စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ပေါက်ချောင်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းအား အီနာဂါ ဗုံးသီး၄လုံးဖြင့် ဗုံးကြဲတိုက်ခဲ့သည်ဟု Myaung Special People Defense Force-MSPDFမှထုတ်ပြန်ထားသည်။
ယမန်နေ့ နေ့လည် ၁၂နာရီဝန်းကျင်တွင် ပေါက်ချောင်းရွာ သရက်ခြံတွင် တပ်စွဲထားသော ဘီလူးစစ်ကြောင်းတပ်ဖွဲ့ဝင် အင်အား ၁၅၀ခန့်အား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
” မတ်လ ၁၃ရက်နေ့တည်းက ကျတော်တို့စတင်တိုက်ခဲ့တာ ၊အရမ်းရက်စက်တဲ့ စစ်ကြောင်းဖြစ်တာရော အင်အားလည်းများတာရောကြောင့်
မိုင်းမစ်ရှင်၊ဒရုန်းမစ်ရှင်နဲ့ပဲတိုက်ခိုက်ခဲ့တာပါ“ဟု Myaung Special People Defense Force MSPDFတာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးများခဲ့သည်ဟုသိရှိရပြီး နောက်ဆက်တွဲအခြေအနေများကို အတည်ပြုနိုင်ရန် သံလွင်ခက်က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါ စစ်ဆင်ရေးကို စစ်ကိုင်းခရိုင်တပ်ရင်း အမှတ်(၄)-MSPDF၊ CDSOMအနောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့ – 001၊Phoenix ပြောက်ကျားတပ်ဖွဲ့၊ CHU PDF ၊MinGin Guerilla Force (MGF)၊ အညာသားပြောက်ကျားတပ်ဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
CrdVideo-စစ်ဆင်ရေးဆောင်ရွက်မှု မြင်ကွင်း။