• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • လုပ်အားခများအား စက်ရုံဘက်မှ အမြန်ဆုံးထုတ်ပေးမည်ဟု သဘောတူ
  • လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်၏ ၁၂ ရာခိုင်နှုန်းသာ ရရှိထား
  • မောင်တောမြောက်ပိုင်းတွင် AA နှင့် ARSA တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
  • Chrome ဘရောက်ဇာ အသုံးပြုသူများ လုံခြုံရေးအန္တရာယ်ရှိနေ၊ ချက်ချင်း အပ်ဒိတ်လုပ်ရန် Google တိုက်တွန်း
  • လေးကေ့ကော်ဒေသ တိုက်ပွဲမှ လက်နက်ကြီးကျည်တစ်လုံး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်
  • ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းအထူးတပ်ဖွဲ့ လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးယူ
  • အမေရိကန်သမ္မတက Tylenol နှင့် Autism ဆက်နွယ်မှုအား အထောက်အထားမခိုင်လုံသော သတိပေးချက် ထုတ်ပြန်
  • ဖမ်းဆီးခံထားရသည့် အမျိုးသမီးသတင်းထောက်အား ပြန်လွှတ်ပေးရန် BNA တောင်းဆို
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ပြည်ပသတင်း»လုပ်အားခများအား စက်ရုံဘက်မှ အမြန်ဆုံးထုတ်ပေးမည်ဟု သဘောတူ
ပြည်ပသတင်း

လုပ်အားခများအား စက်ရုံဘက်မှ အမြန်ဆုံးထုတ်ပေးမည်ဟု သဘောတူ

thanlwinkhetBy thanlwinkhetSeptember 25, 2025No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် အလုပ်ရှင်အကြား အငြင်းပွားနေသည့် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံရသည့်အတွက် လုပ်အားခရလိုမှုအား အလုပ်သမားမဟာမိတ်အဖွဲ့ WAG အဖွဲ့မှ ညှိနှိုင်းဆောင်ရွက်ပေးရာ ပြေလည်မှု ရရှိသွားပြီဟု သိရသည်။

လက်ရှိတွင် အဆိုပါ အလုပ်သမားများအား အလုပ်သမားရှာဖွေရေးကုမ္ပဏီမှ တစ်ပတ်အတွင်း အလုပ်သစ်ရှာပေးရန်၊ လုပ်ခလစာများ အမြန်ဆုံးထုတ်ပေးရန်နှင့် အလုပ်သမားများနှင့် ပတ်သက်သည့် အခွင့်အရေးများ အပြည့်အဝပေးရန် အလုပ်ရှင်နှင့် အလုပ်သမားများကြား သဘောတူညီမှု ရရှိခဲ့သည်ဟု WAG မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံ၊ လယောင်မြို့ရှိ မီးသီးစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၅၀ သည် အဆိုပါ စက်ရုံတွင် အလုပ်ရရှိရန် ဘတ်ငါးသန်းပွဲစားရုံးအား စမတ်ခ (အလုပ်ရရှိရန် ဝန်ဆောင်ခ) အဖြစ် တစ်ဦးလျှင် ဘတ် ၇၅၀၀ မှ ၈၅၀၀ နှုန်းအထိ ပေးခဲ့ရသည်ဟု သိရသည်။

ထိုသို့ အလုပ်လုပ်ကိုင်ပြီး လေးလကျော်အကြာ စက်တင်ဘာ ၂၁ ရက်တွင် စက်ရုံ သူဌေးမှ ဘတ်ငါးသန်းပွဲစားရုံးသို့ အဆိုပါ အလုပ်သမားများအား အလုပ်ရပ်နားလိုက်သည်ဟု အကြောင်းကြားခဲ့သည်။ ထိုကြောင့် စက်ရုံမှ ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ အလုပ်ထုတ်ခြင်းကြောင့် ရသင့်ရထိုက်သည့် နစ်နာကြေးများ၊ အလုပ်ရှင်ထံ အပ်နှံထားရသည့် အလုပ်သမားများ၏ အထောက်အထား စာရွက်များနှင့် စက်တင်ဘာလအတွင်း အလုပ်လုပ်ကိုင်ခဲ့သည့် လုပ်အားခများ ပြန်လည် ရရှိရန် WAG အဖွဲ့မှ စက်တင်တာ ၂၄ ရက်တွင် ညှိနှိုင်းပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အလုပ်သမားများသည် စက်တင်ဘာလအတွင်း အလုပ်ဆင်းထားသည့် ၁၈ ရက်အတွက် လုပ်အားခ အလုပ်သမား တစ်ဦးလျှင် ၁၂၇၀၀ ဘတ်အား စက်ရုံဘက်မှ ပေးချေရန် WAG သို့ အလုပ်သမားများမှ တိုင်ကြားလာခြင်း ဖြစ်သည်။ လက်ရှိ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၇ သန်းအထိ အလုပ်လုပ်ကိုင်နေသည်ဟု ရွေ့ပြောင်းအလုပ်သမားအရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် အလုပ်သမားများနှင့် သက်ဆိုင်သည့် ဥပဒေများအား သိထားသင့်သည့်အပြင် အထောက်အထားများအား လုပ်ထားသင့်သည်ဟုလည်း အလုပ်သမားအရေးလုပ်ဆောင်သူများမှ အကြံပြုထားသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleလူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်၏ ၁၂ ရာခိုင်နှုန်းသာ ရရှိထား
thanlwinkhet
  • Website

Related Posts

ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းအထူးတပ်ဖွဲ့ လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးယူ

September 24, 2025

အမေရိကန်သမ္မတက Tylenol နှင့် Autism ဆက်နွယ်မှုအား အထောက်အထားမခိုင်လုံသော သတိပေးချက် ထုတ်ပြန်

September 24, 2025

ချင်းမိုင်ခရိုင်တွင်း ရေကြီးရေလျှံမှုများကြုံရပါက ၂၄ နာရီပတ်လုံး အကူအညီတောင်းခံနိုင်

September 23, 2025

Leave A Reply Cancel Reply

Recent Posts

  • လုပ်အားခများအား စက်ရုံဘက်မှ အမြန်ဆုံးထုတ်ပေးမည်ဟု သဘောတူ
  • လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်၏ ၁၂ ရာခိုင်နှုန်းသာ ရရှိထား
  • မောင်တောမြောက်ပိုင်းတွင် AA နှင့် ARSA တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
  • Chrome ဘရောက်ဇာ အသုံးပြုသူများ လုံခြုံရေးအန္တရာယ်ရှိနေ၊ ချက်ချင်း အပ်ဒိတ်လုပ်ရန် Google တိုက်တွန်း
  • လေးကေ့ကော်ဒေသ တိုက်ပွဲမှ လက်နက်ကြီးကျည်တစ်လုံး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

လုပ်အားခများအား စက်ရုံဘက်မှ အမြန်ဆုံးထုတ်ပေးမည်ဟု သဘောတူ

လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်၏ ၁၂ ရာခိုင်နှုန်းသာ ရရှိထား

မောင်တောမြောက်ပိုင်းတွင် AA နှင့် ARSA တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

Chrome ဘရောက်ဇာ အသုံးပြုသူများ လုံခြုံရေးအန္တရာယ်ရှိနေ၊ ချက်ချင်း အပ်ဒိတ်လုပ်ရန် Google တိုက်တွန်း

ယခင်သတင်းများ

  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

လုပ်အားခများအား စက်ရုံဘက်မှ အမြန်ဆုံးထုတ်ပေးမည်ဟု သဘောတူ

September 25, 2025

လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်၏ ၁၂ ရာခိုင်နှုန်းသာ ရရှိထား

September 25, 2025

မောင်တောမြောက်ပိုင်းတွင် AA နှင့် ARSA တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

September 25, 2025

Chrome ဘရောက်ဇာ အသုံးပြုသူများ လုံခြုံရေးအန္တရာယ်ရှိနေ၊ ချက်ချင်း အပ်ဒိတ်လုပ်ရန် Google တိုက်တွန်း

September 25, 2025

လေးကေ့ကော်ဒေသ တိုက်ပွဲမှ လက်နက်ကြီးကျည်တစ်လုံး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်

September 24, 2025

ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းအထူးတပ်ဖွဲ့ လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးယူ

September 24, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.