နယ်စပ်ဒေသတိုက်ပွဲများအတွင်း ကျဆုံးခဲ့ရသော ကမ္ဘောဒီးယားတပ်သား ၁၂ ဦး၏ ရုပ်အလောင်းများကို ယနေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ကမ္ဘောဒီးယားနိုင်ငံဘက်သို့ ထိုင်းတပ်မတော်က ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
အဆိုပါ လွှဲပြောင်းခြင်းကို စီဆကစ်ပြည်နယ်အတွင်းရှိ နယ်စပ်ဖြတ်ကျော်ရေးစခန်းတွင် ပြုလုပ်ခဲ့ပြီး လူသားချင်းစာနာမှုကို အခြေခံကာ ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းအာဏာပိုင်အချို့ကပြောဆိုထားသည်။
ထိုင်းတပ်မတော်၊ ပျောက်ကြားတပ်ဒုတိယအရာရှိ ဗိုလ်မှူးကြီး ရီချာဒါဆူချွန်နွန်းက “စစ်မြေပြင်မှာ ကျဆုံးခဲ့သူ မည်သည့်ဘက်မှ တပ်သားမဆို ဂုဏ်ပြုရမယ့် အစဉ်အလာအတိုင်း ဆောင်ရွက်ခြင်းဖြစ်သလို နှစ်နိုင်ငံတပ်မတော်များအကြား ယုံကြည်မှုတည်ဆောက်ရေးအတွက် အရေးပါတဲ့လုပ်ဆောင်ချက်လဲဖြစ်ပါတယ်” ဟု ရှင်းလင်းခဲ့သည်။
အဆိုပါရုပ်အလောင်းများကို ကမ္ဘောဒီးယားနိုင်ငံဘက်သို့ ပြန်လည်ခေါ်ဆောင်သွားကာ ရိုးရာဓလေ့အလိုက် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- ထိုင်းတပ်မတော်၏ အလောင်းလွှဲပြောင်းမှုဆိုင်ရာ မှတ်တမ်းရုပ်ပုံများ (PR Thailand)



