သင်္ဃန်းညီနောင်ရဲစခန်းစီးနင်းမှု ပူးပေါင်းတပ်များပြန်ဆုတ်လိုက်ရ
********************************
သံလွင်ခက်
ဒီဇင်ဘာ ၁ ၊ ၂၀၂၃ ။
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ သင်္ဃန်းညီနောင် ရဲစခန်းကို KNLAနှင့်PDF ပူးပေါင်းစစ်ကြောင်းများက စီးနင်းတိုက်ခိုက်ခဲ့ရာ တပ်ပြန်ဆုတ်ခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
အဆိုပါရဲစခန်းကို ပူးပေါင်းတပ်များက ယနေ့ ညနေ ၃ နာရီဝန်ကျင်းတွင် ဝင်ရောက်စီးနင်းခဲ့ရာ ထိတွေ့တိုက်ပွဲ ၁ နာရီခန့်အကြာ ဖြစ်ပွားခဲ့သည်။
” စခန်းကိုသူတို့ဝင်စီးတာတော့ဟုတ်တယ်။ ဒါပေမယ့်မရဘူး စခန်းက။ သိမ်းမရဘဲပြန်ဆုတ်သွားတယ်။ BGF က ၄ နာရီခွဲလောက်မှာ စစ်ကြောင်းလာထိုးတဲ့ အချိန်မှာ ထိတွေ့မှုတောင်မဖြစ်ဘူး။ အကုန်လုံးပြန်ဆုတ်သွားတဲ့အတွက် “ဟု သင်္ဃန်းညီနောင် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
ထိုစခန်းကို စီးနင်းတိုက်မှုအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးမှုရှိပြီး စစ်ကြောင်းလာထိုးသည့် BGF တပ်သည်လည်း ညနေ ၅ နာရီခွဲကျော်အချိန်ထိ ပြန်မထွက်သေးဟု လူမှုကူညီကယ်ဆယ်ရေး လုပ်နေသူ ဒေသခံအမျိုးသားကပြောသည်။
သင်္ဃန်းညီနောင်တွင် ယနေ့နံနက်ပိုင်း၌လည်း ပစ်ခတ်သံများ အချိန်တစ်နာရီကျော်အထိ ကြားခဲ့ပြီး ကြိုတင်သတိပေးမှုများကြောင့် ဒေသများမှာ အစောပိုင်းရက်များကတည်းက ရှောင်တိမ်းနေကြသည်ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့်မတ်လ ၂၅ ရက်တွင် မြဝတီကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်ရဲစခန်းတို့အပါအဝင် မြဝတီမြို့အနီးရှိ စစ်ကောင်စီပစ်မှတ်များကို ပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သေးသည်။
****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2615?single
YouTube- > https://youtu.be/SpxIBpTYop8
Website –