• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»စစ်ကောင်စီ၏ရမ်းကားပစ်ခတ်မှုကြောင့် မြောက်ဦးရှေးဟောင်းယဥ်ကျေးမှုပြတိုက်ရှိ ကျောက်စာများပျက်စီး
တိုက်ပွဲသတင်း

စစ်ကောင်စီ၏ရမ်းကားပစ်ခတ်မှုကြောင့် မြောက်ဦးရှေးဟောင်းယဥ်ကျေးမှုပြတိုက်ရှိ ကျောက်စာများပျက်စီး

thanlwinkhetBy thanlwinkhetDecember 25, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

စစ်ကောင်စီ၏ရမ်းကားပစ်ခတ်မှုကြောင့် မြောက်ဦးရှေးဟောင်းယဥ်ကျေးမှုပြတိုက်ရှိ ကျောက်စာများပျက်စီး
*****************************

မိခိုင်
ဒီဇင်ဘာ ၂၅ ၊ ၂၀၂၃။

ရခိုင်ပြည်နယ်၊ ​မြောက်ဦးမြို့တွင် စစ်ကောင်စီကပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်များ ရှေးဟောင်းယဥ်ကျေးမှုပြတိုက်သို့ကျ၍ ကျောက်စာများပျက်စီးသွားကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် – AA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် မြို့ပေါ် ရပ်ကွက်များသို့ ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံ ၁ ဦးက ပြောသည်။

“မနေ့ကတည်းက ရမ်းပစ်တာလေ။ မနက် ၃ နာရီလောက်မှာ လက်နက်ကြီးက မြို့ထဲကို တမင်ရည်ရွယ်ပြီးပစ်တယ်။ နန်းရာကုန်းဘက်ကို ကျသွားတယ်လို့ သိရတယ်။ လက်နက်ကြီးကျပြီးမှ ပျက်စီးသွားတာပေါ့။ ကျောက်စာနဲ့ အဆောက် အအုံတွေ ပျက်စီးသွားတယ်လို့ သိရတယ်” ဟု ၎င်းကပြောပြီး မြောက်ဦးတွင် လက်ရှိအချိန်ထိ လက်နက်ကြီးများဖြင့်ပစ်ခတ်လျက်ရှိကြောင်း ဆက်ပြောသည်။

ထို့ပြင် အိမ်စောင့်ကျန်နေခဲ့သည့် ဒေသခံများကိုလည်း စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများက ဆိုကြသည်။

” စစ်တပ်က မြို့လယ်မှာ အိမ်တွေကိုဝင်ပြီး လိုက်ဖမ်းနေတာရှိတယ်။ တိုက်ပွဲတော့ ဒီနေ့ ထပ်မဖြစ်သေးဘူး။ ဒါပေမယ့် လူတွေကိုတော့ မနေ့ကတည်းက သံသယနဲ့ ဖမ်းနေတာတွေ ကြားရတယ်။ ဒီနေ့လည်း ထပ်ဖမ်းတာတွေရှိတယ်လို့ သိရပါတယ် ” ဟု ပြောသည်။

မြောက်ဦးတွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် – AA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ ခမရ ၅၄၀ နှင့် ခမရ ၃၇၇ တပ်များက အနီးဝန်းကျင်ရှိကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် အကြိမ် ၁၀၀ ခန့် ရမ်းသမ်း ပစ်ခတ်ခဲ့သဖြင့် မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်တွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့၍ လင်မယား ၂ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ နေလယ် ၁ နာရီကျော်တွင်လည်း မြောက်ဦးအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ – ၃၇၇ တပ်ရင်းက တပ်ဖွဲ့ဝင်အင်အား ၇၀ ကျော်သည် မြောက်ဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ကုလားကန်တောင်ပိုင်း ရပ်ကွက်၊ ဗန္ဓုလရပ်ကွက် (ကျက်ပိတ်)ရပ်ကွက်များသို့ လက်နက်အင်အားအပြည့်အစုံဖြင့် ဝင်ရောက်လာကာ ရပ်ကွက်တွင်းက ဒေသခံ ၉ ဦးအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်အပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်မှုများကြောင့် ‌မြောက်ဦးမြို့ပေါ်ရှိ နေအိမ်အချို့ ပျက်စီးသွားခဲ့ကြောင်းလည်း သိရသည်။

ပုံစာ – လက်နက်ကြီးကျ၍ ပျက်စီးသွားသည့် ယဥ်ကျေးမှုပြတိုက်က ရှေးဟောင်းကျောက်စာများအားတွေ့ရစဥ်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကျည်ဆန်တွေ ဗုံးတွေကြားက ခရစ္စမတ်
Next Article ကော့ကရိတ်မြို့တွင် နေအိမ် အလုံး ၄၀ ခန့် မီးလောင်ပျက်စီး
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.