• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး
  • ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်
  • ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော
  • KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား
  • မောင်တောတွင် ARSA အဖွဲ့ ပစ်သတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရ
  • အာဆီယံထိပ်သီး အစည်းအဝေး စစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့် မရ
  • TNLA ထိန်းချုပ်နယ်မြေများတွင် သုံးပတ်အတွင်း ဗုံး ၃၅ ကြိမ် ကြဲခံရ
  • ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ အလုပ်လက်မဲ့ ဖြစ်နေ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»အင်တာဗျူး»ခေါင်းဆောင်အချင်းချင်းညှိနှိုင်းရမယ်
အင်တာဗျူး

ခေါင်းဆောင်အချင်းချင်းညှိနှိုင်းရမယ်

thanlwinkhetBy thanlwinkhetFebruary 23, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၄ နယ်မြေက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ကော်သူးလေတပ်မတော် (KTLA) တို့အကြား စစ်ရေးတင်းမာမှုများ ပြေလျော့စေရန် နှစ်ဘက်ဆောင်ရွက်နေမှု နှင့်လိုလားချက်များကို သံလွင်ခက် သတင်းထောက် နန်းဆုပန်ခန့်က ဆက်သွယ်မေးမြန်းထားပါသည်။

သံလွင်ခက်။ ။ KNU အနေနဲ့ တပ်မဟာ ၄ နယ်မြေက စစ်ရေးတင်းမာမှုတွေ ပြေလျော့အောင် ဘာတွေဆောင်ရွက်နေပါသလဲရှင်။

KNU တပ်မဟာ ၄ ပြောခွင့်ရ။ ။ခေါင်းဆောင်အချင်းချင်းညှိနှိုင်းမှရမယ်။ လက်အောက်ငယ်သားတွေညှိနှိုင်းလို့မရဘူး။ ကျွန်တော်တို့ဘက်ကညှိနှိုင်းဆွေးနွေးဖို့ တောင်းဆိုပေမယ့် သူတို့ဘက်ကတော့ တစ်ခါမှအကြောင်းပြန်တာမရှိဘူး။

သံလွင်ခက်။ ။အခုလို တင်းမာမှုတွေက ဘယ်ကနေအစပြုခဲ့တာလဲရှင်။KNU ရဲ့သဘောထားလည်း သိချင်ပါတယ်။

KNU တပ်မဟာ ၄ ပြောခွင့်ရ။ ။ ကျွန်တော်တို့အနေနဲ့က စည်းလုံးညီညွတ်ဖို့လိုချင်တာပဲ။ အခုလောလောဆယ် ကျွန်တော်တို့နေတဲ့နေရာကို အကာအကွယ်ယူဖို့ပဲ။ ကျွန်တော်တို့ကို သူတို့ဘက်က စီးပွါးရေးလုပ်တာတွေ၊ စစ်ကောင်စီနဲ့ပူးပေါင်းတာတွေ၊ ရန်သူနဲ့ပေါင်းတာတွေ လို့သူတို့မီဒီယာတွေမှာအမျိုးမျိုးပြောတယ်လေ။

သံလွင်ခက် ။ ။ဒေသခံတွေနဲ့လူငယ်တွေကလည်း ကရင်လက်နက်ကိုင်အချင်းချင်း ထိပ်တိုက်တွေ့တာတွေ ရှောင်ဖို့ဆိုတာကို ဆက်တိုက်ပြောလာတော့ ဒါတွေကိုရော KNU က အလေးအနက်ထားပါသလားရှင်။

KNU တပ်မဟာ ၄ ပြောခွင့်ရ။ ။ နိုင်ငံတကာက ကရင်လူငယ်အဖွဲ့အစည်းတွေလည်း သူတို့ကို တောင်းပန်တာပဲ။ သူတို့ကဒီလိုပြောဆိုချက်တွေကိုလေ့မှမလေ့လာတာ။ သူတို့ကလုပ်ချင်သလိုလုပ်ပေမယ့် ကျွန်တော်တို့က ခုခံဖို့ပဲလုပ်တာပါ။အခုစစ်ရေးအခြေအနေကတော့ ရှိတော့ရှိဦးမယ်ထင်တာပဲ။ ဒီအခြေအနေက သူတို့ကလျှော့မှမလျှော့တာ။

သံလွင်ခက် ။ ။နှစ်ဖက် ပြေလည်အောင်ဘယ်လို ပုံစံနဲ့ ဖြေရှင်းနိုင်မယ်လို့ ထင်ပါသလဲရှင်။

KNU တပ်မဟာ ၄ ပြောခွင့်ရ။ ။ ဒီပြဿနာကိုကျွန်တော်တို့ရုံးဘက်ဆိုင်ရာနဲ့ လူငယ်တွေ​ဖြေရှင်းလို့မရဘူး။ အထက်လူကြီးတွေပဲဖြေရှင်းလို့ရတယ်။ အဲ့လိုညှိနှိုင်းနိုင်ဖို့ လမ်းစတွေရှိလာဖို့ ကျွန်တော်တို့မျှော်လင့်တယ်။ကျွန်တော်တို့ တစ်ဖွဲ့နဲ့တစ်ဖွဲ့က လူငယ်တွေအချင်းချင်းကတော့ တွေ့ရင်လည်း ဖြေရှင်းနိုင်အောင် တိုင်ပင်တာပဲ။ လူကြီးတွေအချင်းချင်းလုပ်မှရမယ့်ကိစ္စလေ။
အရင်ကတော့ပြဿနာမရှိဘူး။ သူတို့ဘက်က အင်အားရှိလာတဲ့အခါမှာတော့ တပ်မဟာ ၄ မှာ လာပြီးမြိတ်-ထားဝယ် ရုံးအခြေစိုက်နေရာမှာ သူတို့ဌာနချုပ် KTLA ဆာ့ကဆော ကိုဒီမှာထားပြီး ဗိုလ်ချုပ်တွေပါထားဖို့ ပြောတော့ ပြဿနာကဖြစ်လာတာ။ ဒါပေမယ့်ကျွန်တော်တို့က ခုခံကာကွယ်ဖို့ပဲလုပ်တာ။ အဲ့ဒီကနေစပြီး နောက်ပိုင်းတော့ သူတို့ကိုကြည့်ရတာ ရန်လိုချင်မှုနဲ့ နယ်မြေစိုးမိုးချင်လိုမှုမျိုးဖြစ်လာတာ။

သံလွင်ခက် ။ ။ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးပါဦး။

KNU တပ်မဟာ ၄ ပြောခွင့်ရ။ ။ဒီလောက်ပါပဲ မရှိတော့ပါဘူး။

ပြီးမြောက်တဲ့ဆွေးနွေးမှုဖြစ်အောင် ကြိုးစားမယ်(KTLA ပြောရေးဆိုခွင့်ရှိသူ)
********************

သံလွင်ခက်။ ။ တပ်မဟာ ၄ နယ်မြေက လက်ရှိ စစ်ရေးအခြေအနေ ဘယ်လို ရှိနေပါသလဲရှင်။

KTLA ပြောခွင့်ရ ။ ။ ကျွန်တော်တို့ပြောချင်တာကတော့ ကိုယ့်အချင်းချင်းဒီလိုဖြစ်တဲ့ပြဿနာကိုကျွန်တော်တို့လည်း မဖြစ်ချင်ဘူး။ အခုဖြစ်နေတာက တပ်မဟာ ၄ ကိုပဲပြောလို့မရဘူး။ ပြဿနာဖြစ်နေတာက KNU တပ်မဟာ ၄ တပ်ရင်း ၁၀ ဆိုတော့ သူတို့ကို သေသေချာချာပြောရမယ် ။ အခုပစ်နေတာ ၃၊ ၄ ရက်လောက်ရှိနေပြီး တစ်ဖက်နဲ့တစ်ဖက်ညှိနှိုင်းလို့မရဘဲ စစ်ရေးတင်းမာနေတုန်းပဲ။

သံလွင်ခက်။ ။နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ဖို့အတွက် KTLA ဘက် က ဘာတွေ ဆောင်ရွက်ထားပါသလဲရှင်။

KTLA ပြောခွင့်ရ ။ ။ကျွန်တော်တို့ကော်သူးလေဘက်က ဆာ့ကဆော အထိသွားပြီး သူတို့ကိုညှိနှိုင်းဖို့ပြောတဲ့အခါ သူတို့ဘက်က ဘာမှအကြောင်းပြန်မလာဘူး။ ကျွန်တော်တို့က အခုတော့တင်းထားရတယ်ပေါ့။ ဘာလို့လဲဆိုတော့ သူတို့ကကျွန်တော်တို့စခန်းကိုလည်းတက်သိမ်းထားပြီ။ အခုအဲ့ဒီစခန်းက ကလေးတွေလည်း တကွဲတပြားဖြစ်နေပြီ ။တွေ့ဆုံဆွေးနွေးပွဲကို ကျွန်တော်တို့ ၂ ကြိမ်လောက်ဖိတ်ထားပြီးပါပြီ။ ကျွန်တော်တို့ ကော်သူးလေကို ထူထောင်တာ စစ်ကောင်စီကိုတိုက်ဖို့ပဲဖြစ်တဲ့အတွက် ကိုယ့်အချင်းချင်းပြန်တိုက်ဖို့ (လုံးဝ) (လုံးဝ) မဖြစ်စေချင်ဘူးပေါ့။

သံလွင်ခက် ။ ။ကော်သူးလေဘက်က လိုလားချက်နဲ့ ရေရှည်အစီအမံကဘာပါလဲ။ဒါတွေကိုရော KNU ဘက်ကသူတွေ သိအောင်ကြိုးစားဖူးပါသလားရှင်။

KTLA ပြောခွင့်ရ ။ ။ ကျွန်တော်တို့ဘက်က စစ်ကောင်စီကို စုစုစည်းစည်းနဲ့တိုက်ထုတ်မယ်ပေါ့။ အဲ့လိုပြောတော့သူတို့ဘက်ကလက်မခံတော့ ဆွေးနွေးပွဲကမဖြစ်မြောက်ဘူး။ သူတို့လက်မခံရတဲ့အကြောင်းရင်းက သူတို့ကNCA လက်မှတ်ထိုးထားတဲ့အကြောင်းပြချက်နဲ့ပါ။

သံလွင်ခက် ။ ။အခုလက်ရှိဖြစ်နေတဲ့ တင်းမာမှုတွေကို ပြေလျော့ဖို့ နှစ်ဖက်စလုံးကဘယ်လိုမျိုး ဆောင်ရွက်သင့်တယ်လို့ ထင်ပါသလဲရှင်။

KTLA ပြောခွင့်ရ ။ ။ကျွန်တော်တို့က ၁၀၀ ရာခိုင်နှုန်းအပြည့်ညှိနှိုင်းစေချင်တာ။ အချင်ချင်းပြန်ပစ်နေတာ ကျွန်တော်တို့ကလိုလည်းမလိုလားဘူး။ ဒီတနင်္သာရီတိုင်းက ကရင်ပြည်သူတွေကလည်းညှိ နှိုင်းစေချင်တာ။ ကျွန်တော်တို့ကတော့ ပြည်သူတွေဖြစ်စေချင်တဲ့အတိုင်း ကျွန်တော်တို့ကဆွေးနွေးဖို့ဆောင်ရွက်ပေမယ့် တပ်မဟာ ၄ ဘက်ကတော့ ဘာမှအကြောင်းမပြန်တော့ ကျွန်တော်တို့ဘက်ကဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတယ်။နောက်တစ်ခုက ကျွန်တော်တို့ ပြီးမြောက်တဲ့ဆွေးနွေးမှုဖြစ်ဖို့ကြိုးစားရမယ်။ အချင်းချင်းပြဿနာမဖြစ်ချင်ဘူးလေ။ ဆွေးနွေးတဲ့အချိန်ကျရင် NUG(အမျိုးသားညီညွတ်ရေးအစိုးရ) ဘက်ကသူတွေ လည်းသိစေချင်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အကုန်လုံးသိတာတော့ပိုကောင်းတာပေါ့။

သံလွင်ခက် ။ ။ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးပါဦး။

KTLA ပြောခွင့်ရ။ ။ဒီလောက်ပါပဲ မရှိတော့ပါဘူး။

သံလွင်ခက် ။ ။အချိန်ပေးဖြေကြားပေးတာကို ကျေးဇူးတင်ပါတယ်ရှင်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ကိုင်းတိုင်းကို စစ်အုပ်ချုပ်ရေးထပ်တိုးကြေညာ
Next Article အာဏာသိမ်းကာလအတွင်း ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းသာ ဆောင်ရွက်ခဲ့ဟု အဖွဲ့ဝင်များအား စစ်ခေါင်းဆောင်ပြော
thanlwinkhet
  • Website

Related Posts

အောက်တိုဘာ ၁၀ ရက်က World Mental Health Day ပါ။ လက်ရှိ စစ်ရေးပဋိပက္ခကာလ အတွင်းမှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လို့ နေထိုင်သင့်လဲဆိုတာကို Purple Window Counselling ရဲ့ founder နဲ့ Counsellor ဖြစ်သူ ကိုဝေယံနဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။

October 10, 2025

စစ်ကော်မရှင်ရွေးကောက်ပွဲက သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်တာဖြစ်တယ်

September 13, 2025

စစ်သုံ့ပန်းတွေကို ဘာကြောင့် လွှတ်ပေးတာလဲ

August 2, 2025

Leave A Reply Cancel Reply

Recent Posts

  • မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး
  • ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်
  • ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော
  • KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား
  • မောင်တောတွင် ARSA အဖွဲ့ ပစ်သတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး

ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်

ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော

KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား

ယခင်သတင်းများ

  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး

October 24, 2025

ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်

October 24, 2025

ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော

October 24, 2025

KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား

October 23, 2025

မောင်တောတွင် ARSA အဖွဲ့ ပစ်သတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရ

October 23, 2025

အာဆီယံထိပ်သီး အစည်းအဝေး စစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့် မရ

October 23, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.