ပြည်သူ့စစ် သင်တန်းကျောင်းဆင်း တစ်ဦး ပစ်ခတ်ခံရ
********************
သံလွင်ခက်။
ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃။
ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုးကျေးရွာမှ ပျူစောထီး ခေါင်းဆောင် ဦးကျော်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ကျောက်တံခါးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့တွင်ထုတ်ပြန်သည်။
ယမန့်နေ့ ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၅နာရီ ခန့်တွင် အမှတ် ( ၃၀၇ ) ခြေမြန်တပ်ရင်းမှ ပြည်သူ့စစ် အခြေခံ စစ်ပညာသင်တန်းဆင်းတစ်ဦးဖြစ်သည့် ပျူစောထီး ခေါင်းဆောင် ဦးကျော်ဦးကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကျောက်တံခါးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။
၎င်းက ” ကညင်ကျိုးတာလမ်းမပေါ် ရွာအထွက်မှာ ရှင်းလင်းခဲ့တာပါ ” ဟုဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ရက်နေ့တွင် အမှတ် ( ၃၀၇ ) ခြေမြန်တပ်ရင်းအတွင်းသို့ ကျောက်တံခါးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်။