![]()
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ နာမည်ကျော် ကျောဝါးလေ (Doi Jor Wa Le) တောင်ပေါ်တွင် ဒီဇင်ဘာလ ၂၅ ညနေပိုင်းတွင် ထိုင်းအမျိုးသမီးခရီးသွားတစ်ဦးချောက်အတွင်းသို့ ပြုတ်ကျသေဆုံးခဲ့သည်။
အဆိုပါ ခရီးသွားအမျိုးသမီး၏ ရုပ်အလောင်းကို ယနေ့(ဒီဇင်ဘာ ၂၆) ကယ်ဆယ်ရေးအဖွဲ့များက ပြန်လည်သယ်ဆောင်နိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
အခင်းဖြစ်ပွားပြီးနောက် မဲ့မိုအိရဲစခန်းမှ တာဝန်ရှိသူများ၊ အမှတ် (၃၅) ခြေမြန်တပ်ရင်းမှ စစ်သည်များ၊ ထာ့ဆောင်ယန်းမြို့နယ် သဘာဝဘေးကာကွယ်ရေးဝန်ထမ်းများနှင့် ဖစ်ကဆယ် (Phetkasem) ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေး
လုပ်ငန်းများကို ချက်ချင်းလုပ်ဆောင်ခဲ့ကြသည်ဟု ကယ်ဆယ်ရေးတွင် ပါဝင်လုပ်ဆောင်နေသူတစ်ဦးက ပြောဆိုသည်။
အခင်းဖြစ်ပွားရာနေရာသည် မတ်စောက်သော တောင်ကမ်းပါးဖြစ်ပြီး သွားလာရခက်ခဲသည့် အတားအဆီးများရှိသောကြောင့် ပူးပေါင်းအဖွဲ့များက ပူးပေါင်းပြီး ယနေ့မွန်းတည့်ချိန်မတိုင်မီတွင် သေဆုံးသူ၏ ရုပ်အလောင်းကို တောင်ထိပ်ရှိ တဲထိုးအပန်းဖြေစခန်းသို့ သယ်ဆောင်လာနိုင်ခဲ့သည်။
ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ကနဦးစစ်ဆေးချက်အရ သေဆုံးသူ၏ ခန္ဓာကိုယ်အနှံ့တွင် အရိုးကျိုးအက်ဒဏ်ရာများတွေ့ရှိရသည်ဟုဆိုသည်။
လက်ရှိတွင် အဆိုပါ ရုပ်အလောင်းကို တောင်ခြေသို့ ဆက်လက်သယ်ဆောင်ပြီး မှုခင်းဆရာဝန်များက အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ဖော်ပြထားသည်။
ရုပ်သံ – เอก เกียรติศักดิ์ แม่สอด..
#ထိုင်းနယ်စပ် #တာ့ခ်ခရိုင် # ခရီးသွားအမျိုးသမီးတစ်ဦး #ချောက်အတွင်းပြုတ်ကျသေဆုံး #ThanLwinKhetNews