သံလွင်ခက်
ဇန်နဝါရီ ၁၆ ၊ ၂၀၂၄ ။
ကော့သူလေးတပ်မတော် – KTLA ၏ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးချုပ် စောနယ်ဒါးဗိုလ်မြ သည် ရှေ့တန်းရောက်ရှိ နေသည့် KTLA တပ်ဖွဲ့ဝင်များအား ယခုလအတွင်းက သွားရောက်တွေ့ဆုံအားပေးခဲ့သည် ။
အဆိုပါ တွေ့ဆုံချိန်၌ KTLA စစ်ဦးစီးချုပ်က ရှေ့တန်းတပ်ရင်း ၊ တပ်ဖွဲ့များ၏ ပြင်ဆင်စုဖွဲ့ထားသည့် အခြေအနေ များအား ကြည့်ရှု့ခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့သည်။
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – KNDO ၏ စစ်ဦးစီးချုပ်ဟောင်းဖြစ်သည့် ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြ သည် ကော်သူးလေတပ်မတော်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၇ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် KTLA တပ်ရင်းများသည် စစ်အာဏာရှင်အဆုံးသတ်ရေး စစ်ဆင်ရေးများဆောင်ရွက်နေသည်။
ပြီးခဲ့သည်ရက်ပိုင်းကကျရောက်ခဲ့သည့် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားရာတွင်လည်း ကရင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးပေါင်းစည်းကာ စစ်အာဏာရှင်ကို အပြီးတိုက်ထုတ်ရမည်ဟုလည်း ပြောဆို ထားသည်။
ဓာတ်ပုံ – ဖေငယ်/ သံလွင်ခက်