တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကော်မရှင် အကြား တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် အပစ်ရပ်ရေးအတွက် ဆွေးနွေးမှုနှင့် ပတ်သက်၍ သတင်းများ ပျံ့နှံနေသော်လည်း ရလဒ်အား အတည်မပြုနိုင်သေးဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးမှ ပြောသည်။
ယမန်နေ့ ဩဂုတ်လ၊ ၂၇ ရက်တွင် တရုတ်အစိုးရ၏ အကူအညီဖြင့် TNLA နှင့် စစ်ကော်မရှင်တို့ကြား နှစ်ဖက်အပစ်ရပ်ရေးအတွက် ဆွေးနွေးမှုစတင်ပြုလုပ်နေခြင်းဖြစ်သည်။
လက်ရှိတွင် ဆွေးနွေပွဲပြုလုပ်နေသည်မှာ မှန်ကန်ပြီး အွန်လိုင်းတွင် ပျံ့နှံ နေသကဲ့သို့ TNLA နှင့် စစ်ကော်မရှင်ကြား ဆွေးနွေးမှုရလဒ်မှာ မဟုတ်မှန်ဟု သံလွင်ခက်သို့ ပြောသည်။
#TNLA #တရုတ် #တွေ့ဆုံမှုရလဒ် #အတည်မပြုနိုင်သေး #ThanLwinKhetNews