ထိုင်း-မြန်မာနယ်စပ်တွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့ အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီမှ လက်နက်ကြီးများနှင့် ပစ်ခတ်ပြီးနောက်တွင် ရာဇာမနူ တပ်ဖွဲ့၊ နရေစွမ်း တပ်မတော်၊ ၃၅ ခြေလျင်တပ်ရင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ၃၄ တို့ ပူးပေါင်းကာ ကမ်းလှည့်လျက်ရှိ သည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။
ရာဇာမနူ အထူးတပ်ဖွဲ့၊ နရေစွမ်းတပ်ဖွဲ့နဲ့ တတိယတပ်မတော် တပ်ဖွဲ့ဝင်များသ့် နယ်စပ်ဒေသကို စောင့်ကြည့်ရန်၊ ကင်းလှည့်ရန်နှင့် နယ်စပ်အတွင်းသို့ ကျူးကျော်ဝင်လာခြင်း မရှိစေရန် လုံခြုံရေး ယူထားကြခြင်း ဖြစ်သည်။
လက်ရှိတွင် နယ်စပ်တစ်လျှောက် နေထိုင်ကြသည့် ထိုင်းပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် သံချပ်ကာကားများပါ ချထားပြီး နယ်စပ်တစ်လျှောက် နေထိုင်သူများ၏ လုံခြုံရေးကို ထိခိုက်မှု မရှိစေရန် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
တာ့ခ်ခရိုင် အတွင်းက မဲဆောက်၊ အွမ်ဖန်၊ ဖုတ်ဖရာ၊ ထားဆုန်ယန်းနှင့် မယ်ရာမတ် တလျှောက် ထိုင်း-မြန်မာနယ်စပ် လုံခြုံရေးအား ရာဇာမနူ တပ်ဖွဲ့ရဲ့ တပ်မှူးဖြစ်သူ ဗိုလ်မှူးကြီး နတ်ထကွန် ရွန်ထစ်က ကြီးကြပ်လျက်ရှိသည်။ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်ခြင်းကြောင့် မဲဆောက်မြို့နယ်၊ မယ်တောင်ကျေးရွာအုပ်စု၊ ဒွန်ချိုင်းကျေးရွာအနီး ထိုင်းနယ်စပ်ကနေ ၅ ကီလိုမီတာ (၃.၁ မိုင်) အကွာမှာ လက်နက်ကြီးများ ပစ်ခတ်ခြင်းများအား တွေ့မြင်ရခဲ့သည်ဟု ဆိုသည်။
ထို့အပြင် လက်ရှိ နယ်စပ်တလျှောက် တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်တပ်တို့ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ထိုင်းဘက်ခြမ်းမှ ပြည်သူများထိခိုက်ပါက လူမျိုးခွဲခြားခြင်းမရှိဘဲ လူသားချင်းစာနာမှု အကူအညီများ ပေးသွားမည်ဟု ပြောထားသည်။
ယင်းအပြင် ပြည်သူ့များ ထိတ်လန့်မှု မဖြစ်စေရန် မှန်ကန်မှု မရှိသည့် သတင်းများကို ဖြန့်ဝေခြင်းမပြုရန်လည်း သတိပေးထားသည်။