• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နိုင်ငံတကာသတင်း»ကရင်နယ်စပ် ပြည်တွင်းမှာပိတ်မိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်ရင်းပြန်ဖို့ ပြည်ပမှာ လေယာဉ်ထွက်စီး
နိုင်ငံတကာသတင်း

ကရင်နယ်စပ် ပြည်တွင်းမှာပိတ်မိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်ရင်းပြန်ဖို့ ပြည်ပမှာ လေယာဉ်ထွက်စီး

thanlwinkhetBy thanlwinkhetApril 7, 2024Updated:April 8, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

⏹ကရင်နယ်စပ် ပြည်တွင်းမှာပိတ်မိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်ရင်းပြန်ဖို့ ပြည်ပမှာ လေယာဉ်ထွက်စီး

သံလွင်ခက်။
ဧပြီ ၇၊ ၂၀၂၄။

တိုက်ပွဲများ ပြင်းထန်နေသော ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပိတ်မိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းတစ်ချို့ ပြည်တွင်းပြန်နိုင်ရန်အတွက် ထိုင်း-မြန်မာနယ်စပ်မြို့ မဲဆောက်မှ တဆင့် လေယာဉ်စီစဉ်ခဲ့သည်ဟု သိရသည်။

ထိုသို့ ပြန်နိုင်ရန်အတွက် ဧပြီလ ၆ ရက်တွင် ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံသံရုံးက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသို့ အရေးပေါ်သဝဏ်လွှာပေးအပ်ကာ အကူအညီတောင်းဆိုခဲ့ကြောင်းသိရသည်။

⏹ပြည်တွင်းပြန်ဖို့ ကားစီးမလား

အဆိုပါ အရေးကြီးသဝဏ်လွှာပေးပို့ခဲ့သောရက်များတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ၊ ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီအားထားရာ သင်္ဃန်းညီနောင်ဗျူဟာကုန်းနဲ့ ခြေလျှင်တပ်ရင်း ခလရ-၂၇၅ တို့ကို ထိုးစစ်ဆင်သိမ်းပိုက်နေသော အချိန်ဖြစ်သည်။
အဆိုပါ သိမ်းပိုက်ခဲ့မှုတွင်လည်း စစ်ကောင်စီတပ်သားအပါအဝင် မိသားစု စုစုပေါင်း ၆၁၇ ဦးလက်နက်ချအညံ့ခံခဲ့ပြီး လက်နက်၊ ရိက္ခာများစွာရရှိခဲ့သည်ဟု မြေပြင်ရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုထားသည်။
မြဝတီနှင့် ကော့ကရိတ်လမ်းပိုင်းများတွင်လည်း အာရှလမ်းသစ်၊ ယခင်အသုံးပြုနေကြလမ်းဟောင်းနှင့် လက်ရှိအသုံးပြုနေသော လမ်းနေရာများတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက အဓိက စိုးမိုးထားသည်။

⏹၃ ရက်အတွင်း မဲဆောက်မှသည် ရန်ကုန်ဆီသို့

ထိုင်းနိုင်ငံ၊ မြန်မာသံရုံး၏ တောင်းဆိုမှုတွင် မဲဆောက်လေဆိပ်အား မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်များဆင်းသက်ခွင့်ပြုရန် ပါဝင်သည်။
ရန်ကုန်- မဲဆောက်- ရန်ကုန်အတက်အဆင်းပျံသန်းခွင့်အနေဖြင့် ဧပြီလ ၇ ရက်မှ ၉ ရက်အထိ သုံးရက်တာခွင့်ပြုပေးရန် သဝဏ်လွှာတွင် ရေးသားထားသည်ဟု ထိုင်းသတင်းဌာန The Reporter တွင် ဖော်ပြထားသည်။

⏹မဲဆောက်လေဆိပ်မှာ MNA လေယာဉ်ဆိုက်ပြီ
စစ်ကောင်စီ၏ အရေးပေါ်သဝဏ်လွှာကို ထိုင်းအာဏာပိုင်များက ခွင့်ပြုပေးခဲ့သဖြင့် ရန်ကုန်လေဆိပ်မှ ထွက်ခွာခဲ့သော မြန်မာအမျိုးသားလေကြောင်းလိုင်း၏ MNA ATR 72- 600 လေယာဉ်သည် မဲဆောက်လေဆိပ်သို့ ဧပြီလ ၇ ရက် ည ၈ နာရီ၃၀ မိနစ်ဝန်းကျင်တွင် ဆိုက်ရောက်ခဲ့သည်။
ထိုသို့ ခေါ်ဆိုမှုများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁၀ ဦး၊ မိသားစု ၈၁ ဦးနှင့် အရာရှိ အဆင့် ၆၇ ဦး အပါအဝင် ထိုင်းဘက်သို့ ရှောင်တိမ်းလာခဲ့သည့် တပ်ဖွဲ့ ၆၁၇ ဦး ပြန်လည်ပို့ဆောင်သွားမည်ဟုလည်း သိရသည်။
ယနေ့ညဆိုက်ရောက်လာသော လေယာဉ်မှာ ထိုင်းစံတော်ချိန် ည ၁၀ နာရီ အချိန်တွင် ပြန်လည်ထွက်ခွာသွားသည်။

⏹တစ်လကျော်ထိုးစစ်က စစ်ကောင်စီဘယ်လို အထိနာ

မြဝတီမြို့အနီး သင်္ဃန်းညီနောင်တွင် ရှိသော စကခ – ၁၂ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ – ၃၅၅ ကို ပြီးခဲ့သည့် မတ်လ ၇ ရက်ကစပြီး စတင်ထိုးစစ်ဆင်ခဲ့ရာ ယခု ဧပြီလ ၇ ရက် ညနေပိုင်းအထိ တစ်လ နီးပါးအကြာတွင် မြဝတီမြို့အနီးတဝိုက်အထိ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် လေးကေ့ကော်ဒေသနှင့် သင်္ဃန်းညီနောင်ဒေသအတွင်း တပ်စခန်း ၅ ခုသာ ကျန်ရှိပြီး လေးကေ့ကော်မြို့သစ်ရှိ စွယ်တော်ကုန်း၊ လေးကေ့ကော်နှင့် မြဝတီမြို့ကြားရှိ မေတ္တာလင်းမြိုင်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း တစ်ခု၊ မြဝတီမြို့မရဲစခန်း၊ မြို့မရဲစခန်းအရှေ့လမ်း ကာကင်းနှင့် မြို့မရဲစခန်းအနောက်လမ်း ကာကင်းများ ဖြစ်သည်။

⏹မြဝတီမှာ ဘယ်သူတွေကျန်

ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ထိုးစစ်ဆင်မှုများကြားတွင် စခန်းအသီးသီးကို လက်လွှတ်ခဲ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ သောင်ရင်းမြစ်အား ဖြတ်ကျော်ကာ ထိုင်းဖက်သို့ စစ်ရှောင်တိမ်းခြင်း၊ အချို့သော ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများမှာလည်း မဲဆောက်မြို့သို့ ရှောင်တိမ်းမှုများ များပြားခဲ့သဖြင့် မြို့အတွင်း၌ ပြည်သူအများစုသာ ကျန်ရှိလာနိုင်သည်ဟု မြို့နေပြည်သူများက ပြောဆိုမှုများရှိခဲ့သည်။

⏹ပုံစာ – မဲဆောက်လေဆိပ်သို့ ဆိုက်ရောက်လာသည့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်တစ်စီး။

Photo- The Reporter

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleလေးကေ့ကော်မြို့သစ်မှ သင်္ဃန်းညီနောင်အတွင်း စစ်ကောင်စီတပ်စခန်း ၅ ခုသာ ကျန်ရှိ
Next Article မန္တလေးမြို့ ကျုံးတောင်ဘက်ရှိ စစ်ကောင်စီ သင်္ကြန်မုခ်ဦး ပြိုကျ
thanlwinkhet
  • Website

Related Posts

လစ်ဗျားစစ်ဦးစီးချုပ်နှင့် ထိပ်တန်းစစ်ခေါင်းဆောင်များ လေယာဉ်ပျက်ကျသေဆုံး၊ နိုင်ငံတော်ဝမ်းနည်းခြင်းအထိမ်းအမှတ် ကြေညာ

December 24, 2025

အမျိုးသားသီးသန့်စင်တာကို စီးနင်းရာတွင် အစိုးရဝန်ထမ်းများအပါအဝင် ၂၀၀ ကျော်ဖမ်းဆီးခံရ

December 1, 2025

နေ့ခင်းအရက်သောက်သူကိုပါ ဒဏ်ငွေ ဘတ် ၁ သောင်း သတ်မှတ်၊ ထိုင်းဥပဒေသစ် စတင်အသက်ဝင်

November 8, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.