ယမင်းဖူးပွင့်အောင်
ဇန်နဝါရီလ ၁၆ ၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် စစ်ကောင်စီ၏ တိုက်လေယာဉ် ၁ စီးကို KIA က ပစ်ချနိုင်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် – KIA တို့ ဇန်နဝါရီ ၁၆ ရက်၊ နေ့လယ် ၁၂ နာရီခန့်က ဖြစ်ပွားနေသည့်တိုက်ပွဲတွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာ ၁ စီးကို KI Aက ပစ်ချလိုက်သည်ဟု မြေပြင်သတင်း ရင်း မြစ်များက အတည်ပြုသည်။
KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ က စစ်ကောင်စီ ဂျက်ဖိုက်တာကိုပစ်ချနိုင်ခဲ့သည်ဟု အတည်ပြုပြော ဆိုထားခြင်းများရှိသော်လည်း ပစ်ချနိုင်ခဲ့သည့်လေယာဉ်အမျိုးအစားကို သံလွင်ခက်က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်တွင် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရှိ စစ်ကောင်စီ၏ ခလရ ၁၂၃ ကို ကချင်လွတ် မြောက်ရေးတပ်မတော် – KIA က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီးနောက်ပိုင်း ထိတွေ့တိုက်ပွဲများမကြာခဏ ဖြစ်ပွား နေသည်ဟုလည်း သိရသည်။
အဆိုပါ ခလရ – ၁၂၃ ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ၁၆ ရက်အကြာတွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – စစ်ကောင်စီ။
ပုံစာ – ပုံစာ – ၇၆ နှစ်ပြည့် လေတပ်နှစ်ပတ်လည်နေ့မြင်ကွင်း။