• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နယ်စပ်ဂိတ်အားလုံးပိတ်ပစ်ပြီး ထိုင်းပစ္စည်းတင်သွင်းခွင့်တားမြစ်မယ်လို့ ဟွန်ဆန်ခြိမ်းခြောက်
  • ကျားဖြန့်မှ ကယ်ထုတ်ခဲ့‌သော ပါကစ္စတန်နိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်း
  • KNU ဥက္ကဌဟောင်း စောဘိုမြ၏ ဇနီး ကွယ်လွန်
  • ကော်သူးလေ သမိုင်းမှ အုပ်ချုပ်ရေးနှင့် ပြုပြင်မွမ်းမံမှုများကို သင်ခန်းစာယူရန်လိုဟု KNU ဥက္ကဌပြော
  • တတိယကမ္ဘာစစ်စတင်နေပြီလို့ ရုရှားစစ်ဗိုလ်ချုပ်ကြေညာ
  • ဆေးဝါးကုသခွင့်မရ၍ ငါးလအတွင်း နိုင်ကျဉ်း ၁၁ ဦး သေဆုံး
  • ရက်လည်အလှူလုပ်ရန် ပြင်ဆင်စဉ် လက်နက်ကြီးကျ၍ ကျန်ရစ်သူ မိသားစုဝင်များပါ ထပ်သေဆုံး
  • လေယာဉ်် ပျက်ကျမှုကြောင့် သေဆုံးသူများအတွက် လျော်ကြေး ရူပီး ၁၀ သန်း ပေးမည်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»စစ်ကောင်စီစခန်းများကို KNLAတပ်ဖွဲ့ဝင်များတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနှင့်BGFတပ်ဖွဲ့ဝင် ၅ဦးသေဆုံး
တိုက်ပွဲသတင်း

စစ်ကောင်စီစခန်းများကို KNLAတပ်ဖွဲ့ဝင်များတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနှင့်BGFတပ်ဖွဲ့ဝင် ၅ဦးသေဆုံး

thanlwinkhetBy thanlwinkhetJanuary 11, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီစခန်းများကို KNLA တပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနှင့်BGF တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးသည်ဟု ယနေ့တွင် တပ်မဟာ၅ မူတြော်သတင်းစဥ်ကဖော်ပြထားသည်။

ယခုလ ဇန်နဝါရီ ၈ ရက်၊ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် KNU တပ်မဟာ (၇) ထိန်းချုပ်နယ်မြေ၊ ကဆောဝါးလေး (ဆင်ဖြူကျောက်တောင်) ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သံလွင်မြစ်တဖက်ကမ်းရှိ KNU တပ်မဟာ (၅) ထိန်းချူပ်နယ်မြေ၊ ဘူးသိုမြို့နယ်ထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် မယ်ပကျေးရွာဒေသခံများ၏ လုပ်ငန်းခွင်ထဲကို လက်နက်ကြီးကျည် ကျရော က်ပေါက်ကွဲခဲ့သည်။

စစ်ကောင်စီလက်နက်ကြီးများဖြင့်ပစ်ခတ်ပြီးနောက်  နံနက် ၁၁ နာရီအချိန်တွင် ကရင်အမျိုးသားလွ တ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၅) တပ်ဖွဲ့ဝင်များက လယ်တိုးစစ်ကောင်စီစခန်းကို တစ်ကြိမ်ဝင်ရောက်ပစ်ခတ်ခဲ့သည်။

KNLA တပ်မဟာ (၅) တပ်ဖွဲ့ဝင်များဖက်မှ ထိခိုက်သေဆုံးမှုမရှိပေမဲ့၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိ၊မရှိကိုအတည်မပြုနိုင်သေးဟု မူတြော်သတင်းကဖော်ပြထားသည်။

ထို့ပြင် ဇန်နဝါရီလ ၈ ရက်၊ နံနက် ၉ နာရီ ၁၀ မိနစ်အချိန်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA  တပ်မဟာ (၅) တပ်ဖွဲ့ဝင်များက စစ်ကောင်စီ BGF ပူးပေါင်းတပ်ဖွဲ့ဝင်များကို (ဝါးဒုနှင့် လယ်ကွဲလ) အကြားတွင်းတစ်ကြိမ်၊ နံနက် ၁၁ နာရီအချိန်တွင် (ခလယ်လူကစယ်တယ်) တွင်တစ်ကြိမ်၊

ည ၈ နာရီအချိန်တွင် (မဲဝိုင်) စခန်းကိုတစ်ကြိမ် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးနှင့် BGF  တပ်ဖွဲ့ဝင် ၁ဦးသေဆုံးခဲ့ပြီးသည်။

ထို့နောက်ဇန်နဝါရီလ ၉ ရက်၊နံနက် ၉ နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၅) တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပလောခီးနှင့်မဲတိုးခီးအကြားတွင်းတစ်ကြိမ်၊ ၁၁ နာရီ၃၀ မိနစ်အချိန်တွင် ခေးထာလူ၊ ကော်ထယ်ဒဲဒေသမှာ တစ်ကြိမ်ဝင်ရောက်ပစ်ခတ်ခဲ့ရာစစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့သည်။

စစ်ကောင်စီစစ်တပ်သည် KNU မူတြော်ခရိုင်၊ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်း၌ ယခုလတွင် စစ်ရေးလှုပ်ရှားမဖျုများကို ပိုမိုပြုလုပ်လာသည့်အပြင် လေ ကြောင်းတိုက်ခိုက်မှု ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကိုအဆက်မပြတ်ပြုလုပ်နေသည်။

” ဇန်နဝါရီလ၇ရက်နေ့တနေ့ထဲမှာဘဲတိုက်လေယာဥ်၄စင်းနဲ့ ၇ နေရာကိုလာပစ်သွားတယ်။ မဲဝိုင်ရွာ၊တိုမယ်ခီးရွာ၊ခလိုခီးရွာ၊ ယာဃီထာရွာ၊ ဝါမီခိုရွာ၊ ဒေဘူနိုရွာနဲ့ လယ်ထူဖိုးရွာ အဲဒီ ၇ နေရာကိုလာပစ်သွားတယ် “ဟု ကေအဲန်ယူတပ်မဟာ ၅ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက သံလွင်ခက်ကို ပြောသည်။

စစ်ကောင်စီတပ်၏ ဇန်နဝါရီလ ၇ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုတွင် ရွှေတူးဖော်နေသည့် လုပ်ငန်းရှင် မိသားစုများနှင့်အလုပ်သမားများအပါဝင် ပြည်သူ ၆ဦး သေဆုံးခဲ့သည်။ ထို့ပြင် ဆေးပေးခန်းအပါအဝင်နေအိမ်အဆောက်အဦး ၇ လုံးထိမှန်ပျက်စီးခဲ့သည်။

” ဆေးပေးခန်းရယ်လူနာဆောင်ရယ်ထိသွားတယ်။ ဒါပေမဲ့လူမရှိတဲ့အချိန်ဖြစ်လို့လူတော့ထိခိုက်မှုမရှိဘူး။ဆေးတွေတော့အားလုံးနီးပါးလွှင့်စင်ပျက်စီးသွားတယ်” ဟု ဆေးပေးခန်းထိမှန်ခဲ့သည့်ဖြစ်စဥ်အား ၎င်းကဆက်လ က်ပြောကြားသည်။

ကေအဲန်ယူတပ်မဟာ၅ နယ်မြေတွင် နေ့စဉ်နီးပါးထိတွေ့တိုက်ပွဲများဖြစ်ပွါးနေကာပြီးခဲ့သော ဒီဇင်ဘာလအတွင်း ၌တိုက်ပွဲပေါင်း ၁၇၃ ကြိမ်ဖြစ်ပွားခဲ့သည်ဟု မူတြော်သတင်းစဥ်က ဖော်ပြထားသည်။

ပုံစာ – ဇန်နဝါရီ ၇ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုမှ ထိခိုက်ပျက်စီးမှုများ

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြန်မာတစ်နိုင်ငံလုံးက ထောင်များကိုလုံခြုံရေး တင်းကြပ်
Next Article CNF ဌာနချုပ်ကို စစ်ကောင်စီကလေယာဥ်ဖြင့်ထပ်မံဗုံးကြဲ၊ ဆေးကုသဆောင်နှင့်ဆေးဝါးများပျက်စီး
thanlwinkhet
  • Website

Related Posts

မြဝတီတောင်ဘက် စစ်ကောင်စီလက်ကျန်စခန်းများ မကျစေရန် လေကြောင်းမှ ခုခံတိုက်ခိုက်

June 13, 2025

အမ်ပီတီစခန်းကုန်းပြန်ရရန် အင်အားရာချီဖြင့် စစ်ကောင်စီ ထိုးစစ်ဆင်

June 13, 2025

ရှမ်းကရင်နီနယ်စပ်တွင် စစ်ရေးတင်းမာ

June 12, 2025

Leave A Reply Cancel Reply

Recent Posts

  • နယ်စပ်ဂိတ်အားလုံးပိတ်ပစ်ပြီး ထိုင်းပစ္စည်းတင်သွင်းခွင့်တားမြစ်မယ်လို့ ဟွန်ဆန်ခြိမ်းခြောက်
  • ကျားဖြန့်မှ ကယ်ထုတ်ခဲ့‌သော ပါကစ္စတန်နိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်း
  • KNU ဥက္ကဌဟောင်း စောဘိုမြ၏ ဇနီး ကွယ်လွန်
  • ကော်သူးလေ သမိုင်းမှ အုပ်ချုပ်ရေးနှင့် ပြုပြင်မွမ်းမံမှုများကို သင်ခန်းစာယူရန်လိုဟု KNU ဥက္ကဌပြော
  • တတိယကမ္ဘာစစ်စတင်နေပြီလို့ ရုရှားစစ်ဗိုလ်ချုပ်ကြေညာ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နယ်စပ်ဂိတ်အားလုံးပိတ်ပစ်ပြီး ထိုင်းပစ္စည်းတင်သွင်းခွင့်တားမြစ်မယ်လို့ ဟွန်ဆန်ခြိမ်းခြောက်

ကျားဖြန့်မှ ကယ်ထုတ်ခဲ့‌သော ပါကစ္စတန်နိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်း

KNU ဥက္ကဌဟောင်း စောဘိုမြ၏ ဇနီး ကွယ်လွန်

ကော်သူးလေ သမိုင်းမှ အုပ်ချုပ်ရေးနှင့် ပြုပြင်မွမ်းမံမှုများကို သင်ခန်းစာယူရန်လိုဟု KNU ဥက္ကဌပြော

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နယ်စပ်ဂိတ်အားလုံးပိတ်ပစ်ပြီး ထိုင်းပစ္စည်းတင်သွင်းခွင့်တားမြစ်မယ်လို့ ဟွန်ဆန်ခြိမ်းခြောက်

June 16, 2025

ကျားဖြန့်မှ ကယ်ထုတ်ခဲ့‌သော ပါကစ္စတန်နိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်း

June 16, 2025

KNU ဥက္ကဌဟောင်း စောဘိုမြ၏ ဇနီး ကွယ်လွန်

June 14, 2025

ကော်သူးလေ သမိုင်းမှ အုပ်ချုပ်ရေးနှင့် ပြုပြင်မွမ်းမံမှုများကို သင်ခန်းစာယူရန်လိုဟု KNU ဥက္ကဌပြော

June 14, 2025

တတိယကမ္ဘာစစ်စတင်နေပြီလို့ ရုရှားစစ်ဗိုလ်ချုပ်ကြေညာ

June 14, 2025

ဆေးဝါးကုသခွင့်မရ၍ ငါးလအတွင်း နိုင်ကျဉ်း ၁၁ ဦး သေဆုံး

June 14, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.