• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဘန်ကောက် ငလျင်ကြောင့် သေဆုံးသွားသူများအတွက် အလုပ်ရှင်မှ တစ်ဦးကို ဘတ် ၁ သန်းပေး
  • စစ်တွေတွင် ဒေသခံများ မကြာခဏ ဖမ်းဆီးခံနေရ
  • ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် နေထိုင်သူများအား အလုပ်လုပ်ခွင့်ပြုမည်ဟုဆို
  • ဂေါ်ရခါးလူမျိုး ၈၄ ဦးအား TNLA ပြန်လွှတ်ပေး
  • မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ ကလေးငယ်များ အပါ ၁၀ ဦးထက်မနည်း သေဆုံး
  • သံမဏိစက်ရုံတွင် တပ်စွဲထားသည့် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး သေဆုံး
  • ချင်းမိုင်တွင် မူးယစ်ဆေးပြား ခြောက်သိန်း ဖမ်းမိ
  • တောင်ကုတ်နှင့် မအီကို စစ်ကောင်စီ ဗုံးကြဲ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ငလျင်သတင်း»ငလျင်က ယူငင်သွားသော သမိုင်းမှတ်တမ်းများ (သုံးလပြည့်ဆောင်းပါး)
ငလျင်သတင်း

ငလျင်က ယူငင်သွားသော သမိုင်းမှတ်တမ်းများ (သုံးလပြည့်ဆောင်းပါး)

thanlwinkhetBy thanlwinkhetJune 28, 2025Updated:June 30, 2025No Comments5 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သန္တာဖြူ
သမိုင်းဆိုတာ သက်သေအထောက်အထား မခိုင်မာဘဲနဲ့ ပြောဖို့ ခက်တဲ့အရာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ ရှေးဟောင်းအမွေအနှစ်တွေဟာ မြန်မာတွေရဲ့ လူ့ယဉ်ကျေးမှု သမိုင်းပါ။
အနုလက်ရာမြောက်တဲ့ ရှေးဟောင်းအမွေအနှစ်တွေ ငလျင်ကြောင့် ပျက်စီးသွားတာက မြန်မာတွေရဲ့ သမိုင်းမှတ်တမ်းတွေ ဆုံးရှုံးရတာပါ။
ငလျင်ကြောင့် ပျက်စီးသွားသော အမွေအနှစ်များ
ပြီးခဲ့တဲ့ သုံးလအကြာ မတ်လ ၂၈ မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးက ပြည်သူတွေရဲ့ ဘဝကို ပြောင်းပြန် လှန်ပစ်လိုက်သလို မြန်မာလူမျိုးတွေရဲ့ သမိုင်းမှတ်တိုင်တွေ၊ နှလုံးသားတွေကို ခပ်ကြမ်းကြမ်း ဆွဲလှုပ်သွားခဲ့ပါတယ်။
အထူးသဖြင့် မြန်မာတွေရဲ့ နောက်ဆုံးဘုရင် နန်းစိုက်ခဲ့တဲ့မြို့၊ မြို့တည်သက်တမ်း ၁၆၀ ကျော်ရှိပြီ ဖြစ်တဲ့ မန္တလေးမြို့က ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့တာပါ။
ဒီလို ဂန္တဝင်မြောက် သမိုင်းကြောင်းတွေ၊ ရှေးဟောင်းအမွေအနှစ်တွေနဲ့ မြန်မာရိုးရာဟန်ပန် တည်ရှိနေခဲ့တဲ့ မန္တလေးမြို့ရဲ့ မဟာဆန်ဆန် လှပမှုဟာ ငလျင်ကြောင့် ရုတ်ချည်းဆိုသလို စိစိညက်ညက် ကြေမွသွားခဲ့ရပါတယ်။
ဒီအဖိုးမဖြတ်နိုင်တဲ့ သမိုင်းမှတ်တမ်းတွေ ပြင်ဆင်တဲ့အခါမှာ တတ်သိပညာရှင်တွေ၊ ဗိသုကာ ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုနည်းပါးတာတွေ ရှိနေတယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ဒါကြောင့် ပျက်စီးယိုယွင်းသွားတဲ့ အဆောက်အအုံတွေကို ဘယ်လိုပြင်ဆင်မလဲဆိုတဲ့ မေးခွန်းက စစ်ကောင်စီ အတွက် ရှိနေပါတယ်။
“ စိတ်ကူးထဲတောင်မှ ပုံရိပ်မဖော်နိုင်ခဲ့တဲ့ မြင်ကွင်းမျိုးကို မြင်ရတာ” လို့ လက်ရှိမြင်ကွင်းနဲ့ ပတ်သက်လို့ မန္တလေးမြို့မှာ နေထိုင်တဲ့ ဝါရင့်စာရေးဆရာ တစ်ယောက်က ပြောပါတယ်။
ဒီငလျင်ကြီးကြောင့် မန္တလေး၊ အင်းဝ၊ ပုလိပ်၊ မြစ်ငယ် အပါအဝင် ရှေးဟောင်းအမွေအနှစ်တွေရှိတဲ့ အလယ်ပိုင်း‌‌‌ဒေသက ဘုရားပုထိုး၊ စေတီ၊ အဆောက်အအုံ‌ပေါင်း ၁၅၀၀ ကျော် ပြိုကျပျက်စီးခဲ့ရပါတယ်။
မန္တလေးတိုင်း အင်းဝဒေသ တစ်ခုတည်းတင် ရှေးဟောင်းအဆောက်အအုံပေါင်း ၆၁၀ ကျော် ထိခိုက်ပျက်စီး ခဲ့တယ်လို့ စစ်ကောင်စီပိုင် MRTV ရုပ်သံကနေ ကြေညာထားပါတယ်။
ဒီပမာဏဟာ အင်းဝဒေသက ရှေးဟောင်းအဆောက်အအုံ အားလုံးရဲ့ သုံးပုံ နှစ်ပုံ ပျက်စီးသွားတာဖြစ်ပြီး မန္တလေး၊ အင်းဝ၊ ပင်းယ၊ ပလိပ်၊ မက္ခရာနဲ့ စစ်ကိုင်းဒေသတွေက ရှေးဟောင်းအဆောက်အအုံ ထိခိုက်မှု အများဆုံး ဖြစ်ပါတယ်။
ထိခိုက်တဲ့ ရှေးဟောင်းအဆောက်အအုံတွေထဲမှာ မြန်မာ့ရှေးဟောင်းအမွေအနှစ်လက်ရာတွေဖြစ်တဲ့ အေဒီ ၁၃၇၀ မှာ တည်ထားခဲ့တဲ့ အင်းဝ ရွှေစည်းခုံစေတီ၊ အေဒီ ၁၈၂၂ စတုတ္ထအင်းဝခေတ်မှာ တည်ထားခဲ့တဲ့ နန်းမြင့်မျှော်စင်နဲ့ သမိုင်းကြောင်းအရ ထင်ရှားတဲ့ မယ်နုအုတ်ကျောင်းတို့လည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာ ဟိုးအရင်ကတည်းက ငလျင်ကြီးကြီးမားမား လှုပ်ခတ်ခဲ့တာတွေ ရှိပေမယ့် ခေတ်အဆက်အဆက် အစိုးရတွေကတော့ ငလျင်နဲ့ ပတ်သက်ပြီး သတိပေးတာ၊ အသိပညာမျှဝေတာတွေ အလွန်အားနည်းခဲ့ပါတယ်။ NLD အစိုးရလက်ထက်မှာတော့ ငလျင်အန္တရာယ်နဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှု အပိုင်းတွေ စတင်လုပ်ဆောင်တာ ရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ ရပ်တန့်သွားခဲ့ပါတယ်။
ဒါကြောင့်ပဲ မတ်လ ၂၈ ရက်မှာ ရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ လှုပ်ခတ်သွားတဲ့ စက္ကန့်ပိုင်းစာ ငလျင်ကြီးတစ်ခုက မြန်မာတွေရဲ့ ရှေးဟောင်းအမွေအနှစ် သုံးပုံနှစ်ပုံခန့်ကို ယူငင်သွားတယ်လို့ ပြောရမှာပါ။
ဒီငလျင်ကြောင့် မဟာမြတ်မုနိဘုရားကြီး၊ မန္တလေးနန်းမြို့ရိုး၊ ‌အေဒီ ၁၁ ရာစုက သမိုင်းဝင်ဘုရားပုထိုးစေတီ ဖြစ်တဲ့ ရွှေစာရံစေတီ၊ စာသင်တိုက်ကြီးဖြစ်တဲ့ မစိုးရိမ်တိုက်သစ်၊ ဒုဠဝတီတံတား၊ မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်၊ မန္တလေးတက္ကသိုလ်၊ မင်းကွန်းက မြသိန်းတန်စေတီ၊ စစ်ကိုင်းတောင်ရိုးက သီလရှင်ကျောင်းတွေ၊ စာသင်တိုက်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရာ ဗလီတွေလည်း ပျက်စီးပြိုကျခဲ့ပါတယ်။
“မန်းလေးမြို့ရဲ့ ရတနာပုံ နေပြည်တော်လို အမရပူရ နေပြည်တော်လို နေရာမျိုးဆိုရင် တော်တော်လေးကို ပျက်စီးသွားတာ ကျွန်တော်တို့ မျက်စိအမြင်ရဆိုရင် ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားတာကို မြင်ရတယ်” လို့ မန္တလေးမြို့က အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုပါတယ်။
အဲဒီအမျိုးသားက ဆက်ပြီး “အဲဒီထဲမှာမှ ရုပ်ဝတ္ထု ပျက်စီးတာတင် မကဘူး။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေ ပျက်စီးတယ်၊ ရုပ်ပိုင်းဆိုင်ရာတွေ စီးပွားဥစ္စာ ပျက်စီးမှုတွေဆိုလည်း တော်တော်လေးကို ပြန်လည် ထူထောင်ရမယ့် အနေအထားရှိတယ်” လို့ ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်ပြီး ရင်မောရတဲ့ အကြောင်းကို ဖွင့်ဟပါတယ်။
ဒါ့အပြင် လူနေအိမ်အမြောက်အမြား ပြိုပျက်ခဲ့ရပြီး နေအိမ်အဆောက်အအုံတွေ ကြားမှာ ပိတ်မိတာကြောင့် ဇွန် ၂၅ ရက်အထိ သေဆုံးသူ ၃၈၀၀ နီးပါးခန့်ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ဒီလို သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဇွန်လအထိ ရှာဖွေဖော်ထုတ်နေရဆဲဖြစ်ပြီး ငလျင်ကြောင့် ထိခိုက် ဒဏ်ရာရရှိသူ ၅၀၀၀ ကျော်ရှိခဲ့ကာ ပျောက်ဆုံးသူ ၄၀ နီးပါးခန့်ရှိတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ အချိန်အထိ ငလျင်ကြောင့် ပြိုပျက်သွားတဲ့ အဆောက်အအုံတွေကို ရှင်းလင်းနေဆဲဖြစ်တာကြောင့် မန္တလေးမြို့ရဲ့ လမ်းတွေဟာ အုတ်ခဲအကျိုးအပဲ့တွေနဲ့ ဖုန်တလုံးလုံး ထနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“လမ်းတွေကလည်း အကုန် ပိတ်ဆို့ပြီးတော့ စက်သံတွေ၊ ကရိန်းသံတွေနဲ့ ဖုန်မှုန့်တွေ တလုံးလုံးနဲ့ပေါ့” လို့ မန္တလေးမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ပျက်စီးသွားတဲ့ ရှေးဟောင်းအဆောက်အအုံတွေနဲ့ ပတ်သက်လို့တော့ ဘယ်လို စီမံခန့်ခွဲမလဲဆိုတာကလည်း ဒေသခံ စာရေးဆရာတွေ၊ ခရီးသွားလုပ်ငန်းရှင်တွေ၊ ဗိသုကာပညာရှင်တွေနဲ့ စစ်ကောင်စီကြားမှာ သဘောထား ကွဲလွဲမှုတွေ အများကြီးရှိနေတာပါ။
ပြီးခဲ့တဲ့ ဧပြီလက မန္တလေးကျုံးမြို့ရိုးရဲ့ အပြိုအပျက်တွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သူတို့ လုပ်နေကျ ပုံစံအတိုင်း အုတ်အကျိုးအပဲ့တွေကို လက်ဆင့်ကမ်းသယ်ပြီး ရှင်းလင်းနေတဲ့ မြင်ကွင်းကို သူတို့ရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ မြင်တွေ့ခဲ့ရပါတယ်။
ဒီလို မြင်ကွင်းမျိုး မြင်တွေ့ပြီးနောက်မှာတော့ ပျက်စီးသွားတဲ့ ရှေးဟောင်းအဆောက်အအုံတွေကို ပြုပြင်ထိန်းသိမ်းတဲ့အခါ မြန်မြန်ဆန်ဆန် အသစ်တည်ဆောက်တာတွေ မလုပ်သင့်ဘူးလို့လည်း ဝေဖန်မှုတွေ မြင့်မားခဲ့ပါတယ်။
ငလျင်ဖြစ်ပြီး ဧပြီလဆန်းပိုင်းကစလို့ စစ်ကောင်စီပိုင် ကြေးမုံသတင်းစာမှာလည်း နေ့စဉ်နေ့တိုင်း ငလျင်ကြောင့် ပျက်စီးသွားတဲ့ ရှေးဟောင်းအမွေအနှစ်တွေနဲ့ ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်နေကြောင်းကို ဓါတ်ပုံတွေ ဝေဝေဆာဆာနဲ့ ဖော်ပြနေတာပါ။
နည်းစနစ်ကျစွာ ပြန်လည်ပြုပြင်ထိန်းသိမ်းရန် လိုအပ်
ငလျင်ကြောင့် ပျက်စီးသွားတဲ့ ရှေးဟောင်းအဆောက်အအုံတွေကို အလျင်စလို ရှင်းလင်းရေး မလုပ်တာက အနုပညာလက်ရာမြောက်တဲ့ တန်ဖိုးကြီး အဆင်တန်ဆာတွေကို ပျက်စီးစေတယ်လို့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းတွေကို နှစ်ပေါင်းများစွာကြာ တစိုက်မတ်မတ် လုပ်ကိုင်လာတဲ့ ဗိသုကာပညာရှင် ဒေါ်မိုးမိုးလွင်က ထောက်ပြပါတယ်။
သဘာဝဘေးအန္တရာယ်ကြောင့် ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးသွားပေမယ့် ထပ်မံ ဆုံးရှုံးမှုတွေ မကြုံရအောင် ပြိုကျသမျှ အစိတ်အပိုင်းတွေကို အမှတ်အသားနဲ့ သေချာသိမ်းဆည်းသင့်တယ်လို့လည်း သူက အကြံပြုပါတယ်။
ဒါ့အပြင် ပြိုကျတဲ့ အစိတ်အပိုင်းတွေကို သိမ်းဆည်းရာမှာလည်း ဟိုနေရာ ရွှေ့လိုက်၊ ဒီနေရာရွှေ့လိုက် မသိမ်းဆည်းဘဲ နေရာတစ်ခု သေချာသတ်မှတ်ကာ လုပ်ဆောင်သင့်တယ်လို့ ဗိသုကာပညာရှင်တွေက ပြောထားပါသေးတယ်။
ဒါမှသာ ပြုပြင်တဲ့အခါ စနစ်တကျ ပြန်လည်တပ်ဆင်နိုင်မှာဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုတွေ ကြုံခဲ့ရပေမယ့် နောင်တစ်ချိန်မှာ မျိုးဆက်သစ်တွေကို ပြသစရာ သမိုင်းမှတ်တမ်းကျန်နေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အရေးကြီးဦးစားပေးအဆင့်အဖြစ် သတ်မှတ်ထားချက်များဟာ ရှေး/သု ဌာနမှာ ရှိပြီးဖြစ်ပါလိမ့်မယ်။ အရေးပါရင် ပါသလို ပြုပြင်ထိန်းသိမ်းတဲ့ နည်းလမ်းမှန်ရမယ်။ အနုလက်ရာ အသေးစိတ် ပြုပြင်မှုနဲ့ နည်းနာတွေ၊ ကျွမ်းကျင်မှု လိုအပ်ချက်တွေမှာ တစ်ခုနဲ့ တစ်ခု ကွာခြားနိုင်တယ်။ အရေးကြီးမှုကို အရင်က မသိခဲ့ဘဲ တိမ်မြုပ်ပျောက်ကွယ်နေခဲ့တာတွေလည်း အခုမှ ပြန်ပေါ်လာတာတွေ ရှိနိုင်ပါတယ်။ ဒီလိုလက်ရာကောင်းတွေ မပျောက်ရှရအောင် ဂရုစိုက်ဖို့က အရေးကြီးပါတယ်” လို့ ဗိသုကာပညာရှင် ဒေါ်မိုးမိုးလွင်က ပြောပါတယ်။
ဒီလို ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွေကို ရှင်းလင်းတာ၊ ပြုပြင်တာနဲ့ ထိန်းသိမ်းတာတွေ လုပ်ဆောင်တဲ့အခါမှာ လိုက်နာသင့်တဲ့ အချက်တွေကို ဗိသုကာပညာရှင်တွေက ဝေဖန်ထောက်ပြနေကြတာပါ။
“ရှေးဟောင်းအမွေအနှစ်ကို ပြင်ဆင်တယ်ဆိုတဲ့ အရာမှာ ကျွန်တော်တို့ နိုင်ငံမှ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ ဖြစ်ဖူးပါတယ်။ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားတယ်ဆိုရင် ပညာရှင်တွေနဲ့ ပြုပြင်သင့်တယ်။ စမ်းသပ် စစ်ဆေးတာတွေ လုပ်ရပါတယ်။ အဲဒါကနေပြီးတော့မှ ပညာရှင်နဲ့ တိုင်ပင်ပြီးတော့မှ ရှေးမူမပျက် နည်းပညာအားဖြင့်လည်း ကျန်တဲ့ အဆောက်အအုံတွေကို ထိခိုက်မှု မရှိစေဘဲ ဆက်လက်ပြီးတော့ တည်ရှိအောင် နည်းပေါင်းမျိုးစုံနဲ့ လုပ်ပြီးတော့ UNESCO နဲ့ ပူးပေါင်းဆောင်ရွက်လေ့ရှိပါတယ်” လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် မန္တလေးတက္ကသိုလ်ရဲ့ ပင်မအဆောက်အအုံကိုလည်း မူလအတိုင်း ပြန်လည်တည်ဆောက်နေကြတယ် လို့ မန္တလေးမြို့ခံဆီက သိရပါတယ်၊
ဝါရင့်စာရေးဆရာကတော့ မန္တလေးရဲ့ အငွေ့အသက်တွေ ရောနှောခံရတာနဲ့ ပတ်သက်ပြီး “သေချာတာကတော့ မူလပုံစံအတိုင်း တည်ဆောက်လို့ ပြီးသွားရင် မူလပစ္စည်းတော့ မဟုတ်တော့ဘူးပေါ့ဗျာ။ တန်ဖိုးတော့ လျော့သွားတာပေါ့” လို့ လေသံမှန်မှန်လေးနဲ့ တွေးတွေးဆဆ ပြောတာပါ။
ငလျင်ကြောင့် ပျက်စီးသွားတဲ့ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွေကို ပြုပြင်ထိန်းသိမ်းတဲ့အခါမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ရေရှည်ထိန်းသိမ်းစောင့်ရှောက်တဲ့ အစီအစဉ်တွေကိုပါ ထည့်သွင်းရေးဆွဲသင့် တယ်လို့ ဗိသုကာပညာရှင်တွေက ‌ထောက်ပြကြပါတယ်။
“မူလရိုးရာ နည်းလမ်းတွေကို သုံးတာ စရိတ်နည်းပြီး အမှား အနည်းဆုံး ဖြစ်ပါတယ်။ရှေးအမွေအနှစ်တွေကို ခေတ်အဆက်ဆက် အဆင့်ဆင့်ပြင်ဆင်လာရာမှာ ဘိလပ်မြေကို လှိုင်လှိုင်သုံးလာတဲ့ ခေတ်ရောက်လာတော့ မူလ အုတ်တွေအတွက် သဘာဝလေဝင်လေထွက်နဲ့ ကြာရှည်ခံနိုင်တဲ့နည်းလမ်းကို ထိခိုက်စေပြီး အုတ်တွေကို ဆွေးသွားစေတယ်။ ပျက်စီးလွယ်တာတွေဖြစ်စေတယ်။ ဒါကြောင့် သရွတ်အနေနဲ့ ထုံးကိုပဲ အားပြုသုံးခြင်း၊ ခေတ်ပေါ် သုတ်ဆေး ရွှေဆေးတွေ အသုံးမပြုခြင်း၊ ရယ်ဒီမိတ် အချိုးအစားမကျ ဝယ်တပ်တဲ့ အဆင်တန်ဆာတွေ မသုံးခြင်း စသဖြင့် အရေးကြီးပါတယ်” လို့ ဒေါ်မိုးမိုးလွင်က အကြံပြုပါတယ်။
နည်းစနစ်မမှန်တဲ့ ပြုပြင်ထိန်းသိမ်းမှုတွေက ခရီးသွားလုပ်ငန်းကို ထိခိုက်နိုင်
ခရီးသွားလုပ်ငန်းရှင် အမျိုးသားတစ်ဦးကတော့ မြန်မာလူမျိုးတွေရဲ့ ဖြစ်တည်မှု သမိုင်းမှတ်တမ်းတွေနဲ့ ယဉ်ကျေးမှုတွေကို ဖော်ညွှန်းပြသနေတဲ့ ဒီရှေးဟောင်း အဆောက်အအုံတွေကို နည်းစနစ်ကျစွာ ပြုပြင်ထိန်းသိမ်းနိုင်မှသာ ငလျင်နဲ့အတူ ပျက်စီးယိုယွင်းသွားတဲ့ ခရီးသွားလုပ်ငန်းက ပြန်လည် တည်မတ်လာနိုင်မယ်လို့ ဆိုပါတယ်။
“ချက်ချင်း ဝုန်းဒိုင်းဆို တည်ဆောက်စရာ မလိုပါဘူး။ ဒီအပေါ်မှာ ပညာရှင်တွေနဲ့ လုပ်တယ်ဆိုရင် ပညာရှင်တွေရဲ့ လမ်းညွှန်မှုအတိုင်းပဲ ကျွန်တော်တို့က လုပ်မယ်ဆိုရင်တော့ နဂိုမူလအတိုင်း ဖြစ်လာနိုင်တယ်ပေါ့” လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူက ဆိုပါတယ်။
ငလျင်ကြောင့် ပျက်စီးသွားတဲ့ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွေကို ပြုပြင်ထိန်းသိမ်းတဲ့အခါမှာ အိမ်နီးချင်းအာရှနိုင်ငံတွေကို အတုယူသင့်တယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ထောက်ပြပါတယ်။
အထူးသဖြင့် ၁၉၉၁ ခုနှစ်အထိ စစ်ပွဲဒဏ်ခံခဲ့ရတဲ့ ကမ္ဘောဒီးယားနိုင်ငံက စစ်ပွဲကြောင့် ရှေးဟောင်းအမွေ အနှစ်တွေ ထိခိုက်ပျက်စီးသွားပေမယ့် အန်ကောဝပ်ကို ထိန်းသိမ်းဖို့အတွက် နိုင်ငံတကာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (ICC-Angkor)၊ ပြင်သစ်၊ ဂျပန်၊ ဩစတေးလျနဲ့ အခြားနိုင်ငံတွေရဲ့ အကူအညီတွေကို ရယူခဲ့ပါတယ်။
ဒါကြောင့်ပဲ အန်ကောဝပ်က ၁၉၉၂ ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ်စာရင်း ( UNESCO ) ဝင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကတော့ ပုဂံက ၂၀၁၉ ခုနှစ်မှသာ ကမ္ဘာ့အမွေအနှစ်စာရင်း ( UNESCO ) ဝင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းမှုပိုင်းနဲ့ မှတ်တမ်းတင်မှုပိုင်းမှာ အားနည်းနေတာကို တွေ့မြင်ရမှာပါ။
ဒါကြောင့် စစ်ပွဲကြားမှာတောင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ခဲ့ပြီး ခရီးသွားလုပ်ငန်းက ရတဲ့ ဝင်ငွေက တိုင်းပြည်ရဲ့ အသားတင်ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းခန့် ရှိတယ်လို့ WFP ရဲ့ Travel and Tourism Development Index 2024 မှာ ဖော်ပြထားပါတယ်။
နှစ်တိုင်းလည်း ကမ္ဘောဒီးယားက နိုင်ငံခြားခရီးသည် တိုးမြှင့်ဝင်ရောက်နေတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် နိုင်ငံခြားသားခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ရှေးမူမပျက် ထိန်းသိမ်းသင့်တဲ့ အပြင် ရေရှည်ထိန်းသိမ်းတဲ့ လုပ်ငန်းတွေအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီတွေ ရယူသင့်တယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။
“ ရှေးမူမပျက် မဟုတ်ဘဲနဲ့ ရှေးဟောင်းနည်းနဲ့ မဟုတ်တော့ဘဲ တခြားနည်းနဲ့ ပြုပြင်လိုက်တယ်ဆိုရင် သူ့ရဲ့ အနှစ်သာရတန်ဖိုး ပျက်စီးသွားတယ်လို့ ကျွန်တော်တို့က ပြောလို့ရပါတယ်။ အဲဒီလို ပျက်စီးသွားရင် နိုင်ငံခြားသားတွေ ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ လက်ခံလေ့ မရှိပါဘူး” လို့ ခရီးသွားလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက မတ်လ ၂၈ ရက် ငလျင် လှုပ်ခတ်ပြီးနောက် သတင်းမီဒီယာတွေကို ပိတ်ဆို့ရင်း နိုင်ငံခြားတွေကို မြန်မာနိုင်ငံ ဝင်ရောက်ခွင့် ပိတ်ထားကာ မေလ ၈ ရက်မှ ပြန်လည် လည်ပတ်ခွင့်ပြုခဲ့ပါတယ်။ ဒီလို လည်ပတ်ခွင့်ပြုလိုက်ပေမယ့် လက်ရှိအချိန်အထိ ငလျင်ဒဏ်ခံစားရတဲ့ ဒေသတွေမှာ ရှင်းလင်းရေး လုပ်ငန်းတွေကိုတောင် အပြီးသတ် မလုပ်နိုင်သေးပါဘူး။
“ဒါပေမယ့် လုံခြုံရေးအတွက် အာမခံချက်ပေးနိုင်တဲ့ အခြေအနေဖြစ်မှသာ အာမခံချက် ပေးနိုင်မှသာ မြန်မာနိုင်ငံကို လာမှာ ဖြစ်ပါတယ်။ ခရီးသည်တွေ အကုန်လုံး စိတ်အပူဆုံးက သူတို့ရဲ့ ဘေးကင်းလုံခြုံရေးပါ။ အဲဒီလုံခြုံရေးကို ဘေးကင်းအောင် လုပ်ပေးနိုင်တယ်ဆိုရင်တော့ ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာမှာပါ” လို့ ခရီးသွားလုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။
၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံကို နိုင်ငံခြားသားခရီးသည် တစ်သန်းကျော် ဝင်ရောက်ခဲ့တယ်လို့ စစ်ကောင်စီပိုင် သတင်းစာတွေကနေ ထုတ်ပြန်ထားတာပါ။ ဒါပေမယိ့ ဒီအရေအတွက်က နယ်စပ်ကနေ ခေတ္တခဏ ဝင်ရောက်တဲ့ အရေအတွက်ကို ထည့်သွင်းထားတာဖြစ်ပြီး လေကြောင်းကနေ ဝင်ရောက်တဲ့ ခရီးသည်က သုံးသိန်းဝန်းကျင်ခန့်သာ ရှိခဲ့တယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
ကိုဗစ်မတိုင်ခင်ကာလတွေက မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအတွက် ရွှေရောင်နေ့ရက်တွေ ဖြစ်ခဲ့ပြီး တစ်နှစ်ကို နိုင်ငံခြားသားခရီးသည် ၄ ဒဿမ ၃ သန်းအထိ ဝင်ရောက်ခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ပဋိပက္ခနဲ့ လတ်တလောမှာ လှုပ်ခတ်သွားတဲ့ ငလျင်ဒဏ်ကြောင့် ပြည်သူတွေဟာ မတည်ငြိမ်ခြင်းတွေနဲ့အတူ လုံခြုံမှုကင်းမဲ့စွာ နေထိုင်နေကြရပါတယ်။
ဒီအခြေအနေတွေကြောင့် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွေကို နည်းစနစ်မှန်ကန်စွာ ပြန်လည် ထိန်းသိမ်းဖို့ စိန်ခေါ်မှုမျိုးစုံ ရင်ဆိုင်နေရသလို ဒီအမွေအနှစ်တွေကို အားထားပြီး ဝင်ငွေရှာရတဲ့ ခရီးသွားလုပ်ငန်းတွေဟာလည်း မသေချာမရေရာမှုတွေကို ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
** ဓါတ်ပုံများမှာ ငလျင်လှုပ်ခတ်ပြီးချိန်နှင့် ၂ လပြည့်အချိန်တွင် ထပ်မံရိုက်ကူးထားသော ပုံရိပ်များဖြစ်သည်။””
ဓါတ်ပုံ – Stringer/သံလွင်ခက်

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleလေကြောင်းအန္တရာယ်ကြောင့် သောင်ရင်းမြစ်ဘေးရှိ စစ်ရှောင်ကလေးများ ကျောင်းပြန်မတက်နိုင်
Next Article စစ်ဝါဒီတွေစိုးမိုးဗိုလ်ကျရာ အရှေ့တောင်အာရှ
thanlwinkhet
  • Website

Related Posts

ဘန်ကောက် ငလျင်ကြောင့် သေဆုံးသွားသူများအတွက် အလုပ်ရှင်မှ တစ်ဦးကို ဘတ် ၁ သန်းပေး

August 16, 2025

စစ်တွေတွင် ဒေသခံများ မကြာခဏ ဖမ်းဆီးခံနေရ

August 16, 2025

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် နေထိုင်သူများအား အလုပ်လုပ်ခွင့်ပြုမည်ဟုဆို

August 15, 2025

Leave A Reply Cancel Reply

Recent Posts

  • ဘန်ကောက် ငလျင်ကြောင့် သေဆုံးသွားသူများအတွက် အလုပ်ရှင်မှ တစ်ဦးကို ဘတ် ၁ သန်းပေး
  • စစ်တွေတွင် ဒေသခံများ မကြာခဏ ဖမ်းဆီးခံနေရ
  • ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် နေထိုင်သူများအား အလုပ်လုပ်ခွင့်ပြုမည်ဟုဆို
  • ဂေါ်ရခါးလူမျိုး ၈၄ ဦးအား TNLA ပြန်လွှတ်ပေး
  • မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ ကလေးငယ်များ အပါ ၁၀ ဦးထက်မနည်း သေဆုံး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဘန်ကောက် ငလျင်ကြောင့် သေဆုံးသွားသူများအတွက် အလုပ်ရှင်မှ တစ်ဦးကို ဘတ် ၁ သန်းပေး

စစ်တွေတွင် ဒေသခံများ မကြာခဏ ဖမ်းဆီးခံနေရ

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် နေထိုင်သူများအား အလုပ်လုပ်ခွင့်ပြုမည်ဟုဆို

ဂေါ်ရခါးလူမျိုး ၈၄ ဦးအား TNLA ပြန်လွှတ်ပေး

ယခင်သတင်းများ

  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဘန်ကောက် ငလျင်ကြောင့် သေဆုံးသွားသူများအတွက် အလုပ်ရှင်မှ တစ်ဦးကို ဘတ် ၁ သန်းပေး

August 16, 2025

စစ်တွေတွင် ဒေသခံများ မကြာခဏ ဖမ်းဆီးခံနေရ

August 16, 2025

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် နေထိုင်သူများအား အလုပ်လုပ်ခွင့်ပြုမည်ဟုဆို

August 15, 2025

ဂေါ်ရခါးလူမျိုး ၈၄ ဦးအား TNLA ပြန်လွှတ်ပေး

August 15, 2025

မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ ကလေးငယ်များ အပါ ၁၀ ဦးထက်မနည်း သေဆုံး

August 15, 2025

သံမဏိစက်ရုံတွင် တပ်စွဲထားသည့် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး သေဆုံး

August 14, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.