• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»လွတ်လပ်ရေးနေ့တွင် ကညွတ်ကွင်းမြို့ရှိ ကာကင်းစခန်း ၈ ခု ချေမှုန်းခံရ
တိုက်ပွဲသတင်း

လွတ်လပ်ရေးနေ့တွင် ကညွတ်ကွင်းမြို့ရှိ ကာကင်းစခန်း ၈ ခု ချေမှုန်းခံရ

thanlwinkhetBy thanlwinkhetJanuary 4, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

လွတ်လပ်ရေးနေ့တွင် ကညွတ်ကွင်းမြို့ရှိ ကာကင်းစခန်း ၈ ခု ချေမှုန်းခံရ
***************************

သံလွင်ခက်
ဇန်နဝါရီ ၄၊ ၂၀၂၄။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ကညွတ်ကွင်းမြို့အနီးရှိ စစ်ကောင်စီတပ်အတွက် ရိက္ခာသယ်ယူပို့ဆောင်ရေးတွင်အရေးကြီးသည့် တံတားတစ်ခုအပါအဝင် ကာကင်းစခန်း ၈ ခုကို ချေမှုန်းခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့တွင် ထုတ်ပြန်သည်။

ကညွတ်ကွင်းမြို့အနီး တောင်ဂုန်းတဲရွာအနီးရှိ စစ်ကောင်စီတပ်၏ ကာကင်းစခန်း ၈ ခု ဖြစ်သည့်
(၁) သံလမ်းတံတားကင်း
(၂) စာသင်ကျောင်းကင်း
(၃) ဘုန်းကြီးကျောင်းကင်း
(၄)နတ်စင်ကင်း
(၅)အုတ်ဖိုကင်း
(၆)လင်းယောခင်ရွာကင်း
(၇)အောင်မင်္ဂလာဘုန်းကြီးကျောင်းကင်း
(၈)ကညွတ်ကွင်းနှင့်တောကျွဲအင်းကြားရှိ တံတားကင်းစခန်းနှင့် တံတားတို့ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် ကာကွယ်ရေးပူးပေါင်းတပ်များက ယနေ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ နံနက် ၄ နာရီခွဲမှ ၅ နာရီခွဲအထိ ၁ နာရီအချိန်အတွင်း အဆိုပါနေရာများကို‌ ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ တိုက်ခိုက်ချေမှုန်းရှင်းလင်းစဉ်အတွင်း လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ် ၏ ထိခိုက်သေဆုံးမှုစာရင်းများကိုမူ စစ်ဆေးအတည်ပြုနေဆဲ ဖြစ်သည်ဟု KNU က ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲများတွင် ကင်းစခန်းများရှိ စစ်ကောင်စီတပ်သားအများအပြားထွက်ပြေးခဲ့ပြီ တပ်သား ၂၀ ဦးခန့် သေဆုံးခဲ့သည်ဟု ဖြစ်စဉ်အတွင်းပါဝင်ခဲ့သည့် တော်ဝင်ဒေါင်းစစ်ကြောင်းက ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများအပြင် ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေများနှင့်ပတ်သက်၍ သံလွင်ခက်သတင်းဌာနအနေဖြင့်သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

တိုက်ပွဲဖြစ်ပွားခဲ့ချိန်တွင် ရန်ကုန် – မန္တလေးကားလမ်း
ဟောင်းဖြစ်သည့် ကညွတ်ကွင်းနှင့် တောကျွဲအင်းကြား ကွင်းချောင်းတံတားကိုဖြတ်ထားသည့် ကညွတ်ကွင်းမြို့အဝင်ရှိ သံတံတားကျိုးကျခဲ့သည့်အတွက် ယာဉ်လမ်း ကြောင်းပိတ်ဆို့မှုများ ယာယီဖြစ်ပေါ်ခဲ့ကြောင်း ယာဉ်
မောင်းများထံက သိရသည်။

လက်ရှိတွင် ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ် သွားလာနေသည့်ကားများကို အမြန်လမ်းကတဆင့် ဖြတ်သန်းသွားလာခွင့်ပြုထားသည် ယာဉ်မောင်း ၁ ဦးက သံလွင်ခက်သတင်းဌာနကိုပြောသည်။

၎င်းက ” တိုက်ပွဲဖြစ်ဖြစ်ခြင်းမှာတော့ ခနပိတ်သွားတယ်။ အခုတော့ သွားလို့ရပါပြီ။ ကညွတ်ကွင်းအဝင်က တံတားကျိုးသွားတော့ ရန်ကုန်ဘက်ကလာတဲ့ ကားတွေဆို တောကျွဲအင်းနဲ့ ကညွတ်ကွင်းကြားမှာရှိတဲ့ သရက်စိန်လမ်းကနေ အမြန်လမ်းကိုတက်ပြီး သွားခိုင်းတယ်။ မန္တလေးဘက်ကလာတဲ့ ကားတွေဆို အုတ်တွင်းကနေ အမြန်လမ်းကို တက်ပြီးသွားခိုင်းတယ် ” ဟုဆိုသည်။

ပြီးခဲ့သည့် နှစ် ဧပြီလ ၄ ရက်ကနေ ၁၇ ရက်အထိ ကညွတ်ကွင်းမြိုအနီး ရန်ကုန်-မန္တလေးအမြန်လမ်း၊ ရန်ကုန် – မန္တ‌လေးလမ်းဟောင်းနှင့် ကညွတ်ကွင်းတံတားဝန်း ကျင်နေရာများတွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်များကြား တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးခဲ့ကာ ၆ ဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်ဟု Bago Region PDF က ထုတ်ပြန်ခဲ့သည်။

ပုံစာ ၁ – တော်ဝင်ဒေါင်းစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ။
ပုံစာ ၂ ၊ ၃ – ကျိုးကျခဲ့ပြီးနောက် မြင်တွေ့ရသည့် ကညွတ်ကွင်းသံတံတား။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Article“ဝ”ခေါင်းဆောင်နဲ့ပြည်သူတွေပူးပေါင်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝဖော်ဆောင်နိုင်ခဲ့တဲ့ “ဝ”ပြည်နယ်
Next Article ပလက်ဝရှိစစ်ကောင်စီစခန်းကုန်း ၂ ကုန်းအား ၃ ရက်အတွင်း AA သိမ်းပိုက်
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.