• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ပိတ်မိနေသည့် ဝိုင်းမော်ဒေသခံအဘွားအို ၁ ဦး အောက်ဆီဂျင်ပြတ်၍သေဆုံး
တိုက်ပွဲသတင်း

ပိတ်မိနေသည့် ဝိုင်းမော်ဒေသခံအဘွားအို ၁ ဦး အောက်ဆီဂျင်ပြတ်၍သေဆုံး

thanlwinkhetBy thanlwinkhetMarch 13, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ပိတ်မိနေသည့် ဝိုင်းမော်ဒေသခံအဘွားအို ၁ ဦး အောက်ဆီဂျင်ပြတ်၍သေဆုံး

*****************************

နန်းဆုပန်ခန့်

မတ် ၁၃၊ ၂၀၂၄။

ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့် စစ်ကောင်စီတပ်ကြားဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် ပိတ်မိနေသည့် ဝိုင်းမော်မြို့က အဘွားအို ၁ဦး  အောက်ဆီဂျင်ပြတ်၍ ယမန်နေ့က သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။

အသက် ၇၀ ကျော်ရှိနေပြီဖြစ်သည့် အဆိုပါအဘွားအို သည် ယမန်နေ့ ညနေ ၆ နာရီအချိန်တွင် အသက်ရှုကြပ်ကာသေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဝိုင်းမော်ဒေသခံအမျိုးသမီး ၁ ဦးက သံလွင်ခက်ကိုပြောသည်။

၎င်းက “ သူနေတဲ့နေရာမှာ အသက်ရှုကြပ်သွားလို့ အဘွား ၁ ယောက် ဆုံးသွားပါတယ် ။ ဆုံးသွားတဲ့အဘွားကိုတော့ ဆုံးတာနဲ့ ရှေ့တန်းက စစ်သားတွေကို ခွင့်တောင်းပြီးတော့ ချက်ချင်း သူ့အိမ်မှာ သွားမြှုပ်ပေးခဲ့ပါတယ်“ ဟု ဆိုသည်။

ယခုမတ်လ ၇ ရက်က ဝိုင်းမော်မြို့အနီး ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အောင်မြေ ၁၊ အောင်မြေ ၂ နှင့် ရွှေညောင်ပင်ကျေးရွာတို့ရှိ ဒေသခံ ၁,၀၀၀ ဝန်းကျင်သည် အောင်မြေ ၂ ကျေးရွာဘုန်းကြီးကျောင်း၌ ယနေ့အချိန်ထိ ပိတ်မိနေခြင်းဖြစ်သည်။

ယမန်နေ့ နံနက်ပိုင်းတွင် ဝိုင်းမော်မြို့မှ KIA တပ်များ ဆုတ်ခွာသွားသော်လည်း ပိတ်မိနေသည့်ဒေသခံများကို စစ်ကောင်စီတပ်များက ပိတ်ဆို့ထားဆဲဖြစ်ကာ ပိတ်မိနေသည့်ဒေသခံများအနေဖြင့် နေရာကျဉ်းခြင်း၊ ရွာပြင်ထွက်ခွင့်မရှိခြင်းများအပြင် စားနပ်ရိက္ခာနှင့် ဆေးဝါးများပြတ်​တောက်မှု အခက်အခဲများပါ ကြုံတွေ့နေကြရသည်။

ဒေသခံအမျိုးသမီး ၁ ဦးကတော့ “ အခုက ဖျားတဲ့လူတွေကတော့ အကုန်လုံးလိုလိုဖျားနေကြပြီ။ ဆေးရုံမရှိဘူး။ ဆေးယူဖို့လည်း အပြင်ကိုထွက်ခွင့်မရှိဘူးရှင့်။ အစားအ သောက်တွေကလည်း ရိက္ခာတွေကလည်းပြတ်နေပြီ။ တချို့ကတော့ ဆန်နည်းနည်းပါးပါးရှိတယ်။ ကိုယ့်ဟာနဲ့ကိုယ်ချက်စားနေကြတာပဲရှင့်။ ရေလည်း ဒီမှာက ရေ တွင်း ၁ တွင်းပဲရှိတယ်။ ဒီရေတွင်းကလည်း ခမ်းနေပြီ။ သောက်ရေတွေ ဘာတွေမရှိဘူး” ဟု ဆိုသည်။

မတ်လ ၉ ရက်တွင်လည်း ဒေသခံများပိတ်မိနေသည့်နေရာကို လက်နက်ကြီးကျရောက်ခဲ့သောကြောင့် ၅ ဦးဒဏ်ရာရရှိခဲ့ပြီး ယင်းအနက်က အသက် ၅၀ ကျော် အမျိုးသမီး ၂ ဦးနှင့် အသက် ၈၀ ကျော် အမျိုးသမီး ၁ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ယနေ့ မတ်လ ၁၃ ရက်အထိပိတ်မိနေသည့် ဒေသခံများ အား ကယ်ထုတ်နိုင်ရန်အတွက် ဝါရှောင်ဆရာတော်၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် –  KBC ၊ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့  – PCG ၊ ရှမ်းလူငယ် ပရဟိတအဖွဲ့များ သွားရောက်ကယ်ထုတ်ရန်ကြိုစားနေဆဲဖြစ်သည်ဟု  ဝါရှောင်ဆရာတော်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြောဆိုထားသည်။

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/3732

YouTube – > https://youtu.be/VWUnOqS3CvY?si=v5aJiF7msrZh0BNt

Website – >   https://thanlwinkhet.net/?p=8304

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleခမရ- ၃၅၅ စခန်းက စစ်သုံးမော်တော်ယာဥ် ၆ စီးအပြင် လက်နက်ခဲယမ်းများစွာ KNLA သိမ်းပိုက်နိုင်ခဲ့
Next Article တအာင်းဒေသများ၌ မူးယစ်ဆေးဝါးကင်းစင်ရေးလုပ်ဆောင်မည်ဟု TNLA ဆို
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.