![]()
ကျားဖြန့်လုပ်ငန်းများမှ တရုတ်နိုင်ငံသား ၁၀၀ ကို မဲဆောက်လေဆိပ်မှတဆင့် ယနေ့ နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့သည်ဟု တာ့ခ် လူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်သည်။
ယနေ့ ဒီဇင်ဘာလ ၁၆ ရက်၊ နံနက် ၁၀း၀၀ နာရီတွင် တရုတ်နိုင်ငံ၏ လေကြောင်းလိုင်း China Southern Airlines ဖြင့် တရုတ်နိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်သွားခြင်းဖြစ်သည်။
ပြန်လည်ပို့ဆောင်ခြင်းခံရသည့် တရုတ်နိုင်ငံသားများသည် အမှတ်(၂) တံတားအနီးရှိ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ ယာယီထိန်းသိမ်းရေးစခန်းသို့ ရောက်ရှိနေသူများဖြစ်ပြီး ကေကေပါ့ခ် ကျားဖြန့် ငွေလိမ်လုပ်ငန်းများကို စစ်တပ်ကဝင်ရောက်စီးနင်းပြီးနောက် ထွက်ပြေးတိမ်းရှောင်လာသူများဖြစ်သည်။
အဆိုပါ စခန်းရှိ တရုတ်နိုင်ငံသားများမှာ ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း စခန်းတွင်း ဆူပူသောင်းကြမ်းမှုများပြုလုပ်ခဲ့သောကြောင့် ထိုင်းတာဝန်ရှိသူများက လျှပ်စစ်မီးဖြတ်တောက်ခြင်း၊ ရေဖြန်းကာ လူစုခွဲခွဲခြင်းများပြုလုပ်ခဲ့ရသေးသည်။
ယခု နေရပ်ပြန်ပို့သည့် လုပ်ငန်းစဉ်ကို တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
#တရုတ်နိုင်ငံသား #မဲဆောက်လေဆိပ် #နေရပ်ပြန်ပို့ #ThanLwinKhetNews
