ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ကမ္ဘောဒီးယားနိုင်ငံသားများ၏ ဆန္ဒပြမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ထိုင်းအာဏာပိုင်များက အဓိကရုဏ်းနှိမ်နင်းရေးသုံး ရေအမြောက်ယာဉ်များကို ယနေ့ နေ့လယ်ပိုင်းက ကြိုတင်နေရာချထားကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြသည်။
ယနေ့ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် ထိုင်းအာဏာပိုင်များသည် ဖိအားမြင့်ရေအမြောက်ကားများကို Sa Kaeo ခရိုင်၊ Khok Sungမြို့နယ်ရှိ Ban Nong Ya Kaewကျေးရွာသို့ ရွှေ့ပြောင်းနေရာချထားခဲ့သည်။
ယခုကဲ့သို့ လူစုခွဲရာတွင်အသုံးပြုသည့် ယာဉ်များကို ကြိုတင်ချထားခြင်းသည် နယ်စပ်တွင် တင်းမာမှုများ မြင့်တက်လာပါက လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်နှင့် အရေးပေါ်အခြေအနေအတွက် အသင့်ဖြစ်စေရန်ဖြစ်သည်ဟု ဆိုသည်။
နယ်စပ်အနီးတွင် ကမ္ဘောဒီးယားနိုင်ငံသားအုပ်စုများ စုဝေးမှုများရှိနေပြီးနောက် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားလာနိုင်သောစိုးရိမ်မှုများကြောင့် ယခုကဲ့သို့ ကြိုတင်ကာကွယ်သည့်အနေဖြင့် အင်အားတိုးမြှင့်ချထားခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။ အခြေအနေကို ထိန်းချုပ်နိုင်ရန်အတွက် အာဏာပိုင်များက အဆိုပါဒေသတွင် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား၊ စက်ပစ္စည်းကိရိယာများနှင့် အခြားယာဉ်များကိုလည်း ထပ်မံဖြည့်တင်းထားကြောင်း သိရသည်။
ဓာတ်ပုံ Credit: Thiti Wannamontha (Nation Photo







