• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဖားကန့်ဒေသခံ နှစ်ဦးထပ်မံ ပစ်ခတ်ခံရ
  • ကျောက်ဖြူတွင် စစ်ကောင်စီတပ်သားများ လက်နက်ချ
  • နယ်စပ်ဂိတ်အားလုံးပိတ်ပစ်ပြီး ထိုင်းပစ္စည်းတင်သွင်းခွင့်တားမြစ်မယ်လို့ ဟွန်ဆန်ခြိမ်းခြောက်
  • ကျားဖြန့်မှ ကယ်ထုတ်ခဲ့‌သော ပါကစ္စတန်နိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်း
  • KNU ဥက္ကဌဟောင်း စောဘိုမြ၏ ဇနီး ကွယ်လွန်
  • ကော်သူးလေ သမိုင်းမှ အုပ်ချုပ်ရေးနှင့် ပြုပြင်မွမ်းမံမှုများကို သင်ခန်းစာယူရန်လိုဟု KNU ဥက္ကဌပြော
  • တတိယကမ္ဘာစစ်စတင်နေပြီလို့ ရုရှားစစ်ဗိုလ်ချုပ်ကြေညာ
  • ဆေးဝါးကုသခွင့်မရ၍ ငါးလအတွင်း နိုင်ကျဉ်း ၁၁ ဦး သေဆုံး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နိုင်ငံတကာသတင်း»ချင်းမိုင်အစည်းအဝေးတက်ရောက်ခဲ့သည့် LDU နှင့် PNLO သည် အဖွဲ့အစည်းကိုကိုယ်စားမပြု
နိုင်ငံတကာသတင်း

ချင်းမိုင်အစည်းအဝေးတက်ရောက်ခဲ့သည့် LDU နှင့် PNLO သည် အဖွဲ့အစည်းကိုကိုယ်စားမပြု

thanlwinkhetBy thanlwinkhetMarch 20, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ချင်းမိုင်အစည်းအဝေးတက်ရောက်ခဲ့သည့် LDU နှင့် PNLO သည် အဖွဲ့အစည်းကိုကိုယ်စားမပြု

***********************

နန်းဆုပန်ခန့်

မတ် ၂၀၊ ၂၀၂၄။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်  NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့၏ ဆွေးနွေးပွဲအပြီး ဖွဲ့စည်းလိုက်သော 7 Ethnic Armed Organizations Alliance-7 EAO Alliance အဖွဲ့တွင် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLO အနေဖြင့် ပါဝင်ခြင်းမရှိဟု သက်ဆိုင်ရာအဖွဲ့အစည်းများက အသီးသီးထုတ်ပြန်ပြောဆိုထားကြသည်။

မတ်လ ၁၇ ရက်နှင့် ၁၈ရက်ဆွေးနွေးပွဲကို တက်ရောက်သောအဖွဲ့အမည်စာရင်း၌  LDU အဖွဲ့အမည်ပါပြီး LDU အနေဖြင့် တက်ရောက်ခြင်းမရှိဟု လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU က မတ်လ ၁၉ ရက် ယမန်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါဆွေးနွေးပွဲကိုတက်ရောက်ခဲ့သော ကျာဆော်လမွန် သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၈ ရက်တွင် LDU ကော်မတီအဖွဲ့က ၎င်းတာဝန်ယူထားသော လုပ်ငန်းတာဝန်နှင့် ရာထူးများအား ရပ်စဲထားပြီးဖြစ်သည်။

ထို့ကြောင့် ကျာဆော်လမွန်သည် LDU အမည်နာမအားအလွဲသုံးစားပြုပြီး စစ်ကောင်စီနှင့် ပူးပေါင်းကာ NCA-s EAO အစည်းအဝေးသို့တက်ရောက်ခြင်းအပေါ် LDU နှင့်အတူ လားဟူခေါင်းဆောင်များနှင့် လားဟူပြည်သူများက ပြင်းထန်စွာ ရှုတ်ချကန့်ကွက်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အတူ ဆွေးနွေးပွဲအပြီး NCA လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့က မဟာမိတ်စုဖွဲ့မှုပုံစံသစ်အနေဖြင့် 7 EAO Alliance ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ယင်း ၇ ဖွဲ့ထဲတွင်  PNLO အဖွဲ့အမည်လည်း ပါဝင်ခဲ့သည်။

အစည်းအဝေးထုတ်ပြန်ချက်တွင် PNLO အား အဖွဲ့ဝင်ဟုထည့်ထားခြင်းသည် PNLO ၏သဘောထားမပါကြောင်း PNLO ဥက္ကဋ္ဌ ဗိုလ်ချုပ် ခွန်သူရိန် ကပြောသည်။

PNLO သည် လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်ဒေသ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားလျက် ရှိသည်။

၂ ရက်တာဆွေးနွေးပွဲသို့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် ဗဟိုအလုပ်အမှုဆောင် ၂ ဦး တက်ရောက်ခဲ့ သည်ကိုတွေ့ရပြီး 7 EAO Alliance အတွင်းရေးမှူးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် PNLO က အဖွဲ့ဝင် ၁ ဦး ပါဝင်သည်ဟု ထုတ်ပြန်ထားသည်။

မျက်နှာစုံညီအစည်းအဝေးကချမှတ်ထားသော နိုင်ငံရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်နိုင်ရန် အဖွဲ့ ခေါင်းဆောင်အဖြစ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က တာဝန်ယူပြီး မွန်ပြည်သစ်ပါတီ – MNSP က နိုင်အောင်မင်း က ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူမည် ဖြစ်သည်။

ယင်းအပြင် အတွင်းရေးမှူးအဖွဲ့တွင် RCSS မှ ဗိုလ်မှူးကြီးစိုင်းငင်း က အထွေထွေအတွင်းရေးမှူး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် – ငြိမ်းချမ်းရေးကောင်စီ – KNU/KNLA – PC မှ ဗိုလ်မှူးကြီး စောကျော်ညွန့် က တွဲဘက် အထွေထွေအတွင်းရေးမှူးအဖြစ်တာဝန်ယူထားပြီး အဖွဲ့ဝင်များအနေဖြင့် MNSP မှ နိုင်အောင်မငေး၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် – DKBA က ဗိုလ်မှူးချုပ် စောစိန်ဝင်း၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး – LDU က ကျာယာကုပ်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှ ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင် နှင့် PNLO မှ အဖွဲ့ဝင် ၁ ဦးတို့ပါဝင်သည်ဟု သိရသည်။

************

Telegram– > https://t.me/newstlk/3877

YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d

Website – > https://thanlwinkhet.net/?p=8510

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်မှုထမ်းတပ်သားသစ် ရိုဟင်ဂျာများအပါအဝင် စစ်ကောင်စီတပ်သားရုပ်အလောင်းများ AA ထုတ်ပြန်
Next Article ကြာအင်းဆိပ်ကြီးရှိ တပ်စခန်း ၂ ခုကို KNLA နှင့် SOF ပူးပေါင်းသိမ်းပိုက်
thanlwinkhet
  • Website

Related Posts

တတိယကမ္ဘာစစ်စတင်နေပြီလို့ ရုရှားစစ်ဗိုလ်ချုပ်ကြေညာ

June 14, 2025

အိန္ဒိယလေယာဉ်ပျက်ကျမှုမှ အသက်ရှင်လွတ်မြောက်ခဲ့သူ “ပျံသန်းပြီး ၃၀ စက္ကန့်အကြာတွင် ပြဿနာ စတင်ခဲ့” ဟုဆို

June 12, 2025

ခရီးသည် နှစ်ရာကျော်ပါ အိန္ဒိယလေယာဉ် ပျက်ကျသည့် မြင်ကွင်းရုပ်သံ

June 12, 2025

Leave A Reply Cancel Reply

Recent Posts

  • ဖားကန့်ဒေသခံ နှစ်ဦးထပ်မံ ပစ်ခတ်ခံရ
  • ကျောက်ဖြူတွင် စစ်ကောင်စီတပ်သားများ လက်နက်ချ
  • နယ်စပ်ဂိတ်အားလုံးပိတ်ပစ်ပြီး ထိုင်းပစ္စည်းတင်သွင်းခွင့်တားမြစ်မယ်လို့ ဟွန်ဆန်ခြိမ်းခြောက်
  • ကျားဖြန့်မှ ကယ်ထုတ်ခဲ့‌သော ပါကစ္စတန်နိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်း
  • KNU ဥက္ကဌဟောင်း စောဘိုမြ၏ ဇနီး ကွယ်လွန်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဖားကန့်ဒေသခံ နှစ်ဦးထပ်မံ ပစ်ခတ်ခံရ

ကျောက်ဖြူတွင် စစ်ကောင်စီတပ်သားများ လက်နက်ချ

နယ်စပ်ဂိတ်အားလုံးပိတ်ပစ်ပြီး ထိုင်းပစ္စည်းတင်သွင်းခွင့်တားမြစ်မယ်လို့ ဟွန်ဆန်ခြိမ်းခြောက်

ကျားဖြန့်မှ ကယ်ထုတ်ခဲ့‌သော ပါကစ္စတန်နိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်း

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဖားကန့်ဒေသခံ နှစ်ဦးထပ်မံ ပစ်ခတ်ခံရ

June 16, 2025

ကျောက်ဖြူတွင် စစ်ကောင်စီတပ်သားများ လက်နက်ချ

June 16, 2025

နယ်စပ်ဂိတ်အားလုံးပိတ်ပစ်ပြီး ထိုင်းပစ္စည်းတင်သွင်းခွင့်တားမြစ်မယ်လို့ ဟွန်ဆန်ခြိမ်းခြောက်

June 16, 2025

ကျားဖြန့်မှ ကယ်ထုတ်ခဲ့‌သော ပါကစ္စတန်နိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်း

June 16, 2025

KNU ဥက္ကဌဟောင်း စောဘိုမြ၏ ဇနီး ကွယ်လွန်

June 14, 2025

ကော်သူးလေ သမိုင်းမှ အုပ်ချုပ်ရေးနှင့် ပြုပြင်မွမ်းမံမှုများကို သင်ခန်းစာယူရန်လိုဟု KNU ဥက္ကဌပြော

June 14, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.