အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု နောက်ဆုံးနေ့ မဲဆောက်မြို့တွင်ကျင်းပ
***************
သံလွင်ခက်
ဒီဇင်ဘာ ၁၀ ၊ ၂၀၂၃။
နှစ်စဥ် နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ကမ္ဘာ့နိုင်ငံအသီးသီးတွင်ကျင်းပလေ့ရှိသည့် အမျိုးသမီး များအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုကို မဲဆောက်မြို့ရောက်ရှိနေသော လူငယ်နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက The Space – Youth Learning Center တွင် ကျင်းပခဲ့သည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းသည် ပြင်းထန်ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်သောကြောင့် မြန်မာနိုင်ငံစစ်ပွဲများအတွင်း အမျိုးသမီးများ၏ ဘဝဖြတ်သန်းမှု၊ တော်လှန်ရေးကာလအတွင်း အသက် ပေးလိုက်ရသည့်အမျိုးသမီးများအကြောင်း ရိုက်ကူးထားသည့် ဓာတ်ပုံ၊ ပန်းချီကားများနှင့် Our Mother of IDP Camp အမည်ရှိ Documentary ကိုလည်း ၁၆ ရက်တာလှုပ်ရှားမှုကာလအတွင်း ခင်းကျင်းပြသခဲ့လေသည်။
ယနေ့ ဒီဇင်ဘာ ၁၀ ရက်သည် ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်သလို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု၏ နောက်ဆုံးနေ့လည်း ဖြစ်သည်။
******************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2682
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6552