• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ကာကွယ်ရေးရဲဘော် ၁ ဦး ကျဆုံးသော်လည်း ဆီဆိုင်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များဆက်လက်ထိန်းချုပ်ထား
တိုက်ပွဲသတင်း

ကာကွယ်ရေးရဲဘော် ၁ ဦး ကျဆုံးသော်လည်း ဆီဆိုင်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များဆက်လက်ထိန်းချုပ်ထား

thanlwinkhetBy thanlwinkhetJanuary 30, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကာကွယ်ရေးရဲဘော် ၁ ဦး ကျဆုံးသော်လည်း ဆီဆိုင်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များဆက်လက်ထိန်းချုပ်ထား

***************

ယမင်းဖူးပွင့်အောင်

ဇန်နဝါရီ ၃၀၊ ၂၀၂၄။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် – PNLA၊ KNDF၊ ပြည်သူ့ကာကွယ်ရေးတပ် – PDF ပူးပေါင်းတပ်ဖွဲ့တို့၏တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော် ၁ ဦးကျဆုံးခဲ့သည်ဟု သိရသည်။

ဇန်နဝါရီ ၂၃ ရက်ကစတင်၍ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့အပါအဝင် ပအိုဝ်းပြည်သူ့စစ် – PNA နှင့် PNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲများပြင်းထန်နေခြင်း ဖြစ်သည်။

ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပအိုဝ်းစော်ဘွား ခွန်ကြည် နောက် ဆုံးအုပ်ချုပ်ခဲ့သည့် ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မ တော် – PNLA က နယ်မြေတည်ငြိမ်ရေးအတွက် ဝင်ရောက်ထိန်းချုပ်လိုက်ပြီး ပအိုဝ်းအမျိုးသားအလံတော် စတင်လွှင့်ထူနိုင်ခဲ့သည်ဟု PNLA က ဇန်နဝါရီ ၂၈ ရက်တွင် တရားဝင် သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၅၀ ဝန်းကျင်ဖြင့် ဆီဆိုင်မြို့ကို လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ထုတ်နိုင်ခဲ့သော်လည်း NUG အမှတ်၂ စစ်ဒေသ၊ တပ်ရင်း ၁၁၀၁ က တပ်ဖွဲ့ဝင် ပါကျဲ သေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကပြောသည်။

“စစ်ကောင်စီက ဆီဆိုင်ကို မနေ့ကတက်လာတာ။ မနေ့ညနေကပဲ ပြန်မောင်းထုတ်လိုက်ပြီ။ ကျွန်တော်တို့ဘက် ၁ ယောက်ကျတယ်။ မနေ့ကပဲကျသွားတာ ပါကျဲ က” ဟုဆိုသည်။

ဆီဆိုင်မြို့ကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်ထားနိုင်ပြီဟု ဖော်ပြရေးသားနေကြသော်လည်း ဆီဆိုင်မြို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားဆဲဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးက ယနေ့မွန်းလွဲပိုင်း ၃ နာရီအချိန်တွင်အတည်ပြုပြောဆိုသည်။

“သတင်းဌာနတချို့တွေမှာ ကျွန်တော်တို့ဆုတ်သွားပြီလို့ ရေးနေကြတာတွေရှိတယ်။ ကျွန်တော်တို့ပြန်မဆုတ်သေးဘူး။ ဆီဆိုင်မြို့ထဲမှာပဲ ရှိနေသေးတယ်။ စစ်တပ်က ဟောင်ဝှစ်ဇာနဲ့ပစ်တယ်။ အတွဲလိုက်လည်း ပစ်တယ်။ Suicide Drone တွေနဲ့ပစ်နေတယ်။ ကျွန်တော်တို့ ပြန်ဆုတ်တယ်ဆိုတာမဟုတ်ဘူး” ဟုပြောသည်။

ယမန်နေ့တိုက်ပွဲတွင်ကျဆုံးသွားခဲ့သည့် ရဲဘော် ပါကျဲ ၏ ရုပ်အလောင်းအား နောက်တန်းစခန်းသို့ပြန်သယ်သွားခဲ့ပြီဟုလည်း ၎င်းကပြောသည်။

ရှမ်း / တောင် ဆီဆိုင်မြို့တွင်ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို တန်ပြန်တိုက်ခိုက်ရန် စစ်ကောင်စီကာကွယ်ရေးပစ္စည်းစက်ရုံ – ကပစ ထုတ်လက်နက်များကို စစ်ကောင်စီလက်အောက်ခံပြည်သူ့ စစ်အဖွဲ့ PNA အား စစ်ကောင်စီက ဖြည့်တင်းပေးထားသည်ဟု သိရသည်။

ဓာတ်ပုံ – PNLA , Aung Khant’s Facebook

*****************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/3195

YouTube – > https://youtu.be/cZ9bsHWX2EU

Website – > https://thanlwinkhet.net/?p=7399

Author

  • thanlwinkhet
    thanlwinkhet
    View all posts
Share. Facebook Twitter WhatsApp
Previous Article၂၀၂၃အတွင်း နိုင်ငံ့စီးပွားရေး အပေါင်းလက္ခဏာဆောင်ခဲ့ဟု စစ်ခေါင်းဆောင်ဆို
Next Article လားရှိုးမြို့နယ် အီနိုင်းကျေးရွာကို MNDAA ဝင်ရောက်တပ်စွဲမှုကြောင့် ပြည်သူများစိုးရိမ်နေ
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.