![]()
ခင်သရဖီဦး
(၇၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက် ညပိုင်းမှာ အာဏာသိမ်းစစ်အုပ်စုဟာ ရခိုင်ပြည်၊ မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ရဲ့ ထိခိုက်သေဆုံးမှုအခြေအနေကို အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်)
ဦးခိုင်သုခ – ဒီ အကြမ်းဖက် ဗုံးကြဲ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ မြောက်ဦးပြည်သူ့ဆေးရုံကြီးကတော့ လုံးဝ ပျက်စီးသွားတာ ဖြစ်ပါတယ်။ ဆေးရုံကြီးကို တည့်တည့် ထိမှန်တဲ့အတွက်ကြောင့်မို့လို့ အခုလိုမျိုး ဒီဆေးရုံတက်နေတဲ့ လူနာတွေ အများအပြား သေဆုံးဒဏ်ရာရကြတာ ဖြစ်ပါတယ်။

ဦးခိုင်သုခ – မနေ့က ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီအချိန်မှာ ဒီ အကြမ်းဖက်ဖက်ဆစ် စစ်ကောင်စီက မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးကို ဂျက်ဖိုက်တာ ၂ စီးနဲ့နေပြီးတော့မှ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ရှိပါတယ်။
အဲ့ဒီ ဒီ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ ဆေးရုံတက်နေတဲ့ အရပ်သားပြည်သူ လူနာ စုစုပေါင်း ၃၃ ဦး သေဆုံးပြီးတော့ ၇၆ ဦး ဒဏ်ရာရတာ ရှိတယ်ဗျ။
ဆိုတော့ ဒီ သေဆုံးတဲ့အထဲမှာတော့ အမျိုးသား ၁၆ ယောက်၊ အမျိုးသမီး ၁၇ ယောက်၊ စုစုပေါင်း ၃၃ ယောက်။
နောက် ဒီ ဒဏ်ရာပြင်းထန်တာကတော့ ဒီ အမျိုးသား ၁၈ ယောက်၊ အမျိုးသမီး ၉ ယောက်၊ စုစုပေါင်း ၂၇ ယောက်။ နောက်ပြီးလို့ရှိရင် ဒီ အလတ်စား ဒီအငယ်စား ဒဏ်ရာရတာကတော့ အားလုံးပေါင်း ၄၉ ယောက် ရှိတယ်ဗျ။ ဆိုတော့ ဒီ ဒဏ်ရာရတာ စုစုပေါင်းကတော့ ၇၆ ဦး ရှိပါတယ်။”

ဦးခိုင်သုခ – “အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီဟာ စစ်မြေပြင်မှာ သူတို့ဘက်က ဒီ အထိအခိုက်အကျအဆုံးတွေ များလာပြီဆိုလို့ရှိရင် အပြစ်မဲ့ပြည်သူတွေကို ဦးတည်ပစ်မှတ်ထားတိုက်ခိုက်တာကတော့ ဒါ သူတို့ရဲ့ နည်းဗျူဟာတစ်ခုလို့လည်း ပြောလို့ရတာပေါ့။ အခုလည်းပဲ ဒီ တခြားစစ်မျက်နှာတွေဖြစ်တဲ့ ဥပမာ မကွေးစစ်မျက်နှာ၊ ပဲခူးစစ်မျက်နှာ၊ ဧရာဝတီစစ်မျက်နှာ၊ နောက် ကျောက်ဖြူစစ်မျက်နှာတွေမှာ အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီက သူတို့ ထိခိုက်ကျဆုံးမှုတွေ တအားများနေတဲ့အတွက်ကြောင့်မို့လို့ အခုလိုမျိုး စစ်ဘက်နဲ့မဆိုင်တဲ့ အရပ်သားပြည်သူတွေ နေတဲ့နေရာတွေကို ဦးတည်ပစ်မှတ်ထားပြီးတော့မှ သရဲဘောကြောင်စွာနဲ့ ဒီစစ်သားမဆန် ပေါ့နော်။ စစ်သားမဆန်ဘဲနဲ့ အခုလိုမျိုး အရပ်ဘက်ပစ်မှတ်တွေကို ဒါ မတရား ဒီ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်တာ ဖြစ်ပါတယ်။ ဒီဟာကတော့ ဒါ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာ ဖြစ်ပါတယ်။”

ဦးခိုင်သုခ – “ဒီဟာကတော့ ဒီ အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီက စစ်ဘက်နဲ့မဆိုင်တဲ့ ဒီအရပ်ဘက်ပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့နေပြီးတော့မှ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာ ဖြစ်ပါတယ်။ ဒီ အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီအနေနဲ့ သူတို့ ကျူးလွန်တဲ့ ဒီ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုအတွက် သူတို့ တာဝန်ယူမှု တာဝန်ခံမှု ရှိရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ULA အနေနဲ့ကတော့ ဒီမတရားတိုက်ခိုက်သတ်ဖြတ်ခံရတဲ့ ဒီ ကျွန်တော်တို့ရဲ့ အပြစ်မဲ့ပြည်သူတွေ တရားမျှတမှု ရရှိဖို့အတွက် လိုအပ်သလို လက်တုန့်ပြန်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

