ပီတာ
ဇန်နဝါရီ ၁၆ ၊ ၂၀၂၄ ။
တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည် ။
ချင်းပြည်နယ်မြောက်ပိုင်းမြို့နယ်များနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ကလေးမြို့နယ်အတွက် စစ်ရေး၊ ကုန်သွယ် ရေးအရအရေးပါသော ကလေး – တီးတိန်၊ ကလေး – ဖလမ်းကားလမ်းဆုံရှိ သိုင်းငင်းကျေးရွာစစ်ကောင်စီစခန်း များကို ပူးပေါင်းတပ်များက ဇန်နဝါရီ ၁၂ ရက်တွင်စတင်တိုက်ခိုက်ခဲ့သည်။
သိုင်းငင်းကျေးရွာတွင် စစ်ကောင်စီစခန်း ၃ ခုရှိပြီး စခန်း ၂ ခုကို ယမန်နေ့က သိမ်းပိုက်နိုင်ခဲ့၍ လက်ကျန် စခန်း၁ ခုကိုတော့ ယနေ့နံနက်အစောပိုင်း၌ ထပ်မံသိမ်းပိုက်နိုင်ခြင်းဖြစ်သည်ဟု တော်လှန်ရေးရဲဘော် ၁ ဦးက သံလွင်ခက် ကိုပြောသည်။
ချင်းပူးပေါင်းတပ်များနှင့်နီးစပ်သည့် ဒေသခံအမျိုးသား ၁ ဦးကလည်း ” စခန်းတွေသိမ်းလိုက်နိုင်တာ ကြားသိရ တယ်။ အခုမနက်ဖုန်းဆက်တာ လေယာဥ်လာနေလို့ ဖုန်းချသွားတယ်။ အသေးစိတ်တော့ မသိရသေးဘူး “ဟု ပြောသည်။
သိုင်းငင်းကျေးရွာစစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲအတွင်း ကလေးမြို့ဘက်ရှိ စစ်ကောင်စီတပ်က လက်နက် ကြီးပစ်ကူများ အဆက်မပြတ်ပေးခဲ့သည့်အပြင် လေကြောင်းကလည်း နေ့စဥ်လာရောက်တိုက်ခဲ့သည်ဟု သိရ သည်။
” သိုင်းငင်းရွာ စကစ စခန်းကို ၆ ကြိမ်တိုက်ခိုက်တဲ့အထဲ ၅ ကြိမ်မှာတော်လှန်ရေးသမား ၄ ဦး နိုင်ငံအတွက် အသက်ပေးခဲ့ရတယ်။ အခု ၆ ကြိမ်မြောက်မှာ တော်လှန်ရေးသမား ၆ ဦးကျဆုံးပါတယ်။ ထိခိုက်ဒဏ်ရာရသူက တော့ ၆၀ လောက်ရှိပါတယ် ” ဟု PDF Zoland က ယနေ့နံနက်ပိုင်း၌ ဖော်ပြထားသည် ။
သိုင်းငင်းကျေးရွာ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများအတွင်း ချင်းတော်လှန်ရေးပူးပေါင်းတပ်များဘက်က ထိခိုက်ကျဆုံးမှုများရှိသည်ဟု ဒေသတွင်းမီဒီယာတချို့နှင့် ချင်းကာကွယ်ရေးတပ်များက ဖော်ပြထားကြသော် လည်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများကိုတော့ မဖော်ပြထားပေ။
ထို့ပြင် စခန်းသိမ်းတိုက်ပွဲ၌ လက်နက်၊ ခဲယမ်းသိမ်းပိုက်ရရှိမှုအခြေအနေကိုလည်း မသိရှိရသေးသလို အသေးစိတ် အချက်အလတ်များကို သံလွင်ခက်က မေးမြန်းနေဆဲဖြစ်သည် ။
Photo – သံလွင်ခက်