ထိုင်းနိုင်ငံ၊ စာလဘူရီခရိုင်ရှိ ဟေမာရပ် စက်မှုဇုန်တခုရှိ တစ်ရှူးစက်ရုံတစ်ခုတွင် ယနေ့ နေ့လယ်ပိုင်းမှ စတင်၍ မီးလောင်မှုဖြစ်ပွားလျက်ရှိပြီး ခြောက်ဦးသေဆုံးခဲ့ရပြီး ၂၂ ဦးသည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ယနေ့ မွန်းလွဲ ပိုင်း ၁ နာရီ မိနစ် ၂၀ အချိန်ထိ အနည်းဆုံး စက်ရုံလုပ်သား လေးဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟုသိရသည်။
နောင်ခဲမြို့ စက်မှုဇုန်တွင် ဖြစ်ပွားသော မီးလောင်မှုသည် ယနေ့ ဇွန် ၃၀ ရက် နေ့လည် ၃ နာရီအချိန်အထိတွင် ဂိုဒေါင် အဆောက်အအုံအတွင်းတွင် မီးတောက်များ ပြင်းထန်စွာ လောင်ကျွမ်းလျက်ရှိသည်ဟု ထိုင်းသတင်းဖော်ပြချက်များအရသိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုအား မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား၊ ရေသယ်ယာဉ်များစွာဖြင့် မီးငြိမ်းသတ်ရန်ကြိုးပန်းနေသော်လည်း တစ်ရှူးစက္ကူဖြစ်နေသောကြောင့် မီးကိုထိန်းနိုင်ခြင်းမရှိသေးဟု သိရသည်။
အဆိုပါ စက်ရုံစက်ရုံမီးလောင်မှု ဖြစ်စဉ်အတွင်း၌ သေဆုံးသူ ခြောက်ဦးအနက် မြန်မာနိုင်ငံသား ပါဝင်ခြင်းရှိမရှိကို သံလွင်ခက်အတည်ပြုလျက်ရှိသည်။
Ref: Khaosod , Bangkok Post