• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရုရှားက တာလီဘန်အစိုးရကိုအသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာ
  • လှိုင်းဘွဲ့မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး ဘက်ပြောင်းခိုလှုံ
  • မြင်းခြံတွင် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၍ ၃၀ ထက်မနည်း သေဆုံး
  • ဥကရစ်ထတိုက်ပွဲအတွင်း ရွာသား သုံးဦး အပြင်းအထန် ဒဏ်ရာရ
  • လားရှိုးတွင် ပျက်စီးသွားသော မှတ်ပုံတင်ပြုလုပ်သူများကို ငွေကြေး အမြောက်မြားတောင်းခံ
  • ဥကရစ်ထ တိုက်ပွဲကြောင့် ထိုင်းဘက်တိမ်းရှောင်လာသည့် ဒေသခံများတွင် ဒဏ်ရာရသူများ ပါဝင်
  • ပျောက်ဆုံးနေသော စစ်ကောင်စီ တိုက်လေယာဉ် ဖားဆောင်းအနီး တွေ့ရှိ
  • မြန်မာ့စီးပွားရေး ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက် မှန်ကန်မှုမရှိဟု စစ်ကောင်စီဆို
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»NUG PDF များ ပိုမိုအားကောင်းဖို့ ညီနောင်၃ ဖွဲ့ကူညီပံ့ပိုးမည်
နေ့စဉ်သတင်း

NUG PDF များ ပိုမိုအားကောင်းဖို့ ညီနောင်၃ ဖွဲ့ကူညီပံ့ပိုးမည်

thanlwinkhetBy thanlwinkhetJanuary 19, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

NUG PDF များ ပိုမိုအားကောင်းဖို့ ညီနောင်၃ ဖွဲ့ကူညီပံ့ပိုးမည်
*************************
ယမင်းဖူးပွင့်အောင်
ဇန်နဝါရီ ၁၉ ၊ ၂၀၂၄ ။
လက်ရှိစစ်ဆင်ရေးအတွင်း စစ်လက်နက်ပစ္စည်းအမြောက်အများ သိမ်းဆည်းရရှိထားသည့် ညီနောင် ၃ ဖွဲ့အနေ ဖြင့် NUG လက်အောက်ရှိ PDF များ ပိုမိုအားကောင်းလာရန် ကူညီပံ့ပိုးနိုင်မည့်နည်းလမ်းများကို စဥ်းစားထား သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PSLF/TNLA ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် တားဂျုတ်ဂျား က ပြောသည်။
မြန်မာပြည်သူများလိုလားနေသည့် စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းသွားရန် ရှမ်းမြောက်စစ်ဆင်ရေး တစ်ခုတည်းကို အားကိုးနေ၍မရဘဲ NUG လက်အောက်ရှိ PDF များလည်း အားကောင်းရန်လိုအပ်သောကြောင့် ဘက်ပေါင်းစုံက ဝိုင်းဝန်းပံ့ပိုးပေးရန် ဗိုလ်ချုပ် တားဂျုတ်ဂျား က မေတ္တာရပ်ခံသည် ။
” အထူးသဖြင့် NUG လက်အောက် PDF တွေအားကောင်းဖို့လိုတယ် ။ အားကောင်းဖို့လည်း ကျွန်တော်တို့ဘက်မှာ တတ်နိုင်သမျှ ကူညီပံ့ပိုးတယ်။ အရင်ကလည်း ကူညီပံ့ပိုးတယ် ။ အခုလက်ရှိလည်း ဘယ်လိုနည်း လမ်းကြောင်းနဲ့ ကူမလဲဆိုတာကိုလည်း ကျွန်တော်တို့ဘက်မှာ စဥ်းစားထားတယ်။ အဲတော့ ဗမာပြည် ပြည်သူလူထုအနေနဲ့ PDF တွေ ဒီထက် ဒီထက်အားကောင်းအောင် ဝိုင်းဝန်းပံ့ပိုးပေးဖို့ တောင်းဆိုလိုပါတယ် ။ မေတ္တာရပ်ခံတယ် “ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်၌စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” သည် ၂ လကျော် ၃ လနီးပါးကာလ အတွင်း စစ်ကောင်စီ၏ စခန်းပေါင်း ၅၀၀ ကျော်နှင့် ရှမ်းမြောက်ရှိ မြို့ ၁၇ မြို့ ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားနိုင်ခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့အပါအဝင် ရှမ်းမြောက်ရှိ မြို့အချို့ကို ဆက်လက်ထိုးစစ်ဆင်သိမ်းပိုက်ရန် ကျန်ရှိနေသော်လည်း တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုဖြင့် ရှမ်း မြောက်၌ ဇန်နဝါရီ ၁၂ ရက်ကစ၍ ယာယီအပစ်ရပ်စဲထားခဲ့သည်။
” ဗမာပြည်တစ်ခုလုံး ကျွန်တော်တို့ ၁၀၂၇ စစ်ဆင်ရေး ပေါ်မှာ အများကြီး အားကိုးအားထားပြီးတော့ တအားကြီး ထောက်ခံတယ်။ ဒါကိုလည်း ကျွန်တော်တို့ အများကြီးကျေးဇူးတင်တယ် ။ ဆက်ပြီးတော့ ဒီတော်လှန်ရေးတွေ လျော့မသွားအောင် ကျွန်တော်တို့ဘက်မှာလည်း စဥ်းစားတာရှိပါတယ် ” ဟု ဗိုလ်ချုပ်တားဂျုတ်ကျားက ပြောသည်။
ယာယီအပစ်ရပ်ထားသည့်ကာလအတွင်း စစ်ဆင်ရေးအရှိန် အနည်းငယ်ရပ်တန့်သွားသည်ဟု ထင်ရသော်လည်း မပြောင်းလဲသောကိန်းသေအလျင်နှုန်းဖြင့် မိမိတို့၏ “၁၀၂၇ စစ်ဆင်ရေး” ကြီးသည်လည်း ဆက်လက်ရွေ့လျား လျက်ရှိနေပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသော ဘုံရည်မှန်းချက်များအတွက် ပုံမှန်အလုပ်လုပ်လျက်ရှိ သည် ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့၌ သတင်းထုတ်ပြန်သည်။
ရှမ်းမြောက်ပိုင်း၌ပေါ်ပေါက်လာသည့် စစ်ဆင်ရေးများကြောင့် ကရင်နီပြည်နယ်အတွင်းရှိ စစ်ရေးအရှိန်များကို ယခင်ကထက်ပိုမို လုပ်ဆောင်နိုင်ခဲ့သည်ဟု ကရင်နီတပ်တော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင် က ပြော သည်။
ထို့ကြောင့် လွိုင်ကော်မြို့အပါအဝင် ကရင်နီပြည်ရှိ မြို့သိမ်းတိုက်ပွဲများကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်ကစ၍ “၁၁.၁၁ စစ်ဆင်ရေး” အဖြစ် ကရင်နီပူးပေါင်းတပ်များက ဆင်နွှဲလျက်ရှိနေသည်။
ကရင်နီစစ်ဆင်ရေး၊ ညီနောင်မဟာ ၃ ဖွဲ့စစ်ဆင်ရေးများနှင့်အတူ NUG PDF များ စုစုစည်းစည်းဖြင့် နိုင်ငံအနှံ့စစ် ဆင်ရေးများ ယခုထက်ပိုမိုကျယ်ပြန့်အားကောင်းလာလျှင် ပြည်သူအားလုံး လိုလားနေသည့်ရည်မှန်းချက်များ အမြန်ဆုံးဖြစ်လာမည်ဟု လက်ရှိစစ်ဆင်ရေးများဆင်နွှဲနေသည့် တိုင်းရင်းသားခေါင်းဆောင်တချို့က မှတ်ချက်ပြုသည်။
” တစ်နိုင်ငံလုံး ညီညီညွတ်ညွတ်နဲ့ စစ်ဆင်ရေးတွေလုပ်လာနိုင်ရင် ကျွန်တော်တို့ရဲ့ရည်မှန်းချက်က ပိုပြီးတော့ အောင်မြင်ဖို့ မြန်ဆန်မယ်ပေါ့နော် “ဟု ဗိုလ်မှူးကြီး ဘုန်းနိုင် က ပြောသည်။
ရှမ်းမြောက်၌ပေါ်ပေါက်လာသည့် စစ်ဆင်ရေးနှင့်အတူ NUG လက်အောက်ခံ PDF တပ်ရင်းများအနေဖြင့် မြို့ သိမ်းနှင့် စခန်းသိမ်းတိုက်ပွဲတချို့ဖော်ဆောင်ထားနိုင်သော်လည်း လက်ရှိအခြေအနေထက် စစ်ဆင်အရှိန်ပိုမိုမြင့် တင်နိုင်ရန် လက်နက်၊ ခဲယမ်းလိုအပ်ချက်စိန်ခေါ်မှု နှင့် အခက်အခဲများရှိနေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ် PDF များထံကသိရသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမဟာမိတ်တပ်များကို ဘာသာရေးအကြမ်းဖက်ဟုစွပ်စွဲထားသည့်စစ်ကောင်စီက လက်ခတ်တောင်ရှိစေတီများကို ဗုံးကြဲ
Next Article ၂၀၂၃ ခုနှစ်အတွင်း ကော်သူးလေနယ်မြေတွင် စစ်ကောင်စီကလူ့အခွင့်အရေး ၁၈ မျိုးထက်မနည်းကျူးလွန်
thanlwinkhet
  • Website

Related Posts

လှိုင်းဘွဲ့မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး ဘက်ပြောင်းခိုလှုံ

July 4, 2025

မြင်းခြံတွင် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၍ ၃၀ ထက်မနည်း သေဆုံး

July 4, 2025

ဥကရစ်ထတိုက်ပွဲအတွင်း ရွာသား သုံးဦး အပြင်းအထန် ဒဏ်ရာရ

July 4, 2025

Leave A Reply Cancel Reply

Recent Posts

  • ရုရှားက တာလီဘန်အစိုးရကိုအသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာ
  • လှိုင်းဘွဲ့မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး ဘက်ပြောင်းခိုလှုံ
  • မြင်းခြံတွင် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၍ ၃၀ ထက်မနည်း သေဆုံး
  • ဥကရစ်ထတိုက်ပွဲအတွင်း ရွာသား သုံးဦး အပြင်းအထန် ဒဏ်ရာရ
  • လားရှိုးတွင် ပျက်စီးသွားသော မှတ်ပုံတင်ပြုလုပ်သူများကို ငွေကြေး အမြောက်မြားတောင်းခံ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရုရှားက တာလီဘန်အစိုးရကိုအသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာ

လှိုင်းဘွဲ့မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး ဘက်ပြောင်းခိုလှုံ

မြင်းခြံတွင် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၍ ၃၀ ထက်မနည်း သေဆုံး

ဥကရစ်ထတိုက်ပွဲအတွင်း ရွာသား သုံးဦး အပြင်းအထန် ဒဏ်ရာရ

ယခင်သတင်းများ

  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရုရှားက တာလီဘန်အစိုးရကိုအသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာ

July 5, 2025

လှိုင်းဘွဲ့မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး ဘက်ပြောင်းခိုလှုံ

July 4, 2025

မြင်းခြံတွင် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၍ ၃၀ ထက်မနည်း သေဆုံး

July 4, 2025

ဥကရစ်ထတိုက်ပွဲအတွင်း ရွာသား သုံးဦး အပြင်းအထန် ဒဏ်ရာရ

July 4, 2025

လားရှိုးတွင် ပျက်စီးသွားသော မှတ်ပုံတင်ပြုလုပ်သူများကို ငွေကြေး အမြောက်မြားတောင်းခံ

July 4, 2025

ဥကရစ်ထ တိုက်ပွဲကြောင့် ထိုင်းဘက်တိမ်းရှောင်လာသည့် ဒေသခံများတွင် ဒဏ်ရာရသူများ ပါဝင်

July 4, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.