ချင်းမိုင်ခရိုင်၊ မယ်ကျန်မြို့တွင် Mae Chaem မြစ်ရေ ပြည့်လျှံလာသောကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးသွားသည်ဟု မယ်ကျန်မြို့နယ် ဦးစီးမှူးရုံးအဖွဲ့က ထုတ်ပြန်ထားသည်။
ထို့အပြင် Tha Pha ခရိုင်နှင့် Chang Keng ရွာအနီးက စိုက်ပျိုးခင်းများလည်း ရေနစ်မြုပ် ပျက်စီးသွားခဲ့ရသည်ဟု သိရသည်။ ထိုကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် ဒေသတွင်း တာဝန်ရှိသူများက ရေဘေးကြုံခဲ့ရသည့် ပြည်သူများအား အရေးပေါ် အကူအညီများ ပေးခဲ့သည်ဟု သိရသည်။
ထို့အပြင် အိမ်အသုံးအဆောင် ပစ္စည်းများအား ဘေးလွတ်ရာနေရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ရေနစ်မြုပ်နိုင်သည့် အနိမ့်ပိုင်းတွင် နေထိုင်သူများအားလည်း ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
အိမ်တွင်းပစ္စည်းများကို မြင့်သည့် နေရာများဆီ ရွှေ့ပြောင်းခြင်းနှင့် ထိခိုက်လွယ်သည့် အုပ်စုများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်းများ၊ ဒေသခံအစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ပြည်သူများကို အရေးပေါ် အကူအညီပေးခြင်းများ လုပ်ဆောင်ပေးနေသောကြောင့် အဆိုပါ ဒေသတွင်း နေထိုင်သူများ အနေဖြင့် အစိုးရ၏ အသိပေးထုတ်ပြန်ချက်များအား လိုက်နာရန်နှင့် အရေးပေါ် အခြေအနေ ကြုံရပါက HotLine နံပါတ်များအား ၂၄ နာရီပတ်လုံး ဆက်သွယ်နိုင်သည်ဟုလည်း အာဏာပိုင်များက သတိပေးထားသည်။