စစ်ကောင်စီက အရေးပေါ်ကာလ ၆ လသက်တမ်းထပ်မံ တိုးမြှင့်
******************
ယမင်းဖူးပွင့်အောင်
ဇန်နဝါရီ ၃၁၊ ၂၀၂၄။
အာဏာသိမ်းခဲ့တာ ၃ နှစ်ပြည့်ချိန်တွင် စစ်ကောင်စီက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (ကာ/လုံ)ခေါ်ယူကာ အရေးပေါ်ကာလ သက်တမ်း ၆လထပ်မံတိုးမြှင့်လိုက်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဟုဆိုကာ တစ်နှစ်သက်တမ်းဖြင့် အုပ်ချုပ်ခဲ့ပြီးနောက် စစ် ကောင်စီက အရေးပေါ်ကာလ ၆ လ သက်တမ်း အကြိမ် ကြိမ်တိုးမြှင့်ခဲ့ရာ ယခုဆိုလျှင် ၅ ကြိမ်ရှိခဲ့ပြီလည်းဖြစ် သည်။
ယနေ့ နေ့လယ်ပိုင်းတွင်ပြုလုပ်သည့် ကာ/လုံ အစည်း အဝေးကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ကာလုံအဖွဲ့ဝင် ဗိုလ်ချုပ်များ တက်ရောက်ခဲ့ကြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၂၅ ပြဋ္ဌာန်းချက်အရ အရေးပေါ်ကာလ ၆ လကို ၂ခါသာတိုးခွင့်ရှိသော်လည်း သာမန်မဟုတ်သည့်အခြေအနေဟူသော အကြောင်းပြချက်ပေး ကာ ယခုတစ်ကြိမ် ထပ်မံသက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။