ခဲ့ရ
Next Article ထိုင်း – မြန်မာနယ်စပ်တွင် ဒုတိယကမ္ဘာစစ်လက်ကျန် ဥမင်လှိုဏ်ခေါင်းတွေ့ရှိ
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.