• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်
  • သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ
  • ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ
  • စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ
  • သေ့ဘောဘိုးစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက် မြဝတီတောင်ပိုင်းတွင် နောက်ထပ် စခန်း ၃ ခုသာကျန်
  • ဖားကန့်တွင် ယမ်းဂိုထောင်ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံး
  • သေ့ဘောဘိုးတိုက်ပွဲ စစ်ကောင်စီ လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေ
  • အဆိုတော်ချမ်းချမ်းရဲ့ အွန်လိုင်းကုန်ပစ္စည်းတင်သွင်းရောင်းချသူတွေကို စစ်ကောင်စီဖမ်းဆီး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နိုင်ငံတကာသတင်း»ကရင်နယ်စပ် ပြည်တွင်းမှာပိတ်မိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်ရင်းပြန်ဖို့ ပြည်ပမှာ လေယာဉ်ထွက်စီး
နိုင်ငံတကာသတင်း

ကရင်နယ်စပ် ပြည်တွင်းမှာပိတ်မိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်ရင်းပြန်ဖို့ ပြည်ပမှာ လေယာဉ်ထွက်စီး

thanlwinkhetBy thanlwinkhetApril 7, 2024Updated:April 8, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

⏹ကရင်နယ်စပ် ပြည်တွင်းမှာပိတ်မိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်ရင်းပြန်ဖို့ ပြည်ပမှာ လေယာဉ်ထွက်စီး

သံလွင်ခက်။
ဧပြီ ၇၊ ၂၀၂၄။

တိုက်ပွဲများ ပြင်းထန်နေသော ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပိတ်မိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းတစ်ချို့ ပြည်တွင်းပြန်နိုင်ရန်အတွက် ထိုင်း-မြန်မာနယ်စပ်မြို့ မဲဆောက်မှ တဆင့် လေယာဉ်စီစဉ်ခဲ့သည်ဟု သိရသည်။

ထိုသို့ ပြန်နိုင်ရန်အတွက် ဧပြီလ ၆ ရက်တွင် ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံသံရုံးက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသို့ အရေးပေါ်သဝဏ်လွှာပေးအပ်ကာ အကူအညီတောင်းဆိုခဲ့ကြောင်းသိရသည်။

⏹ပြည်တွင်းပြန်ဖို့ ကားစီးမလား

အဆိုပါ အရေးကြီးသဝဏ်လွှာပေးပို့ခဲ့သောရက်များတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ၊ ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီအားထားရာ သင်္ဃန်းညီနောင်ဗျူဟာကုန်းနဲ့ ခြေလျှင်တပ်ရင်း ခလရ-၂၇၅ တို့ကို ထိုးစစ်ဆင်သိမ်းပိုက်နေသော အချိန်ဖြစ်သည်။
အဆိုပါ သိမ်းပိုက်ခဲ့မှုတွင်လည်း စစ်ကောင်စီတပ်သားအပါအဝင် မိသားစု စုစုပေါင်း ၆၁၇ ဦးလက်နက်ချအညံ့ခံခဲ့ပြီး လက်နက်၊ ရိက္ခာများစွာရရှိခဲ့သည်ဟု မြေပြင်ရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုထားသည်။
မြဝတီနှင့် ကော့ကရိတ်လမ်းပိုင်းများတွင်လည်း အာရှလမ်းသစ်၊ ယခင်အသုံးပြုနေကြလမ်းဟောင်းနှင့် လက်ရှိအသုံးပြုနေသော လမ်းနေရာများတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက အဓိက စိုးမိုးထားသည်။

⏹၃ ရက်အတွင်း မဲဆောက်မှသည် ရန်ကုန်ဆီသို့

ထိုင်းနိုင်ငံ၊ မြန်မာသံရုံး၏ တောင်းဆိုမှုတွင် မဲဆောက်လေဆိပ်အား မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်များဆင်းသက်ခွင့်ပြုရန် ပါဝင်သည်။
ရန်ကုန်- မဲဆောက်- ရန်ကုန်အတက်အဆင်းပျံသန်းခွင့်အနေဖြင့် ဧပြီလ ၇ ရက်မှ ၉ ရက်အထိ သုံးရက်တာခွင့်ပြုပေးရန် သဝဏ်လွှာတွင် ရေးသားထားသည်ဟု ထိုင်းသတင်းဌာန The Reporter တွင် ဖော်ပြထားသည်။

⏹မဲဆောက်လေဆိပ်မှာ MNA လေယာဉ်ဆိုက်ပြီ
စစ်ကောင်စီ၏ အရေးပေါ်သဝဏ်လွှာကို ထိုင်းအာဏာပိုင်များက ခွင့်ပြုပေးခဲ့သဖြင့် ရန်ကုန်လေဆိပ်မှ ထွက်ခွာခဲ့သော မြန်မာအမျိုးသားလေကြောင်းလိုင်း၏ MNA ATR 72- 600 လေယာဉ်သည် မဲဆောက်လေဆိပ်သို့ ဧပြီလ ၇ ရက် ည ၈ နာရီ၃၀ မိနစ်ဝန်းကျင်တွင် ဆိုက်ရောက်ခဲ့သည်။
ထိုသို့ ခေါ်ဆိုမှုများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁၀ ဦး၊ မိသားစု ၈၁ ဦးနှင့် အရာရှိ အဆင့် ၆၇ ဦး အပါအဝင် ထိုင်းဘက်သို့ ရှောင်တိမ်းလာခဲ့သည့် တပ်ဖွဲ့ ၆၁၇ ဦး ပြန်လည်ပို့ဆောင်သွားမည်ဟုလည်း သိရသည်။
ယနေ့ညဆိုက်ရောက်လာသော လေယာဉ်မှာ ထိုင်းစံတော်ချိန် ည ၁၀ နာရီ အချိန်တွင် ပြန်လည်ထွက်ခွာသွားသည်။

⏹တစ်လကျော်ထိုးစစ်က စစ်ကောင်စီဘယ်လို အထိနာ

မြဝတီမြို့အနီး သင်္ဃန်းညီနောင်တွင် ရှိသော စကခ – ၁၂ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ – ၃၅၅ ကို ပြီးခဲ့သည့် မတ်လ ၇ ရက်ကစပြီး စတင်ထိုးစစ်ဆင်ခဲ့ရာ ယခု ဧပြီလ ၇ ရက် ညနေပိုင်းအထိ တစ်လ နီးပါးအကြာတွင် မြဝတီမြို့အနီးတဝိုက်အထိ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် လေးကေ့ကော်ဒေသနှင့် သင်္ဃန်းညီနောင်ဒေသအတွင်း တပ်စခန်း ၅ ခုသာ ကျန်ရှိပြီး လေးကေ့ကော်မြို့သစ်ရှိ စွယ်တော်ကုန်း၊ လေးကေ့ကော်နှင့် မြဝတီမြို့ကြားရှိ မေတ္တာလင်းမြိုင်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း တစ်ခု၊ မြဝတီမြို့မရဲစခန်း၊ မြို့မရဲစခန်းအရှေ့လမ်း ကာကင်းနှင့် မြို့မရဲစခန်းအနောက်လမ်း ကာကင်းများ ဖြစ်သည်။

⏹မြဝတီမှာ ဘယ်သူတွေကျန်

ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ထိုးစစ်ဆင်မှုများကြားတွင် စခန်းအသီးသီးကို လက်လွှတ်ခဲ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ သောင်ရင်းမြစ်အား ဖြတ်ကျော်ကာ ထိုင်းဖက်သို့ စစ်ရှောင်တိမ်းခြင်း၊ အချို့သော ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများမှာလည်း မဲဆောက်မြို့သို့ ရှောင်တိမ်းမှုများ များပြားခဲ့သဖြင့် မြို့အတွင်း၌ ပြည်သူအများစုသာ ကျန်ရှိလာနိုင်သည်ဟု မြို့နေပြည်သူများက ပြောဆိုမှုများရှိခဲ့သည်။

⏹ပုံစာ – မဲဆောက်လေဆိပ်သို့ ဆိုက်ရောက်လာသည့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်တစ်စီး။

Photo- The Reporter

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleလေးကေ့ကော်မြို့သစ်မှ သင်္ဃန်းညီနောင်အတွင်း စစ်ကောင်စီတပ်စခန်း ၅ ခုသာ ကျန်ရှိ
Next Article မန္တလေးမြို့ ကျုံးတောင်ဘက်ရှိ စစ်ကောင်စီ သင်္ကြန်မုခ်ဦး ပြိုကျ
thanlwinkhet
  • Website

Related Posts

ယူကရိန်းဒရုန်းစစ်ဆင်ရေးအတွင်း ရုရှားတိုက်လေယာဥ် ၄၀ ကျော် ပျက်စီး

June 2, 2025

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ အရာထင်မှာ မဟုတ်လို့ မလေးရှားပြော

May 27, 2025

အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်

May 21, 2025

Leave A Reply Cancel Reply

Recent Posts

  • မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်
  • သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ
  • ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ
  • စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ
  • သေ့ဘောဘိုးစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက် မြဝတီတောင်ပိုင်းတွင် နောက်ထပ် စခန်း ၃ ခုသာကျန်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ

ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ

စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်

June 4, 2025

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ

June 4, 2025

ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ

June 4, 2025

စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ

June 4, 2025

သေ့ဘောဘိုးစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက် မြဝတီတောင်ပိုင်းတွင် နောက်ထပ် စခန်း ၃ ခုသာကျန်

June 3, 2025

ဖားကန့်တွင် ယမ်းဂိုထောင်ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံး

June 3, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.