ရှမ်းမြောက်တွင် မြို့ကြီးအချို့နှင့် စစ်ရေးပစ်မှတ်များ သိမ်းယူရန်ကျန်ရှိနေသေးဟု ညီနောင်သုံးဖွဲ့ထုတ်ပြန်
******************
ယမင်းဖူးပွင့်အောင်
ဇန်နဝါရီ ၁၀၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် သိမ်းယူရန်သတ်မှတ်ထားသည့် မြို့ကြီးအချို့နှင့် စခန်းများအပါအဝင် စစ်ရေးပစ် မှတ်များ ကျန်နေသေးသည်ဟု သိရသည်။
ညီနောင်သုံးဖွဲ့အနေဖြင့် စစ်ဆင်ရေးကို တစ်ရက်မျှမနားခဲ့သည့်အပြင် မြို့ကြီးအချို့ကိုပါ ဆက်လက်သိမ်းယူသွား မည်ဖြစ်သည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ယမန်နေ့ညနေပိုင်းက ထုတ်ပြန်ထားသည်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မ တော် – TNLAနှင့် ရက္ခိုင့်တပ်တော် – AA တို့က လောက်ကိုင်၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ သိန္နီ၊ ဖောင်းဆိုင်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ခမ်း၊ မုံးကိုးနှင့် ပန်ဆိုင်း(ကြူကုတ်) စသည့် မြို့ ၁၅ မြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။
ညီနောင်မဟာမိတ်သုံးဖွဲ့နှင့်အတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် – BPLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)- MDY PDF စသည့် ကာကွယ်ရေးတပ်ဖွဲ့များက လည်း စစ်ဆင်ရေးများတွင် ပါဝင်ဆင်နွှဲလျက်ရှိသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီအနေဖြင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) တည်ရှိရာ လားရှိုး မြို့၊ နယ်စပ်ကုန်သွယ်ရေးအချက်အချာမြို့ဖြစ်သည့် မူဆယ်မြို့အပါအဝင် မြို့အနည်းငယ်ကိုသာ ထိန်းချုပ်ထား နိုင်တော့သည်။
စစ်ကောင်စီသတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ရှမ်းမြောက်ဒေသလုံခြုံရေး ကိစ္စရပ်များကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူများ၏ပူးပေါင်းပါဝင်မှုက အရေးကြီးသည်ဟု ယမန်နေ့ က ပြောဆိုထားသည်။
ဓာတ်ပုံ – ULA / AA