သံလွင်ခက်။
မေ ၃၊ ၂၀၂၃။
ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်တွင် အဂတိလိုက်စားမှုနှင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် စစ်ကောင်စီရန်ကုန်တိုင်း စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦး ယနေ့ မေလ ၃ရက် နံနက် ၆နာရီ ကွယ်လွန်ခဲ့သည်ဟု သိရသည်။
အသက် ၅၆ နှစ်အရွယ် ဦးအောင်သန်းဦးကို အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်တင်ပို့ ကုသစဉ် အသက်ရှုလမ်းကြောင်း ပိုးဝင်၊ ဦးနှောက်တွင်းပိုးဝင်ခြင်းကြောင့် သွေးလန့်ရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီဘက်မှ သတင်းများကို ဖော်ပြနေသည့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားထားသည်။
ဦးအောင်သန်းဦးအပါအဝင် စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုး ၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့ကို မြေယာအဂတိမှုများဖြင့် စစ်ကောင်စီ လက်အောက်ခံ တရားရုံးက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားခြင်းဖြစ်သည်။
ဦးအောင်သန်းဦးကိုလည်း စစ်ကောင်စီက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့သည်။
ဦးအောင်သန်းဦးသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့ဖူးကာ ၂၀၂၀ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် သန်လျင်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/904
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3995
Website ->https://eng.thanlwinkhet.net