သံလွင်ခက်
စက်တင်ဘာ ၂၅ ၊ ၂၀၂၃။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရှိ စစ်ကောင်စီဝင်းအတွင်း ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် အမျိုးသား ၁ ဦး မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ မိုင်းနင်းမိသည့် အမျိုးသားသည် နမ့်ဖတ်ကာ ရပ်ကွက် ၂ တွင် နေထိုင်ပြီး အသက် ၄၂ အရွယ်ရှိပြီ ဖြစ်သည့် တရုတ်လူမျိုးဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
“စစ်ကောင်စီဝင်းထဲက ဗြုံးတောင်မှာနင်းမိတာ။ ကြည့်ရတာ ရန်သူမလာအောင်ထောင်ထားတဲ့ မိုင်းဖြစ်နိုင်တယ်”ဟု ပြောသည်။ မိုင်းနင်းမိသဖြင့် အဆိုပါတရုတ်အမျိုးသား၏ ခြေထောက်တစ်ဘက်ပြတ်သွားပြီး လတ်တလောမှာတော့ ကွတ်ခိုင်မြို့၊ စစ်ဆေးရုံကတစ်ဆင့် လားရှိုးမြို့ဆေးရုံကို လွှဲပြောင်းထားသည်ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့်ဩဂုတ်လအတွင်း နမ့်ဖတ်ကာအနီးတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတို့တပ်အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ Photo – မေတ္တာရှင်လူမှုကူညီရေးအသင်း။
***********************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2042
YouTube- > https://youtu.be/i6_ypAVfvzw
Website -> https://thanlwinkhet.net/?p=5723