စစ်ကောင်စီ၏ ကာကွယ်ရေးနှင့် လုံခြုံရေးအစည်း အဝေးကို ယနေ့ ဇန်နဝါရီ ၃၁ ရက် နေပြည်တော်တွင်ကျင်းပခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်အပါအဝင် ကာလုံအဖွဲ့ဝင်များ တဖြစ်လဲ စစ်ဗိုလ်ချုပ်များ တက်ရောက်ခဲ့သည်ဟု စစ်ကောင်စီ ထိန်းချုပ်မီဒီယာများတွင် ဖော်ပြထားသည်။
အဆိုပါအစည်းအဝေးတွင် စစ်ကောင်စီအနေဖြင့် နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးအောင်ကြိုးပမ်းနေသော်လည်း နိုင်ငံမှာ ပုံမှန်အခြေအနေမဟုတ်သေးကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ယာယီသမ္မတ ဦးမြင့်ဆွေထံ တင်ပြခဲ့ကြောင်း သိရသည်။
စစ်ဗိုလ်ချုပ်များသာပါသည့် ကာလုံအစည်းအဝေးတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က NUGနှင့် PDFများ၏အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံအခြေအနေ ပုံမှန်မဟုတ်သေးကြောင်း တင်ပြခဲ့ပြီး ကာလုံအဖွဲ့ဝင် စစ်ဗိုလ်ချုပ်များက တစ်ခဲနက်ထောက်ခံခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီအနေဖြင့် နိုင်ငံစီးပွားရေးတိုးတက်ရန်နှင့် အလုံးစုံငြိမ်းချမ်းရေးရရှိရန်ကြိုးစားနေပြီး လာမည့်ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်ဖို့လုပ်ဆောင်နေသည်ဟု စစ်ခေါင်းဆောင်ကဆိုသည်။
ကာလုံအစည်းအဝေးဆုံးဖြတ်ချက်ကို အရေးပေါ်ကာလပြည့်သည့် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ထုတ်ပြန်သွားမည်ဟု ဆိုသည်။
အစည်းအဝေးကို ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုတိယ် စစ်ခေါင်းဆောင် စိုးဝင်း၊ ကာကွ ယ်ရေးဝန်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး စိုးထွဋ်၊နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာ ဝန်ကြီး ထွန်းထွန်းနောင်တို့အပြင် အထူးဖိတ်ကြားထားသည့်စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး တို့တက်ရောက်ခဲ့ကြသည်။
ဇန်နဝါရီ ၃၀ ရက်အထိ AAPP၏ စာရင်းများအရ အာဏာသိမ်းစစ်ကောင်စီကြောင့် အပြစ်မဲ့ပြည်သူ ၂၉၀၁ ဦးသေဆုံးခဲ့ရကြောင်း သိရသည်။