• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ကျားဖြန့်ငွေလိမ်ဂိုဏ်းများမှ ယူဂန်ဒါနိုင်ငံသား ၂၆ ဦးကို ပြန်ပို့ 
  • အငြင်းပွားမှုဖြစ်ပွားနေသည့် ချန်းရိစက်ရုံဝန်ထမ်းများအား အလုပ်သမားဒုဝန်ကြီးမှ လုပ်ငန်းခွင်ပြန်ဝင်ရန် တိုက်တွန်း
  • အိန္ဒိယစစ်တပ်ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံး
  • သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ
  • စစ်ကောင်စီ အသုံးပြုနေသော တိုက်လေယာဉ်နှင့် ဗုံးများကို တရုတ် ထောက်ပံ့ပေးနေ
  • UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ
  • စစ်ကောင်စီတပ်သား ၁၆ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ခိုလှုံ
  • ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အီသီယိုးပီးယားနိုင်ငံသား ၇၈ ဦးကို နေရပ်ပြန်ပို့
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»” လေယာဥ်လာကြဲတဲ့ နေ့က အလှူအတွက် ချက်နေပြုနေကြတာ။ အဲဒီအလှူက ပထမတစ်ခါ ရက်ရွေ့ထားပြီးပြီ။ အခုလည်း မအောင်မြင်ဘူး “
နေ့စဉ်သတင်း

” လေယာဥ်လာကြဲတဲ့ နေ့က အလှူအတွက် ချက်နေပြုနေကြတာ။ အဲဒီအလှူက ပထမတစ်ခါ ရက်ရွေ့ထားပြီးပြီ။ အခုလည်း မအောင်မြင်ဘူး “

thanlwinkhetBy thanlwinkhetJanuary 31, 2023No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

” လေယာဥ်လာကြဲတဲ့ နေ့က အလှူအတွက် ချက်နေပြုနေကြတာ။ အဲဒီအလှူက ပထမတစ်ခါ ရက်ရွေ့ထားပြီးပြီ။ အခုလည်း မအောင်မြင်ဘူး “
***********************************

Saw Smith
ဇန်နဝါရီ ၃၁ ၊ ၂၀၂၃ ။

ရဟန်းခံ၊ ရှင်ပြု၊ နားသ အလှူတော်မင်္ဂလာပွဲအတွက် ချက်ပြုတ်နေကြသည့် နေအိမ်ကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အလှူပွဲ ပျက်ခဲ့ရသည့်အပြင် ပြည်သူ ခုနစ်ဦးလည်း သေဆုံးခဲ့ရသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နယ်၊ မိုးတားတိုက်နယ်တွင် ယခုနှစ် ဇန်နဝါရီလ တတိယပတ်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားရာ နေရာနှင့် ၂ မိုင်ကျော် ကွာဝေးသည့် မိုးတားလေးစံပြကျေးရွာကို သုံးရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲပစ်ခတ်တိုက်ခဲ့သည်။

“ ပထမထွက်သွားတဲ့ လေယာဥ် တစ်ပတ်မှာက တိုက်ပွဲဖြစ်တဲ့နေရာမှာ ချသွားတာ။ ချသွားပြီးတော့ နောက်တစ်ပတ် ပတ်တဲ့အချိန်မှ အဲဒီမီးလောင်ပြီး ပါသွားတဲ့ အလှူနားကို ချသွားတာ ” ဟု ပထမနေ့ လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဒေသခံတစ်ဦးက ပြောသည်။

ထိုနေ့သည် ဇန်နဝါရီလ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့ဖြစ်ပြီး စစ်ကောင်စီက ညနေ ၄ နာရီဝန်းကျင်တွင် တိုက်လေယာဥ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အလှူအတွက် ချက်ပြုနေကြသည့် နေအိမ် မီးလောင်ခဲ့ပြီး အသက် ၃၀ နှစ်အရွယ် မအေးခိုင်၊ အသက် ၅၀ နှစ်အရွယ် ဒေါ်စန်းမြင့်နှင့် အသက် ၆၈ နှစ်အရွယ် ဒေါ်တင်ငြိမ်းတို့ မီးလောင်ကျွမ်း သေဆုံးခဲ့ရသည်။

အသက် ၆၀ အရွယ် ဒေါ်ညို၊ အသက် ၅၀ အရွယ် ဒေါ်ခင်မာကြည်နှင့် အသက် ၅၅ နှစ်အရွယ် ဦးမောင်လွင်တို့ကို မီးလောင်နေအိမ်အတွင်းမှ ဆွဲထုတ်နိုင်ခဲ့သော်လည်း ရရှိထားသော ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးခဲ့ရသည်။

နောက်ထပ် အသက် ၄၀ အရွယ် ဒေါ်ဥဥထွေးကို ဒဏ်ရာများဆေးကြော၍ နန့်စမ်းရွာဘက်တွင် ဆေးသွားရောက်ကုသပေးခဲ့သော်လည်း ညဘက်တွင် သေဆုံးခဲ့သည်။

ပထမအကြိမ်တိုက်ပွဲ၊ ဒုတိယအကြိမ် လေယာဥ်ဖြင့် ဗုံးကြဲခံရသည့် အလှူ
*********************

ရဟန်းခံမင်္ဂလာ ၆ ပါး၊ ရှင်ပြုမင်္ဂလာ ၁၀ ပါးနှင့် နားသမင်္ဂလာ ၈ ပါးတို့ ပါဝင်သည့် အဆိုပါအလှူပွဲတော်ကို ကနဦးရက် သတ်မှတ်ထားသည်မှာ ယခုနှစ် ဇန်နဝါရီလ အစပိုင်းတွင် ဖြစ်သည်။

ကသာမြို့နယ်၊ မိုးတားလေးစံပြကျေးရွာ စေတီရပ် ရပ်ကွက်တွင်ပြုလုပ်မည့် အဆိုပါ အလှူတော်သည်ပြီးခဲ့သောဒီဇင်ဘာလကုန်ပိုင်း၌ မိုးတားလေးတွင် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ရက်ရွှေ့လိုက်ရသည်။

ပထမ အလှူ သတ်မှတ်ရက်သည် ဇန်နဝါရီလ ၄ ရက် (ပွဲအဝင်) နှင့် ဇန်နဝါရီလ ၅ ရက် (ပွဲကြီးပြီး) တို့ဖြစ်ပြီး တိုက်ပွဲကြောင့် မအောင်မြင်ခဲ့သဖြင့် ဇန်နဝါရီ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ကျင်းပရန် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

အလှူဖိတ်စာကိုပင် အသစ် ထပ်မံ မရိုက်နှိပ်ထားဘဲ ယခင်ဖိတ်စာအဟောင်း၏ ရက်စွဲနေရာတွင် ဘောပင်ဖြင့် ခြစ်၍ ရက်အသစ် ရေးပြီး အလှူဖိတ်စာများကို ဝေခဲ့သည်။

အလှူပွဲအတွက် ပထမအကြိမ် ရက် သတ်မှတ်ခဲ့သော ဗုဒ္ဓဟူးနေ့နှင့် တိုက်ဆိုင်စွာပင် ရက်ပြောင်းလဲခဲ့သော အလှူပွဲ၏ ချက်ပြုတ်သည့်နေ့ ဇန်နဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့တွင်ပင် လေကြောင်းမှ တိုက်ခိုက်ခံခဲ့ရပြီး အလှူပွဲ ပျက်ခဲ့ရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

” လေယာဥ် လာချတဲ့နေ့က အလှူအတွက် ချက်နေပြုနေကြတာ။ အဲဒီအလှူက ပထမတစ်ခါ ရက်ရွှေ့ထားပြီးပြီ။ အခုလည်း မအောင်မြင်ဘူး ” ဟု လေကြောင်းတိုက်ခိုက်မှုတွင် ကိုယ်တိုင်ကြုံတွေ့ရသည့် အသက် ၃၀ နှစ်အရွယ် ဒေသခံအမျိုးသမီးကပြောသည်။

တိုက်ပွဲရှိရက်နှင့် အလှူအတွက် ချက်ပြုတ်နေကြသလား
***************************

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာမှ စစ်ကိုင်းတိုင်း ကသာမြို့နယ်၊ မိုးတားတိုက်နယ်အတွင်းသို့ ခြေလျင်စစ်ကြောင်း ထိုးလာသော စစ်ကောင်စီတပ်ကို တော်လှန်ရေး မဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

အင်အား ၇၀ ကျော်ရှိ တပ်မ ၈၈ လက်အောက်ခံ၊ ခြေလျင်တပ်ရင်း ခ.လ.ရ (၇၇) တပ်ကို KIA၊ ABSDFနှင့် ဒေသခံကာကွယ်ရေးတပ်များက ဆိတ်သာရွာ ဘုရားကုန်းတစ်ဝိုက်တွင် ပိတ်ဆို့၍ တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ပွဲဖြစ်ပွားရာ နေရာနှင့် မိုးတားလေးကျးရွာအုပ်စုသည် နှစ်မိုင်ခန့် ကွာဝေးသော နေရာတွင် ရှိပြီး မကြာခဏ တိုက်ပွဲအတွေ့အကြုံရှိနေသည့် ဒေသခံများသည် တိုက်ပွဲဖြစ်နေသည်ကို သိရသော်လည်း ကြိုတင်ရှောင်တိမ်းခြင်းမျိုး မလုပ်ကြဟု ဆိုသည်။

“ ခါတိုင်း မြေပြင်တိုက်ပွဲရိုးရိုးဆိုရင် အဲဒီလောက် ဝေးရင် မရှောင်ကြဘူး။ ကျွန်တော်တို့ဘက်ကလည်း တိုက်ပွဲက အမြဲ စိပ်နေတော့ အတွေ့အကြုံကလည်း ရှိနေတော့ မရောက်ခဲ့နိုင်ဘူးပေါ့ ယူဆကြတယ်။ နောက် အလှူကလည်း တစ်ခါက နှစ်ခါ ရက်က ရွှေ့ရပြီး ဘယ်လိုပဲဖြစ်ဖြစ် ရတယ်ဆိုပြီး ချက်ပြုတ်နေကြတာ။အခုက လေကြောင်းကနေ လာလို့ ခံလိုက်ရတာ ရွာက ” ဟု မိုးတား‌လေး စေတီရပ် ဒေသခံတစ်ဦးက ပြောသည်။

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ် မိုးတားတိုက်နယ်အတွင်းရှိ မိုးတာလေးစံပြကျေးရွာအုပ်စုသည် ဧရာဝတီမြစ်ကမ်းဘေးရှိ မိုင်ချီရှည်လျားသည့် ရွာတန်းရှည် တစ်ခု ဖြစ်သည်။

အိမ်ခြေ ၁၅၀၀ ကျော်အထိ ရှိပြီး အဆိုပါတိုက်ပွဲနေ့တွင် ဆိတ်သာရွာနှင့် ပိုနီးသည့် မိုးတာလေးတိုက်ကုန်းရပ်ကွက်ရှိ ဒေသခံများပင် မတိမ်းရှောင်ကြပေ။

တိုက်ကုန်းရပ်ကွက်ရှိ ဒေသခံများပင် ထိုတိုက်ပွဲနေ့တွင် ပုံမှန်အလုပ်များ လုပ်နေကြသည့်အတွက် တိုက်ပွဲနေရာနှင့် ပိုဝေးသည့် စေတီရပ်တွင် အလှူအတွက် ချက်ပြုတ်နေကြသည်မှာ ဖြစ်နိုင်သည်ဟု တိုက်ကုန်းဒေသခံ တစ်ဦးက ပြောသည်။

တိုက်ကုန်းနှင့် စေတီရပ်သည် တစ်မိုင်ခန့် ကွာဝေးသည်။ ထို့ကြောင့် တိုက်ပွဲဖြစ်ပွားရာ ဆိတ်သာရွာနှင့် စေတီရပ်သည် နှစ်မိုင်ခွဲကျော် ၃မိုင်ခန့်အကွာဖြစ်သည်။

တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ပိုနီးသည့် မိုးတားလေးကျေးရွာအုပ်စု တိုက်ကုန်းရပ်ကွက်သည် တိုက်ပွဲအတွင်း၌ နေအိမ်ပါ စစ်ကြောင်းထိုး မီးရှို့ခံခဲ့ရသည်။

တိုက်ကုန်းရပ်ကွက်သည် ဇန်နဝါရီ ၁၈ ရက် လေကြောင်းတိုက်ခိုက်မှုတွင် မထိခဲ့သော်လည်း ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် တစ်နေကုန်နီးပါး လာရောက်တိုက်ခိုက်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုတွင် အထိနာခဲ့ပြီး မီးရှို့ခံရမှုအပါအဝင် နေအိမ် ၅၀ ကျော် မီးလောင်ပျက်စီးခဲ့ရသည်။

“ နောက်နေ့တွေကျတော့ လေယာဥ်တွေက ပိုထူထပ်လာပါတယ်။ တစ်စင်းက နှစ်စင်း၊ နှစ်စင်းက သုံးစင်း၊ နောက်ဆုံးရက်ဆို လေယာဥ် လေးစင်းနဲ့ မိုးချုပ်တဲ့အထိ ပစ်သွားပါတယ်။ ၁၈ ရက်နေ့ လေယာဥ်နဲ့ လာချတော့ ရွာမှာပဲ ရှိနေကြတာ။ မိုးချုပ်တဲ့အထိ အထဲမှာ ပုန်းနေပြီး တချို့က ညဘက် ပြေးကြသူပြေးကြတယ်။ ကျွန်တော်တို့ဆို မနက် ၄ နာရီထိုး ထပြေးတာ ” ဟု တိုက်ကုန်းရပ်ကွက်မှ နေအိမ် မီးရှို့ဖျက်ဆီးခံလိုက်ရသည့် အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကြောင်းထိုးမီးရှို့မှုများ ဆက်တိုက်ပြုလုပ်နေ
**************************

ကသာ၊ ဆိတ်သာတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်သည် တော်လှန်ရေးအင်အားစု မဟာမိတ်အဖွဲ့များ၏ ညှပ်ပိတ်တိုက်ခိုက်ခြင်း ခံရပြီး အကျအဆုံး များခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၈ ရက်၊ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့သည့်အပြင် တပ်အင်အားများပါ ချခဲ့သည်။

” သူတို့တွေ ထွက်ပေါက်ထွက်လမ်း မရှိတော့တဲ့အတွက် နိုင်အောင် မတိုက်နိုင်တော့တဲ့အတွက် လေယာဥ်ခေါ်ပြီး ဗုံးကြဲတယ်ပေါ့။ နောက်ရက်တွေ လေယာဥ်နဲ့ လာပစ်တယ်။ လူနဲ့ ရိက္ခာတွေ ချပေးတယ်။ ဒဏ်ရာရတဲ့ သူတွေကို လေယာဥ်နဲ့ပဲ ပြန်သယ်တယ် ” ဟု မိုးတားတိုက်နယ် ပ.က.ဖ ဒုတိယတာဝန်ခံက ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်စစ်ကြောင်းမှ အရာရှိများအပါအဝင် ၅၀ ဦးဝန်းကျင်အထိ သေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အတည်ပြုပြောဆိုသည်။

ထို့ကြောင့် အထိနာခဲ့သော စစ်ကောင်စီတပ်သည် မြေပြင်စစ်ကြောင်းမှ ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့မှုများ ဆက်တိုက် ပြုလုပ်နေသည့်အပြင် ကသာမြို့ပေါ်မှလည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခဲ့သည်။

ဇန်နဝါရီ ၂၆ ရက်တွင် လက်နက်ကြီး ထိမှန်ပြီး ကျောက်ထုံးကြီးကျေးရွာတွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးသေဆုံးခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇန်နဝါရီ ၂၈ ရက်တွင် နန့်စမ်းရွာကို မီးရှို့ပြီး ယမန်နေ့တွင် မိုးတားလေးကျေးရွာအုပ်စုရှိ စေတီရပ်ကို ထပ်မံမီးရှို့နေသည်ဟု သိရသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
နေ့စဉ်သတင်း
Share. Facebook Twitter WhatsApp
Previous Articleအင်အား ၂၀၀ ကျော် စစ်ကြောင်းသုံးကြောင်းခွဲ၍ ကသာ၊ မိုးတားတိုက်နယ်ကျေးရွာနေအိမ်များကို မီးရှို့
Next Article ပြည်တော်ပြန် CDM
thanlwinkhet
  • Website

Related Posts

အငြင်းပွားမှုဖြစ်ပွားနေသည့် ချန်းရိစက်ရုံဝန်ထမ်းများအား အလုပ်သမားဒုဝန်ကြီးမှ လုပ်ငန်းခွင်ပြန်ဝင်ရန် တိုက်တွန်း

May 19, 2025

စစ်ကောင်စီ အသုံးပြုနေသော တိုက်လေယာဉ်နှင့် ဗုံးများကို တရုတ် ထောက်ပံ့ပေးနေ

May 17, 2025

UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ

May 17, 2025

Leave A Reply Cancel Reply

Recent Posts

  • ကျားဖြန့်ငွေလိမ်ဂိုဏ်းများမှ ယူဂန်ဒါနိုင်ငံသား ၂၆ ဦးကို ပြန်ပို့ 
  • အငြင်းပွားမှုဖြစ်ပွားနေသည့် ချန်းရိစက်ရုံဝန်ထမ်းများအား အလုပ်သမားဒုဝန်ကြီးမှ လုပ်ငန်းခွင်ပြန်ဝင်ရန် တိုက်တွန်း
  • အိန္ဒိယစစ်တပ်ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံး
  • သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ
  • စစ်ကောင်စီ အသုံးပြုနေသော တိုက်လေယာဉ်နှင့် ဗုံးများကို တရုတ် ထောက်ပံ့ပေးနေ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ကျားဖြန့်ငွေလိမ်ဂိုဏ်းများမှ ယူဂန်ဒါနိုင်ငံသား ၂၆ ဦးကို ပြန်ပို့ 

အငြင်းပွားမှုဖြစ်ပွားနေသည့် ချန်းရိစက်ရုံဝန်ထမ်းများအား အလုပ်သမားဒုဝန်ကြီးမှ လုပ်ငန်းခွင်ပြန်ဝင်ရန် တိုက်တွန်း

အိန္ဒိယစစ်တပ်ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံး

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ကျားဖြန့်ငွေလိမ်ဂိုဏ်းများမှ ယူဂန်ဒါနိုင်ငံသား ၂၆ ဦးကို ပြန်ပို့ 

May 19, 2025

အငြင်းပွားမှုဖြစ်ပွားနေသည့် ချန်းရိစက်ရုံဝန်ထမ်းများအား အလုပ်သမားဒုဝန်ကြီးမှ လုပ်ငန်းခွင်ပြန်ဝင်ရန် တိုက်တွန်း

May 19, 2025

အိန္ဒိယစစ်တပ်ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံး

May 19, 2025

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

စစ်ကောင်စီ အသုံးပြုနေသော တိုက်လေယာဉ်နှင့် ဗုံးများကို တရုတ် ထောက်ပံ့ပေးနေ

May 17, 2025

UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ

May 17, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.