ထိုင်း – မြန်မာနယ်စပ်တွင် လက်နက်များထပ်မံဖမ်းဆီးရမိ
*******
သံလွင်ခက်
ဧပြီ ၅၊ ၂၀၂၄။
ထိုင်း – မြန်မာနယ်စပ် မယ်ဆောက်မြို့တွင် လက်နက်များထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းဒေသတွင်းသတင်းဌာနများတွင် ဖော်ပြသည်။
မယ်ဆောက်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းတပ်ဖွဲ့သည် ထိုင်း – မြန်မာနယ်စပ်ရှိနေအိမ် ၁ အိမ်အားဝင်ရောက်ရှာဖွေရှာ အသက် ၃၅ နှစ်အရွယ်ရှိအမျိုးသား ၁ ဦးပိုင်ဆိုင်သော လက်နက်နှင့် ကျည်ဆန်များသိမ်းဆည်းရှိမိခဲ့ခြင်းဖြစ်သည်။
အဆိုပါအမျိုးသားအား မယ်ဆောက်ရဲစခန်းတွင် ခေါ်ယူစစ်ဆေးလျက်ရှိသည်ဟုသိရသော်လည်း မည်သည့်နိုင်ငံသားဖြစ်သည်ကိုမူ ဖော်ပြထားခြင်းမရှိသေးပါ။
ပြီးခဲ့သည့် ဧပြီ ၃ ရက်ကလည်း ထိုင်း – မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးစွန့်ပစ်ထားသော အိတ် ၁ အိတ်အတွင်းက RPG အပါအဝင် လက်နက်ခဲယမ်းများ ထိုင်းပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည့်အပြင် မြန်မာနိုင်ငံကို ဒရုန်းအချက်ပြဆင်ဆာဖြတ်လက်နက်ပို့ဆောင်မည့် လူငယ် ၂ ဦးကိုလည်း မတ်လ ၂၉ ရက် တွင် ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သည်။
Ref: เอก เกียรติศักดิ์ แม่สอด.