ယနေ့ နံနက်ပိုင်းမှ စတင်၍ KNLA တပ်များက မောင်းသူမဲ့ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက် ထိုးစစ်ဆင်မှုများနှင့်အတူ ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့နယ် သေ့ဘောဘိုးရွာအနီး တိုက်ပွဲပြင်းထန်နေပြီး လက်ရှိ စစ်ကောင်စီဘက်မှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။
ထို့ပြင် စစ်ကောင်စီတပ်ဘက်မှ ၎င်းတို့ အခြေစိုက်စခန်းကို ကာကွယ်ရန် အမြှောက်ကြီး ၁၆ ချက် ပစ်ခတ်ခဲ့သည်ဟုလည်း ထိုင်းမီဒီယာများက ဖော်ပြသည်။
တိုက်ပွဲအသံများကို နယ်စပ်တစ်လျှောက် ဖုပ်ဖရခရိုင်အတွင်းအထိ ရှင်းလင်းစွာ ကြားရသည်ဟု ဒေသခံများက ဆိုသည်။ ဖြစ်ပွားနေသော တိုက်ပွဲများမှာ ထိုင်းနယ်စပ်မှ ကီလိုမီတာခန့်အကွာ တာ့ခ်ခရိုင် ဖုပ်ဖရတစ်ဖက်တွင် ဖြစ်ပွားနေခြင်းဖြစ်သည်။
တိုက်ပွဲအခြေအနေကြောင့် မြန်မာဘက်မှ ဒေသခံစစ်ဘေးရှောင် ၅၀၉ ဦးသည် ဖုပ်ဖရခရိုင်အတွင်း ယာယီလုံခြုံသောနေရာ ၃ ခုတွင် ခိုလှုံနေကြရသည်ဟု ထိုင်းသတင်းဖော်ပြချက်များအရ သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA သည် ကရင်ပြည်နယ်အတွင်းမှ စစ်ကောင်စီတပ်သားများကို တိုက်ထုတ်လျက်ရှိရာ လက်ရှိတွင် မြဝတီတောင်ပိုင်းတွင် သေ့ဘောဘိုး၊ ဝေါလေဗျူဟာနှင့် စသည့် စစ်ကောင်စီတပ်စခန်းများကျန်ရှိပြီး ဝေါ်လေအကျော်တွင် ထီးကပလယ် စခန်း လေးခုသာ ကျန်ရှိတော့သည်။
ရုပ်သံ- စစ်ကောင်စီဘက်မှ သေ့ဘောဘိုးတိုက်ပွဲအတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ယနေ့ဆက်တိုက်လုပ်ဆောင်နေ။