အလုပ်သမားထုနှင့်အတူ မလျော့သော စိတ်ဓာတ်များဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျဆုံးသည်အထိဆက်လက်တိုက်ပွဲဝင်သွားမည်ဟု မြန်မာနိုင်ငံ အထွေထွေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(FGWM)က ယနေ့ထုတ်ပြန်ကြေညာထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က တိုင်းပြည်အာဏာကိုမတရား
သိမ်းယူခဲ့ပြီးနောက် ၇၂ နာရီအတွင်း လမ်းပေါ်မထွက်ရဟူသည့် အတွေးအခေါ်လွဲချော်မှုနှင့် ရင်ဆိုင်ဆိုင်ခဲ့ရသည်။
ဖေဖော်ဝါရီ၅ရက်နေ့တွင် စက်ရုံ ၁၀ရုံမှ သမဂ္ဂခေါင်းဆောင်များနှင့် အဖွဲ့ဝင်အလုပ်သမား ၁၂၀၀၀ ကျော်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဖဲကြိုးနီကမ်ပိန်းကို စတင်လှုပ်ရှားခဲ့ကြသည်။
ထို့အပြင် ဖေဖော်ဝါရီလ ၆ ရက်တွင် ရန်ကုန်မြို့
ပါရမီစိန်ဂေဟာရှေ့ အင်းစိန်လမ်းမပေါ်၌ မြန်မာနိုင်ငံအထွေထွေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ( FGWM ) သမဂ္ဂခေါင်းဆောင်များ နှင့် အတူ အဖွဲ့ဝင် အလုပ်သမား ၄,၀၀၀ နီးပါး သည် အန္တရာယ်အထပ်ထပ်ကြားမှပင်ချီတက် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
အလုပ်သမားထုကြီးမှ စစ်အာဏာသိမ်းမှုကို ရဲရဲတောက် ဆန့်ကျင်တော်လှန်ခဲ့သည်မှာ ယခု ဖေဖော်ဝါရီလ ၆ ရက်တွင် ၂ နှစ်တင်းတင်းပြည့်ပြီ ဖြစ်ပြီး အလုပ်သမားထုနှင့်အတူ မလျော့သေားစိတ်ဓာတ်များနှင့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။