• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ဖျာပုံအကျဉ်းထောင် နိုင်/ကျဉ်းများအပါဝင် အကျဥ်းသားများအား ထောင်ဒဏ်ထပ်တိုး
နေ့စဉ်သတင်း

ဖျာပုံအကျဉ်းထောင် နိုင်/ကျဉ်းများအပါဝင် အကျဥ်းသားများအား ထောင်ဒဏ်ထပ်တိုး

thanlwinkhetBy thanlwinkhetApril 2, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဖျာပုံအကျဉ်းထောင် နိုင်/ကျဉ်းများအပါဝင် အကျဥ်းသားများအား ထောင်ဒဏ်ထပ်တိုး
*****************

သဇင်
ဧပြီ ၂၊၂၀၂၄။

ဧရာဝတီတိုင်း၊ ဖျာပုံအကျဉ်းထောင်တွင် ‌ထောင်ဖောက်ရန်ကြံစည်သည်ဟူသောစွပ်စွဲချက်ဖြင့် နိုင်ငံရေးအကျဥ်းသားအပါအဝင် အကျဥ်းသား ၁၇ ဦးကို ထောင်ဒဏ် ၆ လ ထပ်မံချမှတ်လိုက်သည်ဟု အကျဥ်းထောင်နှင့် နီးစပ်သူများထံက သိရသည်။

မတ်လ ၃၁ ရက် ညနေပိုင်းတွင် အကျဥ်းထောင်ဝန်ထမ်းက သက်ကြီးပိုင်းနိုင်ငံရေးအကျဉ်းသား ၁ ဦးကို ဆဲဆိုခဲ့ပြီး ထိုသို့ဆဲဆိုခဲ့သည်ကို ကျန်ရှိနေသည့် နိုင်ငံရေးအကျဥ်းသားများကမကျေနပ်သည့်အတွက် အချင်းများကြရာကနေ ခိုက်ရန်ဖြစ်ပွားမှုအထိဖြစ်ခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦး က ဆိုသည်။

ထိုသို့ခိုက်ရန်ဖြစ်ပွားခဲ့သည်ကို ထောင်အာဏာပိုင်များက အကျဥ်းထောင်ဖောက်ပြေးရန်ကြိုးစားခဲ့သည်ဟုဆိုကာ ရဲနှင့် စစ်သားများခေါ်ပြီး ပစ်ခတ်ဖြိုခွင်းခိုင်းခဲ့သည်ဟု သိရသည်။

ထို့နောက် ဖျာပုံအကျဉ်းထောင်သို့ ရဲနှင့်စစ်ကား ၃ စီးခန့် ရောက်ရှိလာခဲ့ပြီး သေနတ်ဖြင့်ပစ်ခတ်ဖြိုခွင်းခဲ့သည်။

ယင်းအပြင် ခိုက်ရန်ဖြစ်ပွားသည့်ဖြစ်စဉ်အတွင်းပါဝင်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား ၁၇ ဦးကို အချုပ်ခန်းပြင်ပခေါ်ထုတ်ကာ ရိုက်နှက်နှိပ်စက်စစ်ဆေးခဲ့ပြီး ထိုအထဲက ၃ ဦးသည် ပြင်းထန်ဒဏ်ရာရရှိ ထားသည်ဟု အကျဥ်းထောင်နှင့် နီးစပ်သူများထံက သိရသည်။

အကျဥ်းသားများကို ခေါ်ယူစစ်ဆေးပြီးနောက် တိုက်ပိတ်မည်ဟုသတင်းများထွက်ပေါ်ခဲ့ပြီး ယမန်နေ့ ဧပြီလ ၁ ရက်တွင် အဆိုပါ အကျဉ်းသားများအား ထောင်ဒဏ် ၆ လ ထပ်မံချမှတ်ခဲ့သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူ ၁ ဦးက ပြောသည်။

၄င်းက “အကျဉ်းသား ၁၇ ဦးကို ထောင် ၆ လ ထပ်ချလိုက်တာ။ မနေ့က စစ်ဆေးတဲ့ချိန်မှာ သူတို့ကိုဗျင်းတယ်။ ဗျင်းတော့ သူတို့ကပြန်ခုခံတော့ ဒုထောင်ပိုင်နဲ့ ထောင်ပိုင်ကြီးက ကျွေးပြီးတော့ကြိုးတုပ်ထားတယ်” ဟု ဆိုသည်။

ဖျာပုံအကျဥ်းထောင်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး‌နောက် ဧပြီလ ၁ ရက်ကစ၍ ပါဆယ်လက်ခံခြင်းမရှိတော့ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားသည်။

ယနေ့ ဧပြီလ ၂ ရက်တွင် ဖျာပုံအကျဥ်းထောင်အနီးဝန်းကျင်၌ လုံခြုံရေးတင်းကြပ်ထာပြီး ထောင်အဝင်အထွက် များ တင်းကြပ်စစ်ဆေးနေကာ လက်ရှိအချိန်ထိ အကျဉ်းသားများကို စစ်ဆေးနေဆဲဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦး က ဆိုသည်။

၄င်းက “အဲဒီ ၁၇ ဦးအပြင် ထပ်ပြီးခေါ်ထုတ်ခံရတာ ရှိတယ်လို့ သိရတယ်။ လမ်းကြောင်းတွေကိုလည်း အကုန်လုံးကင်းယူထားတယ်။ ထောင်ကိုလည်း လုံခြုံရေးသေချာယူလိုက်တဲ့အတွက် သတင်းတွေအားလုံး ပိတ်ဆို့ခံလိုက်ရတယ်”ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နှင့် ၆ရက်တွင်လည်း ပုသိမ်အကျဉ်းထောင်တွင်း၌ နိုင်ငံရေးအကျဉ်းသားများကို ထောင်ဆူသည်ဆိုသောအကြောင်းပြချက်ဖြင့် အကျဥ်းဦးစီးဝန်ထမ်းများနှင့် ရဲများက အကြမ်းဖက်ဖြိုခွင်းခဲ့ပြီးနောက် ဝိုင်းဝန်းရိုက်နှက်သဖြင့် နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး သေဆုံးခဲ့ရသည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်အထိ မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များတွင်ထိန်းသိမ်းခံထားရသူ ၂၀,၂၉၆ ဦးရှိသည်ဟု နိုင်ငံရေးအကျဉ်း သားများကူညီစောက်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန်ထားသည့်စာရင်းအရသိရသည်။

ဓာတ်ပုံ – PPNM
ပုံစာ – ဖျာပုံအကျဉ်းထောင်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleရခိုင်ပြည်နယ်ရှိအကျဉ်းထောင်များမှ အကျဉ်းသားများအား စစ်တွေသို့ပြောင်းရွှေ့ထား
Next Article မိုးမောက်ရှိ ကျောက်စခန်းစုပေါင်းဂိတ်ကို KIA ပူးပေါင်းတပ်သိမ်းပိုက်
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.